[Zawgyi]

ေဘာလုံးေလာကကုိ စြန္႔ခြာလုနီးပါးျဖစ္ခဲ့ၿပီးမွ ကမၻာ႔အဆင့္စာရင္း၀င္ဂုိးသမားျဖစ္ေအာင္ ႀကိဳးစားခဲ့တဲ့ Alisson

ဂုိးသမားတစ္ဦးကုိ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူတာက ေဘာလုံးေလာကမွာ ရွားရွားပါးပါးျဖစ္ရပ္ပါ။ ၂၀၀၁ ခုႏွစ္တုန္းက ပါးမားဂုိးသမား ဘူဖြန္ Buffon ကုိ ဂ်ဴဗင္တပ္စ္အသငး္က ေပါင္(၃၂.၆)သန္းနဲ႔ေခၚယူခဲ့တာက ဂုိးသမားေတြထဲမွာ စံခ်ိန္တင္ျဖစ္ခဲ့ၿပီး အဲဒီမွတ္တမ္းက (၁၆)ႏွစ္အထိၾကာျမင့္ခဲ့ၿပီးမွ ၂၀၁၇ ခုႏွစ္မွာ မန္စီးတီးဂုိးသမား အီဒါဆင္ Ederson က ခ်ိဳးဖ်က္ခဲ့တယ္။ ဒါေပမဲ့ (၁)ႏွစ္အၾကာမွာပဲ လီဗာပူးလ္ Liverpool အသင္းက ႐ုိးမားဂုိးသမား အယ္လစ္ဆန္ Alisson က ေပါင္(၆၇)သန္းနဲ႔ ထပ္ၿပီးခ်ိဳးဖ်က္ႏုိင္ခဲ့တယ္။ ကမၻာ႔စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးပုိင္ရွင္ ဂုိးသမားတစ္ဦးျဖစ္ခ့ဲတဲ့ အယ္လစ္ဆန္ဟာ အခက္အခဲ၊ စိန္ေခၚမႈေတြ အမ်ားႀကီးကုိ ေက်ာ္ျဖတ္ခဲ့ၿပီးမွ အခုလုိအေနအထား ေရာက္ရွိခဲ့တာပါ။ လက္ရွိ အယ္လစ္ဆန္က အရပ္(၆’၇”)အထိရွိေနေပမယ့္ လြန္ခဲ့တဲ့(၁၀)ႏွစ္ေလာက္က ပုံစံကုိေတြ႕ရင္ ပရိသတ္ေတြ မွတ္မိမွာေတာင္ မဟုတ္ေလာက္ဘူး။

Alisson-was-deemed-to-be-too-small-and-fat-to-make-it-as-a-professional

Alisson-was-deemed-to-be-too-small-and-fat-to-make-it-as-a-professional

အယ္လစ္ဆန္ (၁၅)ႏွစ္အရြယ္ေလာက္ကေပါ့၊ သူက အရပ္ပုပု ခပ္၀၀၊ ဘယ္လုိမွကုိ ဂုိးသမားဆုိက္ဒ္ မေပါက္တာပါ။ အဲဒီတုန္းက အယ္လစ္ဆန္ဟာ ဘရာဇီးလ္ကလပ္ အင္တာေနစီယြန္နယ္ လူငယ္အသင္းမွာ ကစားေနတာပါ။ ငယ္ငယ္တုန္းက ကြတ္ကီးေတြ၊ Soft Drink ေတြကုိ အလြန္အက်ဴးႀကိဳက္ႏွစ္သက္ခဲ့တာေၾကာင့္ ခႏၶာကုိယ္ဖြံ႕ၿဖိဳးမႈေႏွးေကြးခဲ့ရတယ္။ သူ႔ရဲ႕မိသားစုကလည္း သာမန္ လူလတ္တန္းစားေတြျဖစ္တာေၾကာင့္ အယ္လစ္ဆန္ကုိ ေဘာလုံးဆက္မကစားဘဲ ပညာေရးကုိသာ အာ႐ုံစုိက္ဖုိ႔အတြက္ ဖိအားေပးပါေတာ့တယ္။ အဲဒီအခ်ိန္မွာပဲ အယ္လစ္ဆန္ရဲ႕ဘ၀ကုိ အေျပာင္းအလဲျဖစ္ေစမယ့္ ပဲ့ကုိင္ရွင္တစ္ဦး ထြက္ေပၚလာခဲ့တယ္။

Alisson-and-Daniel-Pavan

Alisson-and-Daniel-Pavan

သူကေတာ့ အင္တာေနစီယြန္နယ္အသင္းရဲ႕ ဂုိးနည္းျပ ဒန္နီယဲလ္ပါဗန္ Daniel Pavan ဆုိသူပါပဲ။ ပါဗန္က အယ္လစ္ဆန္ကုိ အနည္းဆုံး(၁)ႏွစ္ေလာက္ပဲျဖစ္ျဖစ္ အင္တာေနစီယြန္နယ္ အကယ္ဒမီမွာ ဆက္ထားဖုိ႔ သူ႔မိဘေတြဆီ ခြင့္ေတာင္းခဲ့ၿပီး အဲဒီအခ်ိန္အပုိင္းအျခားက အယ္လစ္ဆန္ကုိ အခုလုိအဆင့္အထိေရာက္ေအာင္ ဖန္တီးေပးခဲ့တာပဲျဖစ္ပါတယ္။ အယ္လစ္ဆန္ရဲ႕ လက္ရွိအေနအထားနဲ႔ပတ္သကၿပီး ပါဗန္က”ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အယ္လစ္ဆန္ ပါ၀င္ယွဥ္ၿပိဳင္ခြင့္ရခဲ့တာ၊ အဆုိရင္ ကမၻာ႔ထိပ္သီးစာရင္း၀င္ အသင္းတစ္သင္းမွာ ကစားခြင့္ရခဲ့တာေတြကုိ ေတြ႕ရေတာ့ ကၽြန္ေတာ္ တကယ္၀မ္းေျမာက္ဂုဏ္ယူမိပါတယ္။ ငယ္ငယ္တုန္းက အယ္လစ္ဆန္ရဲ႕ခႏၶာကုိယ္ဖံြ႕ၿဖိဳးမႈ ေႏွးေကြးခဲ့ေပမယ့္ သူဟာ တစ္ခ်ိန္ခ်ိန္မွာ ထိပ္တန္းအဆင့္ဂုိးသမားျဖစ္လာမယ္လုိ႔ ကၽြန္ေတာ္ ယုံၾကည္ခဲ့ပါတယ္။ (၁)ႏွစ္ေလာက္အၾကာမွာပဲ သူ႔အရပ္က (၆’၅”)အထိ ျမင့္မားလာတယ္လုိ႔ သိခဲ့ရၿပီး အဲဒီအခ်ိန္ကစလုိ႔ သူ႔ရဲ႕တိုးတက္မႈက မယုံႏုိင္ေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္”လုိ႔ေျပာၾကားခဲ့တယ္။

Alisson-starred-for-Brazil-at-the-World-Cup-in-Russia-this-summer

Alisson-starred-for-Brazil-at-the-World-Cup-in-Russia-this-summer

လူတစ္ေယာက္ရဲ႕ ကံၾကမၼာဆုိတာက ဘယ္သူမွ ႀကိဳတင္ခန္႔မွန္းလုိ႔ မရပါဘူး။ လူတစ္ဦး လက္ရွိအခ်ိန္မွာ ႐ုန္းကန္ေနရေပမယ့္ ေနာက္အနာဂတ္မွာ မထင္မွတ္ေလာက္တဲ့ အေျခအေနတစ္ခုကုိ ေရာက္ခ်င္ေရာက္သြားႏုိင္တာပဲ။ တစ္ခုေတာ့ရွိတယ္၊ ႀကိဳးစားအားထုတ္မႈ၊ ဇြဲ၊ လုံ႔လ၊ ေမွ်ာ္လင့္ခ်က္ေတြ ျပင္းထန္ဖုိ႔ေတာ့ လုိတာေပါ့။ တကယ္လုိ႔သာ အယ္လစ္ဆန္ရဲ႕မိဘေတြ သူတို႔သားျဖစ္သူကုိ ဂုိးသမားမလုပ္ခုိင္းေတာ့ရင္၊ တကယ္လုိ႔သာ ဒန္နီယဲလ္ပါဗန္ လုိ နည္းျပေကာင္းနဲ႔မေတြ႕ခဲ့ရင္၊ အယ္လစ္ဆန္ကုိယ္တိုင္ကလည္း ကုိယ့္ယုံၾကည္ခ်က္မႈကုိ လက္ေလွ်ာ႔ခဲ့မယ္ဆုိရင္ ကမၻာ႔အဆင့္ ဂုိးသမားတစ္ဦးျဖစ္လာဖုိ႔ မရွိပါဘူး။

Pavan-turned-Alissons-career-on-his-head-making-him-Roma-and-Brazils-first-choice

Pavan-turned-Alissons-career-on-his-head-making-him-Roma-and-Brazils-first-choice

အခု အယ္လစ္ဆန္ဟာ စိန္ေခၚမႈအသစ္ေတြနဲ႔ ထပ္ၿပီး ရင္ဆုိင္ရဦးမွာပါ။ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပုိင္ရွင္ ဂုိးသမားဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ ေလ်ာ္ညီတဲ့ စြမ္းေဆာင္မႈ၊ ေအာင္ျမင္မႈေတြ ေ၀းကြာေနတဲ့ လီဗာပူးလ္အသင္းအတြက္ တစ္ေက်ာ႔ျပန္ဆုဖလားေတြ ျပန္ရႏုိင္ေအာင္ စြမ္းေဆာင္ေပးရမယ့္တာ၀န္၊ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးထားေနတဲ့ လီဗာပူးလ္အသင္းနဲ႔ ပရိသတ္ေတြရဲ႕ ဆႏၵ ျပည့္ေစဖုိ႔ ေဆာင္ရြက္ရမယ့္တာ၀န္ စသျဖင့္ေပ့ါ။ ငယ္ငယ္ကတည္းက စိတ္ဓာတ္ျပင္းထန္တဲ့ အယ္လစ္ဆန္ အခု စိန္ေခၚမႈအသစ္ေတြကုိ ထပ္ၿပီး ေက်ာ္လႊားႏုိင္မလားဆုိတာကေတာ့ . .

REF:The Sun
Photo:The Sun,independent,Globo Esporte
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကကို စွန့်ခွာလုနီးပါးဖြစ်ခဲ့ပြီးမှ ကမ္ဘာ့အဆင့်စာရင်းဝင်ဂိုးသမားဖြစ်အောင် ကြိုးစားခဲ့တဲ့ Alisson

ဂိုးသမားတစ်ဦးကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတာက ဘောလုံးလောကမှာ ရှားရှားပါးပါးဖြစ်ရပ်ပါ။ ၂၀၀၁ ခုနှစ်တုန်းက ပါးမားဂိုးသမား ဘူဖွန် Buffon ကို ဂျူဗင်တပ်စ်အသင်းက ပေါင်(၃၂.၆)သန်းနဲ့ခေါ်ယူခဲ့တာက ဂိုးသမားတွေထဲမှာ စံချိန်တင်ဖြစ်ခဲ့ပြီး အဲဒီမှတ်တမ်းက (၁၆)နှစ်အထိကြာမြင့်ခဲ့ပြီးမှ ၂၀၁၇ ခုနှစ်မှာ မန်စီးတီးဂိုးသမား အီဒါဆင် Ederson က ချိုးဖျက်ခဲ့တယ်။ ဒါပေမဲ့ (၁)နှစ်အကြာမှာပဲ လီဗာပူးလ် Liverpool အသင်းက ရိုးမားဂိုးသမား အယ်လစ်ဆန် Alisson က ပေါင်(၆၇)သန်းနဲ့ ထပ်ပြီးချိုးဖျက်နိုင်ခဲ့တယ်။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် ဂိုးသမားတစ်ဦးဖြစ်ခဲ့တဲ့ အယ်လစ်ဆန်ဟာ အခက်အခဲ၊ စိန်ခေါ်မှုတွေ အများကြီးကို ကျော်ဖြတ်ခဲ့ပြီးမှ အခုလိုအနေအထား ရောက်ရှိခဲ့တာပါ။ လက်ရှိ အယ်လစ်ဆန်က အရပ်(၆’၇”)အထိရှိနေပေမယ့် လွန်ခဲ့တဲ့(၁၀)နှစ်လောက်က ပုံစံကိုတွေ့ရင် ပရိသတ်တွေ မှတ်မိမှာတောင် မဟုတ်လောက်ဘူး။

Alisson-was-deemed-to-be-too-small-and-fat-to-make-it-as-a-professional

Alisson-was-deemed-to-be-too-small-and-fat-to-make-it-as-a-professional

အယ်လစ်ဆန် (၁၅)နှစ်အရွယ်လောက်ကပေါ့၊ သူက အရပ်ပုပု ခပ်၀၀၊ ဘယ်လိုမှကို ဂိုးသမားဆိုက်ဒ် မပေါက်တာပါ။ အဲဒီတုန်းက အယ်လစ်ဆန်ဟာ ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ် လူငယ်အသင်းမှာ ကစားနေတာပါ။ ငယ်ငယ်တုန်းက ကွတ်ကီးတွေ၊ Soft Drink တွေကို အလွန်အကျူးကြိုက်နှစ်သက်ခဲ့တာကြောင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးခဲ့ရတယ်။ သူ့ရဲ့မိသားစုကလည်း သာမန် လူလတ်တန်းစားတွေဖြစ်တာကြောင့် အယ်လစ်ဆန်ကို ဘောလုံးဆက်မကစားဘဲ ပညာရေးကိုသာ အာရုံစိုက်ဖို့အတွက် ဖိအားပေးပါတော့တယ်။ အဲဒီအချိန်မှာပဲ အယ်လစ်ဆန်ရဲ့ဘဝကို အပြောင်းအလဲဖြစ်စေမယ့် ပဲ့ကိုင်ရှင်တစ်ဦး ထွက်ပေါ်လာခဲ့တယ်။

Alisson-and-Daniel-Pavan

Alisson-and-Daniel-Pavan

သူကတော့ အင်တာနေစီယွန်နယ်အသင်းရဲ့ ဂိုးနည်းပြ ဒန်နီယဲလ်ပါဗန် Daniel Pavan ဆိုသူပါပဲ။ ပါဗန်က အယ်လစ်ဆန်ကို အနည်းဆုံး(၁)နှစ်လောက်ပဲဖြစ်ဖြစ် အင်တာနေစီယွန်နယ် အကယ်ဒမီမှာ ဆက်ထားဖို့ သူ့မိဘတွေဆီ ခွင့်တောင်းခဲ့ပြီး အဲဒီအချိန်အပိုင်းအခြားက အယ်လစ်ဆန်ကို အခုလိုအဆင့်အထိရောက်အောင် ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ အယ်လစ်ဆန်ရဲ့ လက်ရှိအနေအထားနဲ့ပတ်သကပြီး ပါဗန်က”ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အယ်လစ်ဆန် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာ၊ အဆိုရင် ကမ္ဘာ့ထိပ်သီးစာရင်းဝင် အသင်းတစ်သင်းမှာ ကစားခွင့်ရခဲ့တာတွေကို တွေ့ရတော့ ကျွန်တော် တကယ်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ငယ်ငယ်တုန်းက အယ်လစ်ဆန်ရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးခဲ့ပေမယ့် သူဟာ တစ်ချိန်ချိန်မှာ ထိပ်တန်းအဆင့်ဂိုးသမားဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ (၁)နှစ်လောက်အကြာမှာပဲ သူ့အရပ်က (၆’၅”)အထိ မြင့်မားလာတယ်လို့ သိခဲ့ရပြီး အဲဒီအချိန်ကစလို့ သူ့ရဲ့တိုးတက်မှုက မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်”လို့ပြောကြားခဲ့တယ်။

Alisson-starred-for-Brazil-at-the-World-Cup-in-Russia-this-summer

Alisson-starred-for-Brazil-at-the-World-Cup-in-Russia-this-summer

လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာက ဘယ်သူမှ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ လူတစ်ဦး လက်ရှိအချိန်မှာ ရုန်းကန်နေရပေမယ့် နောက်အနာဂတ်မှာ မထင်မှတ်လောက်တဲ့ အခြေအနေတစ်ခုကို ရောက်ချင်ရောက်သွားနိုင်တာပဲ။ တစ်ခုတော့ရှိတယ်၊ ကြိုးစားအားထုတ်မှု၊ ဇွဲ၊ လုံ့လ၊ မျှော်လင့်ချက်တွေ ပြင်းထန်ဖို့တော့ လိုတာပေါ့။ တကယ်လို့သာ အယ်လစ်ဆန်ရဲ့မိဘတွေ သူတို့သားဖြစ်သူကို ဂိုးသမားမလုပ်ခိုင်းတော့ရင်၊ တကယ်လို့သာ ဒန်နီယဲလ်ပါဗန် လို နည်းပြကောင်းနဲ့မတွေ့ခဲ့ရင်၊ အယ်လစ်ဆန်ကိုယ်တိုင်ကလည်း ကိုယ့်ယုံကြည်ချက်မှုကို လက်လျှော့ခဲ့မယ်ဆိုရင် ကမ္ဘာ့အဆင့် ဂိုးသမားတစ်ဦးဖြစ်လာဖို့ မရှိပါဘူး။

Pavan-turned-Alissons-career-on-his-head-making-him-Roma-and-Brazils-first-choice

Pavan-turned-Alissons-career-on-his-head-making-him-Roma-and-Brazils-first-choice

အခု အယ်လစ်ဆန်ဟာ စိန်ခေါ်မှုအသစ်တွေနဲ့ ထပ်ပြီး ရင်ဆိုင်ရဦးမှာပါ။ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ဂိုးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လျော်ညီတဲ့ စွမ်းဆောင်မှု၊ အောင်မြင်မှုတွေ ဝေးကွာနေတဲ့ လီဗာပူးလ်အသင်းအတွက် တစ်ကျော့ပြန်ဆုဖလားတွေ ပြန်ရနိုင်အောင် စွမ်းဆောင်ပေးရမယ့်တာဝန်၊ မျှော်လင့်ချက်တွေ အများကြီးထားနေတဲ့ လီဗာပူးလ်အသင်းနဲ့ ပရိသတ်တွေရဲ့ ဆန္ဒ ပြည့်စေဖို့ ဆောင်ရွက်ရမယ့်တာဝန် စသဖြင့်ပေ့ါ။ ငယ်ငယ်ကတည်းက စိတ်ဓာတ်ပြင်းထန်တဲ့ အယ်လစ်ဆန် အခု စိန်ခေါ်မှုအသစ်တွေကို ထပ်ပြီး ကျော်လွှားနိုင်မလားဆိုတာကတော့ . .

REF:The Sun
Photo:The Sun,independent,Globo Esporte
Naing Linn(Akhayar)
www.akhayar.com