[Zawgyi]




Dele Alli

Dele Alli


👁





မအေးသောင်း

မအေးသောင်း

နန်းခင်ဇေယျာ

နန်းခင်ဇေယျာ













Yoe Lu (Akhayar)

www.akhayar.com


[Unicode]

Dele Alli Challenge အောင်မြင်သွားကြတဲ့ ပြည်တွင်းအနုပညာရှင်များ

ကားပေါ်ကနေ ဆင်းဆင်းပြီး Drake ရဲ့ ‘In My Feelings’ သီချင်းနဲ့ ကကြတဲ့ KiKi Challenge က UK နဲ့ US တို့လို နိုင်ငံတွေမှာ ခေတ်ကုန်သွားတာ ကြာပါပြီနော်။ ခု သူတို့ဆီမှာ Dele Alli Challenge ဆိုတာလေး ခေတ်စားနေပါတယ်။

ဒီ Challenge ကို စတာကတော့ တော့တင်ဟမ်ဟော့စပါးဘောလုံးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား Deli Alli က နယူးကာဆယ်အသင်းကို အနိုင်ရတဲ့ ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပြီးတဲ့အခါ လက်ဟန်သင်္ကေတတစ်ခုနဲ့ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

Dele Alli

Dele Alli

ရုတ်တရက်ကြည့်ရင်တော့ ဒီလက်ပုံစံဟာ Ok ဆိုတဲ့ သင်္ကေတနဲ့ တူပြီး လိုက်လုပ်ဖို့ လွယ်တယ်ထင်ရပေမယ့် တကယ်လိုက်လုပ်ကြည့်ရင်တော့ လွယ်မယောင်နဲ့ ခက်ပါတယ်။

👁

A post shared by Dele (@dele) on

ဒါကြောင့်ပဲ သူတို့ဆီက ဆယ်လီဘရစ်တီတွေဟာ ဒီ လက်ပုံစံကို လိုက်လုပ်ကြည့်ခဲ့ပါတယ်၊ ရတဲ့သူက ရ၊ မရတဲ့သူကလည်း ခုထိ မရသေးပါဘူး။ မြန်မာပြည်က အနုပညာရှင်တွေမှာလည်း ဒီလို လိုက်လုပ်ကြည့်တဲ့သူတွေ ထွက်ပေါ်လာခဲ့ပြီး အောင်မြင်ခဲ့သူတွေကတော့

ဖြိုးပြည့်စုံ၊ ဘီလီလမင်းအေး၊ Jewel နဲ့ ခင်စုစုနိုင်

ဖြိုးပြည့်စုံ၊ ဘီလီလမင်းအေး၊ Jewel နဲ့ ခင်စုစုနိုင်

မအေးသောင်း

မအေးသောင်း

နန်းခင်ဇေယျာ

နန်းခင်ဇေယျာ

အဆိုတော် ဖြိုးပြည့်စုံ၊ ဘီလီလမင်းအေး ၊ Jewel ၊ ခင်စုစုနိုင်တို့ပါသလို မော်ဒယ်လ်မင်းသမီး မအေးသောင်းနဲ့ နန်းခင်ဇေယျာတို့လည်းပါဝင်ပါတယ်။

ပရိသတ်ကြီးလည်း သူတို့ကို အားကျလို့ လိုက်လုပ်ကြည့်တော့မယ်ဆိုရင်၊ ဒါမှမဟုတ်လည်း လုပ်နေရက်နဲ့ မရသေးဘူးဆိုရင် အခရာက လုပ်ပုံလုပ်နည်းလေးကို အခုလို မျှဝေချင်ပါတယ်။

လက်ကို အခုလို အိုကေ ပုံစံလုပ်လိုက်ပါ

လက်ကို အခုလို အိုကေ ပုံစံလုပ်လိုက်ပါ

အပေါ်ထောင်နေတဲ့ လက်သုံးချောင်းကို အခုလို အောက်ကို ချလိုက်ပါ

အပေါ်ထောင်နေတဲ့ လက်သုံးချောင်းကို အခုလို အောက်ကို ချလိုက်ပါ

ခုနလက်ပုံစံအတိုင်း အထက်အောက် ပြောင်းပြန်လှန်လိုက်ပါ

ခုနလက်ပုံစံအတိုင်း အထက်အောက် ပြောင်းပြန်လှန်လိုက်ပါ

ပြီးတာနဲ့ အဲဒီအပေါက်လေးအတိုင်း လက်ကို မျက်စိရှေ့ကပ်လိုက်ရင် အောင်မြင်ပါပြီ

ပြီးတာနဲ့ အဲဒီအပေါက်လေးအတိုင်း လက်ကို မျက်စိရှေ့ကပ်လိုက်ရင် အောင်မြင်ပါပြီ

ဒီအောက်က Video လေးမှာလည်း လုပ်ပုံလုပ်နည်းကို ကြည့်လို့ ရသလို ဘယ်လိုတွေ လွဲသလဲဆိုတဲ့ ဟာသလေးတွေလည်း ကြည့်လိုက်ပါဦး။

လိုက်လုပ်ကြည့်လို့ ရသွားပြီဆိုရင်လည်း ရသွားတဲ့ ပုံတွေကို Comment Box မှာ မျှဝေပေးခဲ့ပါဦးနော်။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider

Photo Credit : Phyo Pyae Sone ၊ Aye Thaung ၊ Nang Khin Zayar’s Facebook Account