[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ အသက္အငယ္ဆုံးကစားသမားမ်ား

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ ၿပိဳင္ပဲြ၀င္အသင္းက နည္းျပေတြဟာ အၿပီးသတ္ကစားသမား (၂၃)ဦးစာရင္းကုိ ၿပီးခဲ့တဲ့ တနလၤာေန႔က ဖီဖာထံ စာရင္းေပးသြင္းခဲ့ပါၿပီ။ အသက္(၁၉)ႏွစ္သာရွိေသးတဲ့ အဂၤလန္အသင္းရဲ႕ လီဗာပူးလ္လူငယ္ေနာက္ခံလူ အာႏုိးလ္ Arnold ဟာ အသက္အငယ္ဆုံးကစားသမားစာရင္းမွာ ပါ၀င္ခဲ့ေပမယ့္ သူက အသက္အငယ္ဆုံး ကစားသမားေတာ့ မဟုတ္ပါဘူး။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အသက္အငယ္ဆုံး ကစားသမားက ဘယ္သူျဖစ္မလဲဆုိတာ ၾကည့္လုိက္ရေအာင္ . . .

အသက္အငယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တဲ့သူကေတာ့ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား နာမည္ မဟုတ္ပါဘူး။ သူက A-လိဂ္ကလပ္ မဲလ္ဘုန္းဗစ္ထရီအသငး္မွာ ကစားေနတဲ့ ၾသစေၾတးလ်လက္ေရြးစင္ ကြင္းလယ္တိုက္စစ္ကစားသမား ဒန္နီယဲလ္အာဇာနီ Daniel Arzani ပါပဲ။

Daniel-Arzani

Daniel-Arzani

ၿပီးခဲ့တဲ့ရက္ပုိင္းတုန္းက ခ်က္ အသင္းနဲ႔ကစားခဲ့တဲ့ ေျခစြမ္းပြဲမွာ ၾသစေၾတးလ်အသင္းအတြက္ ပါ၀င္ကစားခဲ့တဲ့ အာဇာနီဟာ ၁၉၉၉ခုႏွစ္၊ ဇန္န၀ါရီ ၄ မွာ ေမြးဖြားခဲ့သူျဖစ္ၿပီး သူ႔အသက္က (၁၉ႏွစ္)၊ (၁၅၂)ရက္ပဲ ရွိပါေသးတယ္။ ဒုတိယအသက္အငယ္ဆုံးက ျပင္သစ္အသငး္ လူငယ္ၾကယ္ပြင့္ကစားသမား ဘာေပ Mbappe ပါ။

Kylian-Mbappe-

Kylian-Mbappe-

ဘာေပရဲ႕ ေမြးသကၠရာဇ္က ၁၉၉၈ခုႏွစ္၊ ဒီဇင္ဘာလ ၂၀ ရက္ ျဖစ္ၿပီး အာဇာနီထက္ (၁၅)ရက္ပဲ အသက္ႀကီးပါတယ္။ တတိယေျမာက္ အသက္အငယ္ဆုံး ကစား သမားက ရီးယဲလ္အသင္းရဲ႕ ေမာ္႐ုိကုိလူငယ္ၾကယ္ပြင့္ေနာက္ခံလူ ဟာကီမီ Hakimi ျဖစ္ၿပီး သူ႔ေနာက္မွာ ႏုိက္ဂ်ီးရီးယား လူငယ္ဂုိးသမား အူဇုိဟုိ Uzoho ၊ အဂၤလန္အသင္းေနာက္ခံလူ အာႏုိးလ္ Arnold တို႔ အသီးသီးရပ္တည္ေနတာျဖစ္ပါတယ္။

Trent-Alexander-Arnold-

Trent-Alexander-Arnold-

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ထူးျခားခ်က္ကေတာ့ ၁၉၉၀ ကမၻာ႔ဖလားၿပိဳင္ပဲြကစၿပီး အသင္းတိုင္းဟာ အနညး္ဆုံး အသက္(၁၉)ႏွစ္ေအာက္ ကစားသမားတစ္ဦးစီ ေရြးခ်ယ္ခဲ့ေပမယ့္ အခုၿပိဳင္ပဲြမွာေတာ့ အသက္ (၁၉)ႏွစ္ေအာက္ ကစားသမားတစ္ဦးမွ ပါ၀င္ျခင္း မရွိတာပါပဲ။

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အသက္အငယ္ဆုံးကစားသမား(၁၀)ဦး

ဒန္နီယဲလ္အာဇာနီ- 19 ႏွစ္-04.01.1999- Australia

ဘာေပ- 19 ႏွစ္-20.12.1998- France

ဟာကီမီ- 19 ႏွစ္- 04.11.1998- Morocco

အူဇုိဟုိ- 19 ႏွစ္- 28.10.1998- Nigeria

အာႏုိးလ္- 19 ႏွစ္- 07.10.1998- England

မူဆာ၀ါဂူး- 19 ႏွစ္- 04.10.1998- Senegal

ဟုိေဆးလူး၀စ္႐ုိဒရီဂြက္ဇ္- 19 ႏွစ္- 19.06.1998- Panama

အီယန္စမစ္ -20 ႏွစ္- 06.03.1998 – Costa Rica

အစၥမုိင္လာဆား -20 ႏွစ္- 25.02.1998 -Senegal

လီေဆာင္၀ူး-20 ႏွစ္- 06.01.1998 -South Korea

REF:Daily Mail
Photo: The Independent,WorldFootball
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အငယ်ဆုံးကစားသမားများ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်းက နည်းပြတွေဟာ အပြီးသတ်ကစားသမား (၂၃)ဦးစာရင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က ဖီဖာထံ စာရင်းပေးသွင်းခဲ့ပါပြီ။ အသက်(၁၉)နှစ်သာရှိသေးတဲ့ အင်္ဂလန်အသင်းရဲ့ လီဗာပူးလ်လူငယ်နောက်ခံလူ အာနိုးလ် Arnold ဟာ အသက်အငယ်ဆုံးကစားသမားစာရင်းမှာ ပါဝင်ခဲ့ပေမယ့် သူက အသက်အငယ်ဆုံး ကစားသမားတော့ မဟုတ်ပါဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အငယ်ဆုံး ကစားသမားက ဘယ်သူဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင် . . .

အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့သူကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နာမည် မဟုတ်ပါဘူး။ သူက A-လိဂ်ကလပ် မဲလ်ဘုန်းဗစ်ထရီအသင်းမှာ ကစားနေတဲ့ သြစတြေးလျလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဒန်နီယဲလ်အာဇာနီ Daniel Arzani ပါပဲ။

Daniel-Arzani

Daniel-Arzani

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ချက် အသင်းနဲ့ကစားခဲ့တဲ့ ခြေစွမ်းပွဲမှာ သြစတြေးလျအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ အာဇာနီဟာ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီ ၄ မှာ မွေးဖွားခဲ့သူဖြစ်ပြီး သူ့အသက်က (၁၉နှစ်)၊ (၁၅၂)ရက်ပဲ ရှိပါသေးတယ်။ ဒုတိယအသက်အငယ်ဆုံးက ပြင်သစ်အသင်း လူငယ်ကြယ်ပွင့်ကစားသမား ဘာပေ Mbappe ပါ။

Kylian-Mbappe-

Kylian-Mbappe-

ဘာပေရဲ့ မွေးသက္ကရာဇ်က ၁၉၉၈ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် ဖြစ်ပြီး အာဇာနီထက် (၁၅)ရက်ပဲ အသက်ကြီးပါတယ်။ တတိယမြောက် အသက်အငယ်ဆုံး ကစား သမားက ရီးယဲလ်အသင်းရဲ့ မော်ရိုကိုလူငယ်ကြယ်ပွင့်နောက်ခံလူ ဟာကီမီ Hakimi ဖြစ်ပြီး သူ့နောက်မှာ နိုက်ဂျီးရီးယား လူငယ်ဂိုးသမား အူဇိုဟို Uzoho ၊ အင်္ဂလန်အသင်းနောက်ခံလူ အာနိုးလ် Arnold တို့ အသီးသီးရပ်တည်နေတာဖြစ်ပါတယ်။

Trent-Alexander-Arnold-

Trent-Alexander-Arnold-

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ထူးခြားချက်ကတော့ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး အသင်းတိုင်းဟာ အနည်းဆုံး အသက်(၁၉)နှစ်အောက် ကစားသမားတစ်ဦးစီ ရွေးချယ်ခဲ့ပေမယ့် အခုပြိုင်ပွဲမှာတော့ အသက် (၁၉)နှစ်အောက် ကစားသမားတစ်ဦးမှ ပါဝင်ခြင်း မရှိတာပါပဲ။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အငယ်ဆုံးကစားသမား(၁၀)ဦး

ဒန်နီယဲလ်အာဇာနီ- 19 နှစ်-04.01.1999- Australia

ဘာပေ- 19 နှစ်-20.12.1998- France

ဟာကီမီ- 19 နှစ်- 04.11.1998- Morocco

အူဇိုဟို- 19 နှစ်- 28.10.1998- Nigeria

အာနိုးလ်- 19 နှစ်- 07.10.1998- England

မူဆာဝါဂူး- 19 နှစ်- 04.10.1998- Senegal

ဟိုဆေးလူးဝစ်ရိုဒရီဂွက်ဇ်- 19 နှစ်- 19.06.1998- Panama

အီယန်စမစ် -20 နှစ်- 06.03.1998 – Costa Rica

အစ္စမိုင်လာဆား -20 နှစ်- 25.02.1998 -Senegal

လီဆောင်ဝူး-20 နှစ်- 06.01.1998 -South Korea

REF:Daily Mail
Photo: The Independent,WorldFootball
Naing Linn(Akhayar)
www.akhayar.com