[Zawgyi]

ေရာဂါခံစားေနရတဲ့ ကေလးငယ္ႏွစ္ဦးအတြက္ ေပါင္(၆)ေသာင္း လွဴဒါန္းခဲ့တဲ့ Firmino တို႔ ဇနီးေမာင္ႏွံ

လီဗာပူးလ္အသငး္က ဘရာဇီးလ္တိုက္စစ္မွဴး ေဖမီႏုိ Firmino နဲ႔ သူ႔ဇနီးျဖစ္သူ Larissa Pereira တို႔ရဲ႕ အလွဴဒါနကေတာ့ တကယ့္ကုိ ခ်ီးက်ဴးစရာပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ မ်ိဳး႐ုိးလုိက္ၿပီး ရွားရွားပါးပါးေရာဂါ ခံစားေနရတဲ့ ဘရာဇီးလ္ႏုိင္ငံက ကေလးငယ္ႏွစ္ဦးအတြက္ ေဆးကုသမႈစရိတ္အျဖစ္ ေပါင္(၆)ေသာင္းနီးပါး လွဴဒါန္းခဲ့လုိ႔ပါ။ အသက္(၆)ႏွစ္သာရွိေသးတဲ့ Joao de Amorim ဆုိသူ ကေလးငယ္နဲ႔ လူ႕ေလာကထဲကုိ ၀င္လာတာ (၁၁)လသာရွိေသးတဲ့ Miguel de Amorim တို႔ဟာ ေနာက္ေက်ာ႐ုိးၾကြက္သား ခ်ည့္နဲ႔လာမႈေၾကာင့္ ေအာက္ပုိင္းလႈပ္ရွားလုိ႔ မရဘဲ ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရၿပီး သူတို႔မိဘေတြဟာ ေနာက္ထပ္ေပးရမယ့္ ေဆးဖုိးကုိ မတတ္ႏုိင္ေတာ့လုိ႔ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ေငြေၾကးလွဴဒါန္းဖုိ႔အတြက္ ေတာင္းခံခဲ့ၾကရတယ္။

Parents-Alex-Jose-de-Amorim-and-Gracieli-Schlemmer

Parents-Alex-Jose-de-Amorim-and-Gracieli-Schlemmer

ေဆး႐ုံမွာ ေနာက္ထပ္(၁)ႏွစ္ေဆးကုသမႈ ခံယူဖုိ႔အတြက္ မိဘေတြရဲ႕လက္ထဲမွာက ေပါင္(၈၂၇၀၃၂)သာ ရွိၿပီး ေနာက္ထပ္ ေပါင္(၅၉၁၃၂)လုိအပ္ေနတာေၾကာင့္ သူတို႔ အခက္အခဲကုိ ေျဖရွင္းႏုိင္ဖုိ႔ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ အကူအညီေတာင္းခံခဲ့တာပါ။ အဲဒီအေၾကာင္းကုိ သိရွိသြားတဲ့ေနာက္မွာေတာ့ ေဖမီႏုိတို႔ ဇနီးေမာင္ႏွံဟာ လုိအပ္ေနတဲ့ ေပါင္(၆)ေသာင္းနီးပါးကုိ ဆက္သြယ္လွဴဒါန္းခဲ့တာျဖစ္ပါတယ္။ ကေလးႏွစ္ဦးရဲ႕ မိခင္ျဖစ္သူ Gracieli Schlemmer က “Larissa Pereira ဟာ ကၽြန္မဆီကုိ ဆက္သြယ္ခဲ့ၿပီး လုိအပ္တဲ့ ေငြကုိ လွဴဒါန္းမယ္လုိ႔ ေျပာၾကားခဲ့တာေၾကာင့္ ကၽြန္မတို႔ ရင္ထဲမွာ ေလာင္ျမိဳက္ေနတဲ့မီးေတြ ေအးၿငိမ္းခဲ့ရတယ္။ ဒီလုိအလွဴရွင္ေပၚဖုိ႔ အခ်ိန္အၾကာႀကီး ေစာင့္ခဲ့ရတာေၾကာင့္ Larissa Pereira နဲ႔ စကားေျပာဆုိအၿပီးမွာ ကၽြန္မ အႀကီးအက်ယ္ ငုိေၾကြးခဲ့ပါတယ္”လုိ႔ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့တယ္။ ကဲ .. ပရိသတ္ႀကီးေရ . . ေဖမီႏုိတို႔ ဇနီးေမာင္ႏွံတို႔ရဲ႕ မြန္ျမတ္တဲ့အလွဴအတြက္ ကၽြန္ေတာ္တို႔ေတြ အားလုံး ဆုေတာင္းေပးလုိက္ၾကရေအာင္လား . . .

REF:The Sun
Photo:mirror,EPA
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရောဂါခံစားနေရတဲ့ ကလေးငယ်နှစ်ဦးအတွက် ပေါင်(၆)သောင်း လှူဒါန်းခဲ့တဲ့ Firmino တို့ ဇနီးမောင်နှံ

လီဗာပူးလ်အသင်းက ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနို Firmino နဲ့ သူ့ဇနီးဖြစ်သူ Larissa Pereira တို့ရဲ့ အလှူဒါနကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မျိုးရိုးလိုက်ပြီး ရှားရှားပါးပါးရောဂါ ခံစားနေရတဲ့ ဘရာဇီးလ်နိုင်ငံက ကလေးငယ်နှစ်ဦးအတွက် ဆေးကုသမှုစရိတ်အဖြစ် ပေါင်(၆)သောင်းနီးပါး လှူဒါန်းခဲ့လို့ပါ။ အသက်(၆)နှစ်သာရှိသေးတဲ့ Joao de Amorim ဆိုသူ ကလေးငယ်နဲ့ လူ့လောကထဲကို ဝင်လာတာ (၁၁)လသာရှိသေးတဲ့ Miguel de Amorim တို့ဟာ နောက်ကျောရိုးကြွက်သား ချည့်နဲ့လာမှုကြောင့် အောက်ပိုင်းလှုပ်ရှားလို့ မရဘဲ ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး သူတို့မိဘတွေဟာ နောက်ထပ်ပေးရမယ့် ဆေးဖိုးကို မတတ်နိုင်တော့လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ငွေကြေးလှူဒါန်းဖို့အတွက် တောင်းခံခဲ့ကြရတယ်။

Parents-Alex-Jose-de-Amorim-and-Gracieli-Schlemmer

Parents-Alex-Jose-de-Amorim-and-Gracieli-Schlemmer

ဆေးရုံမှာ နောက်ထပ်(၁)နှစ်ဆေးကုသမှု ခံယူဖို့အတွက် မိဘတွေရဲ့လက်ထဲမှာက ပေါင်(၈၂၇၀၃၂)သာ ရှိပြီး နောက်ထပ် ပေါင်(၅၉၁၃၂)လိုအပ်နေတာကြောင့် သူတို့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အကူအညီတောင်းခံခဲ့တာပါ။ အဲဒီအကြောင်းကို သိရှိသွားတဲ့နောက်မှာတော့ ဖေမီနိုတို့ ဇနီးမောင်နှံဟာ လိုအပ်နေတဲ့ ပေါင်(၆)သောင်းနီးပါးကို ဆက်သွယ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူ Gracieli Schlemmer က “Larissa Pereira ဟာ ကျွန်မဆီကို ဆက်သွယ်ခဲ့ပြီး လိုအပ်တဲ့ ငွေကို လှူဒါန်းမယ်လို့ ပြောကြားခဲ့တာကြောင့် ကျွန်မတို့ ရင်ထဲမှာ လောင်မြိုက်နေတဲ့မီးတွေ အေးငြိမ်းခဲ့ရတယ်။ ဒီလိုအလှူရှင်ပေါ်ဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတာကြောင့် Larissa Pereira နဲ့ စကားပြောဆိုအပြီးမှာ ကျွန်မ အကြီးအကျယ် ငိုကြွေးခဲ့ပါတယ်”လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့တယ်။ ကဲ .. ပရိသတ်ကြီးရေ . . ဖေမီနိုတို့ ဇနီးမောင်နှံတို့ရဲ့ မွန်မြတ်တဲ့အလှူအတွက် ကျွန်တော်တို့တွေ အားလုံး ဆုတောင်းပေးလိုက်ကြရအောင်လား . . .

REF:The Sun
Photo:mirror,EPA
Naing Linn(Akhayar)
www.akhayar.com