[Zawgyi]

အျပန္အလွန္ တိုက္စစ္ဆင္ကစားရင္း သေရတစ္မွတ္ ခဲြယူခဲ့ၾကတဲ့ လီဗာပူးလ္နဲ႔ မန္စီးတီး

ပရီးမီးယားလိဂ္ ပဲြစဥ္(၈) တနဂၤေႏြေန႔ရဲ႕ အေကာင္းဆုံးပဲြစဥ္ျဖစ္တဲဲ့ လီဗာပူးလ္နဲ႔ မန္စီးတီးပဲြမွာေတာ့ အျပန္အလွန္ တိုက္စစ္ဆင္ကစားခ့ဲေပမယ့္ ဂုိးမသြင္းႏုိင္ခဲ့ဘဲ တစ္မွတ္စီ ခဲြယူခဲ့ၾကပါတယ္။ မန္စီးတီးအသင္းနည္းျပ ဂြါဒီယုိလာ Guardiola ဟာ ယာဂန္ကေလာ့ပ္ Jurgen Klopp ကုိ အသာရဖုိ႔အတြက္ အဓိက ကစားသမား အစုံအလင္နဲ႔ ပဲြထြက္လာခဲ့ၿပီး ယာဂန္ကေလာ့ပ္ကလည္း ပုံမွန္အတိုင္း တိုက္စစ္အသားေပး ပုံစံနဲ႔ (၄-၃-၃) ကစားကြက္ကုိ အသုံးျပဳခဲ့တယ္။

Sane-Against-Van-Dijk

Sane-Against-Van-Dijk

ဒီပဲြမွာ ႏွစ္သင္းစလုံး Speed နဲ႔ Power ကုိ အဓိက အသုံးျပဳၿပီး ကစားခဲ့ေပမယ့္ ခံစစ္နဲ႔ ဂုိးသမားေတြ အမွားမရွိလုိ႔ ဂုိးမရခဲ့တာပါ။ မန္စီးတီးအသင္း (၈၆)မိနစ္မွာ ပယ္နယ္တီ အခြင့္အေရး ရခဲ့ေပမယ့္ မာရက္ဇ္ Mahrez အသုံးမခ်ႏုိင္ခဲ့လုိ႔ အန္ဖီးလ္ကြင္းမွာ ႏုိင္ပဲြရမယ့္ အေျခအေနကုိ လဲြေခ်ာ္ခဲ့တယ္။ ဒီပဲြ သေရက်ခဲ့လုိ႔ လီဗာပူးလ္အသင္းဟာ ၂၀၀၃ ခုႏွစ္ေနာက္ပိုင္း အန္ဖီးလ္ကြင္းမွာ မန္စီးတီးကုိ မရႈံးဘူးတဲ့ စံခ်ိန္ ဆက္ထိန္းထားႏုိင္ဆဲျဖစ္ၿပီး အခုဆုိ မန္စီးတီး၊ လီဗာပူးလ္၊ ခ်ယ္လ္ဆီးအသင္းတို႔ ရမွတ္(၂၀)စီနဲ႔ အၿပိဳင္ျဖစ္ေနတဲ့အတြက္ ပရီးမီးယားလိဂ္ၿပိဳင္ပဲြကေတာ့ ပုိရင္ခုန္စရာေကာင္းလာပါၿပီ။

Photo:Guardian
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အပြန်အလှန် တိုက်စစ်ဆင်ကစားရင်း သရေတစ်မှတ် ခွဲယူခဲ့ကြတဲ့ လီဗာပူးလ်နဲ့ မန်စီးတီး

ပရီးမီးယားလိဂ် ပွဲစဉ်(၈) တနင်္ဂနွေနေ့ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးပွဲမှာတော့ အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘဲ တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ Guardiola ဟာ ယာဂန်ကလော့ပ် Jurgen Klopp ကို အသာရဖို့အတွက် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ယာဂန်ကလော့ပ်ကလည်း ပုံမှန်အတိုင်း တိုက်စစ်အသားပေး ပုံစံနဲ့ (၄-၃-၃) ကစားကွက်ကို အသုံးပြုခဲ့တယ်။

Sane-Against-Van-Dijk

Sane-Against-Van-Dijk

ဒီပွဲမှာ နှစ်သင်းစလုံး Speed နဲ့ Power ကို အဓိက အသုံးပြုပြီး ကစားခဲ့ပေမယ့် ခံစစ်နဲ့ ဂိုးသမားတွေ အမှားမရှိလို့ ဂိုးမရခဲ့တာပါ။ မန်စီးတီးအသင်း (၈၆)မိနစ်မှာ ပယ်နယ်တီ အခွင့်အရေး ရခဲ့ပေမယ့် မာရက်ဇ် Mahrez အသုံးမချနိုင်ခဲ့လို့ အန်ဖီးလ်ကွင်းမှာ နိုင်ပွဲရမယ့် အခြေအနေကို လွဲချော်ခဲ့တယ်။ ဒီပွဲ သရေကျခဲ့လို့ လီဗာပူးလ်အသင်းဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း အန်ဖီးလ်ကွင်းမှာ မန်စီးတီးကို မရှုံးဘူးတဲ့ စံချိန် ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး အခုဆို မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးအသင်းတို့ ရမှတ်(၂၀)စီနဲ့ အပြိုင်ဖြစ်နေတဲ့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ပိုရင်ခုန်စရာကောင်းလာပါပြီ။

Photo:Guardian
Naing Linn(Akhayar)
www.akhayar.com