[Zawgyi]






REF:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

၂၀၁၈-၁၉ တစ်ရာသီလုံး ကွင်းလယ်လူ ချိန်ဘာလိန် Chamberlain ကို လက်လွှတ်ရတော့မယ့် လီဗာပူးလ်

၂၀၁၈-၁၉ ဘောလုံးရာသီ တစ်ရာသီလုံး ကွင်းလယ်လူ ချိန်ဘာလိန် Chamberlain ကို လီဗာပူးလ်အသင်း လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးအရွက်စုတ်ပြဲဒဏ်ရာက ပြန်လည်ကောင်းမွန်လာခြင်းမရှိတာကြောင့် ချိန်ဘာလိန် Chamberlain ကို လက်လွှတ်ရတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp က ချိန်ဘာလိန် Chamberlain ရဲ့ ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး လာမယ့် ဘောလုံးရာသီ အသင်းမှာ အသုံးပြုဖို့ မလွယ်ကူကြောင်း ပြောကြားခဲ့ပါတယ်။ အသက် (၂၄)နှစ်အရွယ်ရှိ ချိန်ဘာလိန် Chamberlain အနေနဲ့ ဒူးအရွတ်ဒဏ်ရာကို ကုသမှုတွေ ခံယူပြီး ပုံမှန်အခြေအနေရောက်ရှိအောင် လေ့ကျင့်မှုတွေ ပြုလုပ်သွားရမှာပါ။

Chamberlain-sustained-knee-ligament-damage

Chamberlain-sustained-knee-ligament-damage

လီဗာပူးလ်နည်းပြ ကလော့ပ် Klopp က “ချိန်ဘာလိန် Chamberlain ရဲ့ ဒဏ်ရာအခြေအနေကို အသင်းပရိသတ်တွေ သိအောင် ပြောဖို့ အချိန်တန်လာပြီလို့ ထင်ပါတယ်၊ သူ့အနေနဲ့ တစ်ရာသီလုံး ပုံမှန်အခြေအနေရောက်အောင် ကုသမှုတွေ ခံယူသွားရမှာပါ၊ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပေမယ့် လာမယ့်တစ်ရာသီလုံး လွဲချော်မယ်ဆိုတာ သေချာပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။ ချိန်ဘာလိန် Chamberlain ရဲ့ ဒဏ်ရာဟာ ခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့် နဂိုအခြေအနေရောက်အောင် ကာလရှည် အနားယူသွားရမှာဖြစ်ပါတယ်။ ချိန်ဘာလိန် Chamberlain ရဲ့ ဒဏ်ရာအခြေအနေက အသင်းအတွက် သတင်းဆိုးဖြစ်ခဲ့ပြီး အသင်းမှာ အမြန်ဆုံး ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်ကြောင့် နည်းပြ ကလော့ပ် Klopp က ပြောကြားခဲ့ပါတယ်။ ချိန်ဘာလိန် Chamberlain ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

REF:The Sun
Photo:Liverpool.com, Daily Star
Aung Kyaw Wai (Akhayar)
www.akhayar.com