[Zawgyi]

ေအာင္ျမင္မႈဆုဖလားေတြကသာ အမွတ္ရစရာ

လီဗာပူးလ္နည္းျပေဟာင္း ဘင္နီတက္ဇ္ Benitez က လက္ရွိလီဗာပူးလ္အသင္းဟာ ေဖ်ာ္ေျဖေရးဆန္ပါတယ္။ ဒါေပမဲ့ အဲဒီေဖ်ာ္ေျဖေရးဆန္ဆန္ကစားဟန္ထက္ ဆုဖလားေအာင္ျမင္မႈေတြကသာ ပိုလို႔အေရးပါ၊ လူေတြက ပိုလို႔အမွတ္ရတတ္တယ္လို႔ ေျပာခဲ့ပါတယ္။ လီဗာပူးလ္အသင္းနဲ႔အတူ ၂၀၀၅ ခ်န္ပီယံလိဂ္ဖလားကို ဂုဏ္ယူဖြယ္ပိုင္ဆုိင္ခဲ့ဖူးသူ ဘင္နီတက္ဇ္က ခ်န္ပီယံလိဂ္ဖလားပုိင္ဆုိင္ခဲ့တဲ့ ရာသီထက္ ၂၀၀၈-၀၉ ေဘာလံုးရာသီက သူ႕ရဲ႕လီဗာပူးလ္အသင္းကို ပိုၿပီးသေဘာက်တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

၂၀၀၈-၀၉ေဘာလံုးရာသီမွာ လီဗာပူးလ္ဟာ ဂ်ရတ္ Gerrard ၊ ေတာရက္စ္ Torres ၊ မာေရွရာႏုိ Marcherano ၊ လူးကပ္စ္ Lucas စတဲ့ၾကယ္ပြင့္မ်ားစြာရဲ႕ အလင္းနဲ႔အတူ Offensive Football ကိုပံုေဖာ္ခဲ့တယ္။ ရီးယဲလ္၊ မန္ခ်က္စတာယူႏုိက္တက္တို႔လိုအသင္းေတြအပါအ၀င္ ပြဲအမ်ားစုမွာ လီဗာပူးလ္ရဲ႕ တုိက္စစ္ေတးသြားဟာ ထက္ျမက္ၿပီးေဖ်ာ္ေျဖေရးဆန္ခဲ့ပါတယ္။ လက္ရွိလီဗာပူးလ္အသင္းလုိေပါ့။ ဒါေပမဲ့ သူတို႔ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ပုိင္ဆုိင္ခြင့္မရခဲ့ဘူး။ ရမွတ္ (၈၁)မိနစ္နဲ႔ ဒုတိယေနရာကိုသာ ပိုင္ဆုိင္ခဲ့ရတယ္။

ဘင္နီတက္ဇ္ “ အခ်ိန္ၾကာလာရင္ ဂိုးျပတ္ႏုိင္ပြဲေတြအေၾကာင္း ဘယ္သူမွ မေျပာေတာ့ဘူး။ ဆုဖလားေအာင္ျမင္မႈေတြကိုသာ အမွတ္ရေနၾကတာ၊ တုိက္စစ္ကစားပံုေကာင္းမြန္မႈဟာ အေရးႀကီးပါတယ္။ ဒါေပမဲ့ ဆုဖလားေအာင္ျမင္မႈေတြကိုလည္း ရယူဖို႔လိုအပ္တယ္။ လက္ရွိလီဗာပူးလ္အသင္းကလည္ တုိက္စစ္ထက္ျမက္ေနၿပီး အလားအလာေကာင္းေတြရွိေနတယ္။ သူတို႔ကစားတာကို ကၽြန္ေတာ္သေဘာက်ပါတယ္။ ႐ုပ္ပိုင္းဆုိင္ရာ ႀကံ့ခုိင္ၿပီး ႀကိဳးစားကစားတတ္တယ္။ ဆာလာ Salah၊ မာေနး Mane၊ ေဖမီႏုိ Firmino တို႔ဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးတုိက္စစ္အစုအဖြဲ႕ပါပဲ။ ဒါေပမဲ့ ဆုဖလားေတြမရခဲ့ဘူးဆိုရင္ သူတို႔စြမ္းေဆာင္ထားသမွ်ဟာ အလကားျဖစ္သြားမယ္” လို႔ ေျပာခဲ့ပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အောင်မြင်မှုဆုဖလားတွေကသာ အမှတ်ရစရာ

လီဗာပူးလ်နည်းပြဟောင်း ဘင်နီတက်ဇ် Benitez က လက်ရှိလီဗာပူးလ်အသင်းဟာ ဖျော်ဖြေရေးဆန်ပါတယ်။ ဒါပေမဲ့ အဲဒီဖျော်ဖြေရေးဆန်ဆန်ကစားဟန်ထက် ဆုဖလားအောင်မြင်မှုတွေကသာ ပိုလို့အရေးပါ၊ လူတွေက ပိုလို့အမှတ်ရတတ်တယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့အတူ ၂၀၀၅ ချန်ပီယံလိဂ်ဖလားကို ဂုဏ်ယူဖွယ်ပိုင်ဆိုင်ခဲ့ဖူးသူ ဘင်နီတက်ဇ်က ချန်ပီယံလိဂ်ဖလားပိုင်ဆိုင်ခဲ့တဲ့ ရာသီထက် ၂၀၀၈-၀၉ ဘောလုံးရာသီက သူ့ရဲ့လီဗာပူးလ်အသင်းကို ပိုပြီးသဘောကျတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

၂၀၀၈-၀၉ဘောလုံးရာသီမှာ လီဗာပူးလ်ဟာ ဂျရတ် Gerrard ၊ တောရက်စ် Torres ၊ မာရှေရာနို Marcherano ၊ လူးကပ်စ် Lucas စတဲ့ကြယ်ပွင့်များစွာရဲ့ အလင်းနဲ့အတူ Offensive Football ကိုပုံဖော်ခဲ့တယ်။ ရီးယဲလ်၊ မန်ချက်စတာယူနိုက်တက်တို့လိုအသင်းတွေအပါအဝင် ပွဲအများစုမှာ လီဗာပူးလ်ရဲ့ တိုက်စစ်တေးသွားဟာ ထက်မြက်ပြီးဖျော်ဖြေရေးဆန်ခဲ့ပါတယ်။ လက်ရှိလီဗာပူးလ်အသင်းလိုပေါ့။ ဒါပေမဲ့ သူတို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ခွင့်မရခဲ့ဘူး။ ရမှတ် (၈၁)မိနစ်နဲ့ ဒုတိယနေရာကိုသာ ပိုင်ဆိုင်ခဲ့ရတယ်။

ဘင်နီတက်ဇ် “ အချိန်ကြာလာရင် ဂိုးပြတ်နိုင်ပွဲတွေအကြောင်း ဘယ်သူမှ မပြောတော့ဘူး။ ဆုဖလားအောင်မြင်မှုတွေကိုသာ အမှတ်ရနေကြတာ၊ တိုက်စစ်ကစားပုံကောင်းမွန်မှုဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ ဆုဖလားအောင်မြင်မှုတွေကိုလည်း ရယူဖို့လိုအပ်တယ်။ လက်ရှိလီဗာပူးလ်အသင်းကလည် တိုက်စစ်ထက်မြက်နေပြီး အလားအလာကောင်းတွေရှိနေတယ်။ သူတို့ကစားတာကို ကျွန်တော်သဘောကျပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ကြိုးစားကစားတတ်တယ်။ ဆာလာ Salah၊ မာနေး Mane၊ ဖေမီနို Firmino တို့ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်အစုအဖွဲ့ပါပဲ။ ဒါပေမဲ့ ဆုဖလားတွေမရခဲ့ဘူးဆိုရင် သူတို့စွမ်းဆောင်ထားသမျှဟာ အလကားဖြစ်သွားမယ်” လို့ ပြောခဲ့ပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။