[Zawgyi]

ထက္ျမက္ညီညြတ္စြာ ခ်ီတက္ေနေသာ တုိက္စစ္ေတးသြား

ေပၚတိုအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမတုိင္မီမွာ လီဗာပူးလ္အသင္းနည္းျပ ကေလာ့ပ္(Klopp)က စကားတစ္ခြန္းေျပာပါတယ္။ သူ႕ရဲ႕ လီဗာပူးလ္အသင္းဟာ PSG လိုတုိက္စစ္ၾကယ္ပြင့္ေတြနဲ႔ စုဖြဲ႕ထားတဲ့အသင္းကို ယွဥ္ၿပိဳင္အႏုိင္ယူစြမ္းရွိတာဆုိတာပဲ။ ကေလာ့ပ္ (Klopp)ရဲ႕ စကားကုိၾကားရသူအမ်ားစု က မယံုသကၤာမ်က္၀န္းေတြနဲ႔၊ တခ်ဳိ႕က ဒီစကားကို ေလွာင္ရယ္ခ်င္ရယ္ေနလိမ့္မယ္။ ဒါေပမဲ့ ေပၚတုိလို ဥေရာပအေတြ႕အႀကံဳရင့္အသင္းမ်ဳိးကို အေ၀းကြင္းမွာ (၅)ဂိုးျပတ္အႏုိင္ယူၿပီးခ်ိန္မွာေတာ့ ကေလာ့ပ္ (Klopp) ရဲ႕စကားဟာ ရယ္စရာသက္သက္မဟုတ္ေတာ့ဘူး။ ကေလာ့ပ္ (Klopp)ရဲ႕ hurricane-force front line ကို ဘယ္သူမွ အထင္မေသးရဲေတာ့ဘူး။ ကေလာ့ပ္ (Klopp)ရဲ႕တိုက္စစ္သူရဲေကာင္း (၃)ဦး ဆာလာ(Salah)၊ ေဖမီႏို(Firmino)၊ မာေနး(Mane)  တို႔ဟာ ေပၚတုိနဲ႔ပြဲအၿပီးမွာ (၆၃)ဂိုးသြင္းယူထားၿပီးပါၿပီ။ သူတုိ႔ရဲ႕တုိက္စစ္မုန္တုိင္းဟာ ဥေရာပၿပိဳင္ဘက္အသင္းေတြအတြက္ Sleepless Night အိပ္ေရးပ်က္ညမ်ားစြာကို ဖန္တီးေပးေနပါၿပီ။ လက္ရွိရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ သြင္းဂိုးအမ်ားဆံုးအသင္းအျဖစ္ ဂုဏ္၀င့္ထည္ေနပါၿပီ။

လီဗာပူးလ္ရဲ႕ ထက္ျမက္တုိက္စစ္

လီဗာပူးလ္ရဲ႕ ထက္ျမက္တုိက္စစ္

ဘာစီလိုနာမွာ မက္ဆီ (Messi) ၊ ဆြာရက္ဇ္ (Suarez)၊ ေနမာ (Neymar) MSN ေခတ္တစ္ေခတ္ကို တည္ေထာင္ႏုိင္ခဲ့သလုိမ်ဳိး လီဗာပူးလ္ရဲ႕ ဆာလာ(Salah)၊ ေဖမီႏို(Firmino)၊ မာေနး(Mane)တုိ႔ဟာ MSF တိုက္စစ္အတြဲကို ပံုေဖာ္ႏုိင္ေတာ့မွာလား။ ဗန္ဒုိက္ (Van Dijk) မတုိင္မီ လီဗာပူးလ္ရဲ႕ ေျပာင္းေရႊ႕ေၾကးအျမင့္မားဆံုးကစားသမား ဆာလာ(Salah) ကို ဘယ္သူမွအထင္မႀကီးခဲ့ပါဘူး။ ပရီးမီးယားလိဂ္ကေန မေအာင္ျမင္ဘဲ ေျပးထြက္ခဲ့ရသူတစ္ဦးဟာ ပရီးမီးယားလိဂ္ကို ဒုတိယအႀကိမ္ျပန္ေရာက္ခ်ိန္မွာ ဘာမ်ားထူးထူးျခားျခားျဖစ္လာမွာလဲဆုိၿပီး သံသယေမးခြန္းေတြ ဆာလာ(Salah) ရဲ႕ အနားေ၀့၀ဲေနခဲ့ပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာ ဆာလာ (Salah) က လီဗာပူးလ္အတြက္ ၿပိဳင္ပြဲစံုဂိုး(၃၀)ျပည့္ခဲ့ၿပီ။ ၁၈၉၆-၉၇ ေနာက္ပိုင္း၊ ႏွစ္ေပါင္း (၁၂၁)အတြင္း လီဗာပူးလ္အတြက္ ဂိုး(၃၀)အခ်ိ္န္အျမန္ဆံုးျပည့္သူအျဖစ္ စံခ်ိန္တင္ခဲ့ပါၿပီ။ ဆာလာ (Salah) ရဲ႕ လတ္တေလာျဖစ္တည္မႈဟာ သူ႕ရဲ႕ကံဇာတာအျမင့္ပိုင္းေရာက္ေနတာေၾကာင့္ပါလို႔ ထင္မွတ္သူေတြလည္း ရွိေနတယ္။ တစ္ရာသီစာေတာက္ပမႈလို႔ တံဆိပ္ကပ္သူေတြလည္း ရိွတယ္။ ဒါေပမဲ့ ဆာလာ (Salah) က ေ၀ဖန္သံေတြကို ဂ႐ုမစိုက္ဘူး။ သူ႕ရဲ႕ ထက္ျမက္အဆံုးသတ္စြမ္းရည္ကို ေဖာ္က်ဴးေနဆဲပဲ။ ပ်မ္းမွ်ဂိုးကန္သြင္းခ်က္ (၅)ႀကိမ္တုိင္းမွာ ဆာလာ (Salah) ဂိုးတစ္ဂိုးသြင္းယူထားပါတယ္။ ဒါဟာ ဥေရာပထိပ္တန္းလိဂ္(၅)ခုမွာ ဂိုးကန္သြင္းမႈနဲ႔ သြင္းဂိုးရရွိမႈ အခ်ဳိးႏႈန္းအေကာင္းဆံုးပါပဲ။ ေပၚတိုနဲ႔႔ပဲြတုန္းက ဆာလာ(Salah)ရဲ႕ ဂိုးက ဘယ္ေလာက္အဆင့္ျမင့္သလဲ။ တုိက္စစ္မွဴးေကာင္းတစ္ဦးမွာ ရွိရမယ့္ ေသြးေအးတည္ၿငိမ္မႈ၊ တစ္ဦးခ်င္းစြမ္းရည္၊ ေမွာ္ဆန္မႈကို ျမင္ရတယ္။ ေပၚတိုဂိုးသမားကို အသာအယာေက်ာ္လိုက္တယ္။ ေလထဲက ေဘာလံုးကို ေခါင္းနဲ႔ တစ္ခ်က္ထိန္းလိုက္တယ္။ ၿပီးေတာ့ ေပၚတုိေနာက္ခံလူေတြ မဖ်က္ထုတ္မီ ေအးေဆးသက္သာစြာအဆံုးသတ္လုိက္တယ္။ သူ႕ကို အီဂ်စ္မက္ဆီလို႔ တင္စားေနတာမလြန္ဘူးဆုိတာ ဒီဂိုးကသက္ေသပဲ။ ခ်န္ပီယံလိဂ္သမုိင္းမွာ ခဏခဏ Replay ျပန္ထုတ္လႊင့္ရမယ့္ ဂိုးတစ္ဂိုးလို႔လည္းဆုိႏုိင္ပါတယ္။

လီဗာပူးလ္သမုိင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္မွာ စတုတၳေျမာက္ ဟက္ထရစ္သြင္းခဲ့သူမာေနး (Mane)

လီဗာပူးလ္သမုိင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္မွာ စတုတၳေျမာက္ ဟက္ထရစ္သြင္းခဲ့သူမာေနး (Mane)

ဆာလာ(Salah)နဲ႔အတူ ေဖမီႏို(Firmino)၊ မာေနး(Mane)တို႔ကလည္း ညီညြတ္ျခင္းသံစဥ္ကို အတူတကြသီဆိုေနပါတယ္။ အရင္တုန္းက လီဗာပူးလ္ဟာ ေကာ္တင္ဟို (Coutinho) မရွိရင္ဆုိတဲ့အေတြးေၾကာင့္ ေခါင္းကိုက္ခဲ့ရဖူးတယ္။ ဒါေပမဲ့ အခု ေကာ္တင္ဟို (Coutinho) ကို ဘယ္သူက အသည္းအသန္လြမ္းေနဦးမွာလဲ။ ေဖမီႏို(Firmino)ရဲ႕အခန္းက႑က တစ္မူထူးျခားတယ္။ သင္တုန္းဓားလို တိက်ထက္ျမက္တဲ့ ဖန္တီးႏုိင္စြမ္း၊ ပံုံစံမ်ဳိးစံုနဲ႔ ဂိုးသြင္းယူႏုိင္စြမ္းေတြနဲ႔ ေဖမီႏုိ (Firmino) ဟာ လီဗာပူးလ္တုိက္စစ္ရဲ႕ ဒုိင္နမိုအင္ဂ်င္တစ္လံုးပါပဲ။ သူဟာ လက္ရွိရာသီခ်န္ပီယံလိ္ဂ္မွာ လီဗာပူးလ္အတြက္ (၇)ဂိုးသြငး္ထားၿပီး စီေရာ္နယ္လ္ဒုိ (C.Ronaldo) ၿပီးရင္ ဒုတိယအမ်ားဆံုးအျဖစ္ ဟာရီကိန္း (Harry Kane)နဲ႔အတူ ပူးတြဲရပ္တည္ေနတယ္။ ဒီရာသီမွာ လီဗာပူးလ္အတြက္ ၿပိဳင္ပြဲစံု (၂)ပြဲသာလြဲေခ်ာ္ခဲ့တာက ေဖမီႏုိ (Firmino)ရဲ႕ အေရးပါမႈကို သက္ေသျပေနတယ္။ မာေနး(Mane) က လီဗာပူးလ္တုိက္စစ္အတြက္ လာျခင္းေကာင္းသူဆိုတာ ၿပီးခဲ့တဲ့ရာသီမွာကတည္းက သက္ေသျပထားၿပီးသား၊ ဒဏ္ရာျပႆနာတခ်ဳိ႕ေၾကာင့္သာ သူ႕ရဲ႕ကိုယ္ေရာင္ကိုယ္၀ါ ေမွးမွိန္သလိုျဖစ္ေနရတာ။ ေပၚတုိနဲ႔ပြဲမွာ သူဟာ ဟက္ထရစ္သြင္းျပၿပီး သူ႕ကိုလည္း မေမ့ၾကနဲ႔လုိ႔ သတိေပးလိုက္ပါတယ္။ လီဗာပူးလ္အသင္းသမုိင္းတစ္ေလွ်ာက္ အို၀င္ (Owen)၊ ဘီနာေယာင္ (Benayoun)၊ ေကာ္တင္ဟို(Coutinho) တို႔ၿပီးရင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းယူႏုိင္တဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာခဲ့ပါၿပီ။

လီဗာပူးလ္ရဲ႕ တုိက္စစ္အလ်င္ႏႈန္းဟာ တစ္ဦးကိုတစ္ဦး တည္မွီၿပီးအက်ဳိးျပဳေနတယ္။ တုိက္စစ္ကစားသမား(၃)ဦးၾကား အျပန္အလွန္ဂိုးဖန္တီးေပးခဲ့တဲ့ပြဲဟာ (၁၇)ပြဲအထိ ရွိခဲ့ပါတယ္။ တစ္ဦးခ်င္းအရည္အေသြးျမင့္မားသလို၊ အသင္းအဖြဲ႕စိတ္ဓာတ္စုစည္းမႈကလည္း လီဗာပူးလ္တုိက္စစ္စက္၀န္းထဲ လည္ပတ္ေနတယ္။ ဒီစက္၀န္းဟာ ေအာင္ျမင္မႈနဲ႔ အနားမသတ္ႏုိင္ခဲ့ဘူးဆုိရင္ အရမ္းႏွေျမာစရာေကာင္းသြားမယ္။ ဒီရာသီ၊ ဒါမွမဟုတ္ လာမယ့္ရာသီေတြမွာ MSF တုိက္စစ္အတြဲဟာ ဆုဖလားေအာင္ျမင္မႈေတြကို ေထြးပိုက္ႏုိင္မွသာ သူတုိ႔အသံကုန္ထုတ္လႊင့္ထားသမွ် တုိက္စစ္ေတးသြားဟာ ပိုၿပီးဂုဏ္ယူစရာျဖစ္ေနမယ္။ ပိုၿပီးခ်ဳိၿမိန္ေနပါလိမ့္မယ္။

လီဗာပူးလ္တုိက္စစ္ကစားသမား(၃)ဦး၏ လက္ရွိရာသီစြမ္းေဆာင္ရည္

ေဖမီႏို (Firmino) (၃၇)ပြဲ၊ (၂၁)ဂိုး၊ ဂိုးဖန္တီးမႈ (၁၁)ႀကိမ္

ဆာလာ (Salah) (၃၆)ပဲြ၊ (၃၀) ဂိုး၊ ဂိုးဖန္တီးမႈ (၈) ႀကိမ္

မာေနး (Mane) (၂၈) ပြဲ၊ (၁၂) ဂိုး၊ ဂိုးဖန္တီးမႈ (၇)ႀကိမ္

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Unicode]

ထက်မြက်ညီညွတ်စွာ ချီတက်နေသော တိုက်စစ်တေးသွား

ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်မီမှာ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်(Klopp)က စကားတစ်ခွန်းပြောပါတယ်။ သူ့ရဲ့ လီဗာပူးလ်အသင်းဟာ PSG လိုတိုက်စစ်ကြယ်ပွင့်တွေနဲ့ စုဖွဲ့ထားတဲ့အသင်းကို ယှဉ်ပြိုင်အနိုင်ယူစွမ်းရှိတာဆိုတာပဲ။ ကလော့ပ် (Klopp)ရဲ့ စကားကိုကြားရသူအများစု က မယုံသင်္ကာမျက်ဝန်းတွေနဲ့၊ တချို့က ဒီစကားကို လှောင်ရယ်ချင်ရယ်နေလိမ့်မယ်။ ဒါပေမဲ့ ပေါ်တိုလို ဥရောပအတွေ့အကြုံရင့်အသင်းမျိုးကို အဝေးကွင်းမှာ (၅)ဂိုးပြတ်အနိုင်ယူပြီးချိန်မှာတော့ ကလော့ပ် (Klopp) ရဲ့စကားဟာ ရယ်စရာသက်သက်မဟုတ်တော့ဘူး။ ကလော့ပ် (Klopp)ရဲ့ hurricane-force front line ကို ဘယ်သူမှ အထင်မသေးရဲတော့ဘူး။ ကလော့ပ် (Klopp)ရဲ့တိုက်စစ်သူရဲကောင်း (၃)ဦး ဆာလာ(Salah)၊ ဖေမီနို(Firmino)၊ မာနေး(Mane)  တို့ဟာ ပေါ်တိုနဲ့ပွဲအပြီးမှာ (၆၃)ဂိုးသွင်းယူထားပြီးပါပြီ။ သူတို့ရဲ့တိုက်စစ်မုန်တိုင်းဟာ ဥရောပပြိုင်ဘက်အသင်းတွေအတွက် Sleepless Night အိပ်ရေးပျက်ညများစွာကို ဖန်တီးပေးနေပါပြီ။ လက်ရှိရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးအများဆုံးအသင်းအဖြစ် ဂုဏ်ဝင့်ထည်နေပါပြီ။

လီဗာပူးလ်ရဲ့ ထက်မြက်တိုက်စစ်

လီဗာပူးလ်ရဲ့ ထက်မြက်တိုက်စစ်

ဘာစီလိုနာမှာ မက်ဆီ (Messi) ၊ ဆွာရက်ဇ် (Suarez)၊ နေမာ (Neymar) MSN ခေတ်တစ်ခေတ်ကို တည်ထောင်နိုင်ခဲ့သလိုမျိုး လီဗာပူးလ်ရဲ့ ဆာလာ(Salah)၊ ဖေမီနို(Firmino)၊ မာနေး(Mane)တို့ဟာ MSF တိုက်စစ်အတွဲကို ပုံဖော်နိုင်တော့မှာလား။ ဗန်ဒိုက် (Van Dijk) မတိုင်မီ လီဗာပူးလ်ရဲ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမား ဆာလာ(Salah) ကို ဘယ်သူမှအထင်မကြီးခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကနေ မအောင်မြင်ဘဲ ပြေးထွက်ခဲ့ရသူတစ်ဦးဟာ ပရီးမီးယားလိဂ်ကို ဒုတိယအကြိမ်ပြန်ရောက်ချိန်မှာ ဘာများထူးထူးခြားခြားဖြစ်လာမှာလဲဆိုပြီး သံသယမေးခွန်းတွေ ဆာလာ(Salah) ရဲ့ အနားဝေ့၀ဲနေခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဆာလာ (Salah) က လီဗာပူးလ်အတွက် ပြိုင်ပွဲစုံဂိုး(၃၀)ပြည့်ခဲ့ပြီ။ ၁၈၉၆-၉၇ နောက်ပိုင်း၊ နှစ်ပေါင်း (၁၂၁)အတွင်း လီဗာပူးလ်အတွက် ဂိုး(၃၀)အချိန်အမြန်ဆုံးပြည့်သူအဖြစ် စံချိန်တင်ခဲ့ပါပြီ။ ဆာလာ (Salah) ရဲ့ လတ်တလောဖြစ်တည်မှုဟာ သူ့ရဲ့ကံဇာတာအမြင့်ပိုင်းရောက်နေတာကြောင့်ပါလို့ ထင်မှတ်သူတွေလည်း ရှိနေတယ်။ တစ်ရာသီစာတောက်ပမှုလို့ တံဆိပ်ကပ်သူတွေလည်း ရှိတယ်။ ဒါပေမဲ့ ဆာလာ (Salah) က ဝေဖန်သံတွေကို ဂရုမစိုက်ဘူး။ သူ့ရဲ့ ထက်မြက်အဆုံးသတ်စွမ်းရည်ကို ဖော်ကျူးနေဆဲပဲ။ ပျမ်းမျှဂိုးကန်သွင်းချက် (၅)ကြိမ်တိုင်းမှာ ဆာလာ (Salah) ဂိုးတစ်ဂိုးသွင်းယူထားပါတယ်။ ဒါဟာ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးကန်သွင်းမှုနဲ့ သွင်းဂိုးရရှိမှု အချိုးနှုန်းအကောင်းဆုံးပါပဲ။ ပေါ်တိုနဲ့ပွဲတုန်းက ဆာလာ(Salah)ရဲ့ ဂိုးက ဘယ်လောက်အဆင့်မြင့်သလဲ။ တိုက်စစ်မှူးကောင်းတစ်ဦးမှာ ရှိရမယ့် သွေးအေးတည်ငြိမ်မှု၊ တစ်ဦးချင်းစွမ်းရည်၊ မှော်ဆန်မှုကို မြင်ရတယ်။ ပေါ်တိုဂိုးသမားကို အသာအယာကျော်လိုက်တယ်။ လေထဲက ဘောလုံးကို ခေါင်းနဲ့ တစ်ချက်ထိန်းလိုက်တယ်။ ပြီးတော့ ပေါ်တိုနောက်ခံလူတွေ မဖျက်ထုတ်မီ အေးဆေးသက်သာစွာအဆုံးသတ်လိုက်တယ်။ သူ့ကို အီဂျစ်မက်ဆီလို့ တင်စားနေတာမလွန်ဘူးဆိုတာ ဒီဂိုးကသက်သေပဲ။ ချန်ပီယံလိဂ်သမိုင်းမှာ ခဏခဏ Replay ပြန်ထုတ်လွှင့်ရမယ့် ဂိုးတစ်ဂိုးလို့လည်းဆိုနိုင်ပါတယ်။

လီဗာပူးလ်သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်မှာ စတုတ္ထမြောက် ဟက်ထရစ်သွင်းခဲ့သူမာနေး (Mane)

လီဗာပူးလ်သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်မှာ စတုတ္ထမြောက် ဟက်ထရစ်သွင်းခဲ့သူမာနေး (Mane)

ဆာလာ(Salah)နဲ့အတူ ဖေမီနို(Firmino)၊ မာနေး(Mane)တို့ကလည်း ညီညွတ်ခြင်းသံစဉ်ကို အတူတကွသီဆိုနေပါတယ်။ အရင်တုန်းက လီဗာပူးလ်ဟာ ကော်တင်ဟို (Coutinho) မရှိရင်ဆိုတဲ့အတွေးကြောင့် ခေါင်းကိုက်ခဲ့ရဖူးတယ်။ ဒါပေမဲ့ အခု ကော်တင်ဟို (Coutinho) ကို ဘယ်သူက အသည်းအသန်လွမ်းနေဦးမှာလဲ။ ဖေမီနို(Firmino)ရဲ့အခန်းကဏ္ဍက တစ်မူထူးခြားတယ်။ သင်တုန်းဓားလို တိကျထက်မြက်တဲ့ ဖန်တီးနိုင်စွမ်း၊ ပုံံစံမျိုးစုံနဲ့ ဂိုးသွင်းယူနိုင်စွမ်းတွေနဲ့ ဖေမီနို (Firmino) ဟာ လီဗာပူးလ်တိုက်စစ်ရဲ့ ဒိုင်နမိုအင်ဂျင်တစ်လုံးပါပဲ။ သူဟာ လက်ရှိရာသီချန်ပီယံလိဂ်မှာ လီဗာပူးလ်အတွက် (၇)ဂိုးသွင်းထားပြီး စီရော်နယ်လ်ဒို (C.Ronaldo) ပြီးရင် ဒုတိယအများဆုံးအဖြစ် ဟာရီကိန်း (Harry Kane)နဲ့အတူ ပူးတွဲရပ်တည်နေတယ်။ ဒီရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၂)ပွဲသာလွဲချော်ခဲ့တာက ဖေမီနို (Firmino)ရဲ့ အရေးပါမှုကို သက်သေပြနေတယ်။ မာနေး(Mane) က လီဗာပူးလ်တိုက်စစ်အတွက် လာခြင်းကောင်းသူဆိုတာ ပြီးခဲ့တဲ့ရာသီမှာကတည်းက သက်သေပြထားပြီးသား၊ ဒဏ်ရာပြဿနာတချို့ကြောင့်သာ သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်သလိုဖြစ်နေရတာ။ ပေါ်တိုနဲ့ပွဲမှာ သူဟာ ဟက်ထရစ်သွင်းပြပြီး သူ့ကိုလည်း မမေ့ကြနဲ့လို့ သတိပေးလိုက်ပါတယ်။ လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက် အိုဝင် (Owen)၊ ဘီနာယောင် (Benayoun)၊ ကော်တင်ဟို(Coutinho) တို့ပြီးရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့ပါပြီ။

လီဗာပူးလ်ရဲ့ တိုက်စစ်အလျင်နှုန်းဟာ တစ်ဦးကိုတစ်ဦး တည်မှီပြီးအကျိုးပြုနေတယ်။ တိုက်စစ်ကစားသမား(၃)ဦးကြား အပြန်အလှန်ဂိုးဖန်တီးပေးခဲ့တဲ့ပွဲဟာ (၁၇)ပွဲအထိ ရှိခဲ့ပါတယ်။ တစ်ဦးချင်းအရည်အသွေးမြင့်မားသလို၊ အသင်းအဖွဲ့စိတ်ဓာတ်စုစည်းမှုကလည်း လီဗာပူးလ်တိုက်စစ်စက်ဝန်းထဲ လည်ပတ်နေတယ်။ ဒီစက်ဝန်းဟာ အောင်မြင်မှုနဲ့ အနားမသတ်နိုင်ခဲ့ဘူးဆိုရင် အရမ်းနှမြောစရာကောင်းသွားမယ်။ ဒီရာသီ၊ ဒါမှမဟုတ် လာမယ့်ရာသီတွေမှာ MSF တိုက်စစ်အတွဲဟာ ဆုဖလားအောင်မြင်မှုတွေကို ထွေးပိုက်နိုင်မှသာ သူတို့အသံကုန်ထုတ်လွှင့်ထားသမျှ တိုက်စစ်တေးသွားဟာ ပိုပြီးဂုဏ်ယူစရာဖြစ်နေမယ်။ ပိုပြီးချိုမြိန်နေပါလိမ့်မယ်။

လီဗာပူးလ်တိုက်စစ်ကစားသမား(၃)ဦး၏ လက်ရှိရာသီစွမ်းဆောင်ရည်

ဖေမီနို (Firmino) (၃၇)ပွဲ၊ (၂၁)ဂိုး၊ ဂိုးဖန်တီးမှု (၁၁)ကြိမ်

ဆာလာ (Salah) (၃၆)ပွဲ၊ (၃၀) ဂိုး၊ ဂိုးဖန်တီးမှု (၈) ကြိမ်

မာနေး (Mane) (၂၈) ပွဲ၊ (၁၂) ဂိုး၊ ဂိုးဖန်တီးမှု (၇)ကြိမ်

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။