မန်ယူနဲ့ လီဗာပူးလ်ဆိုတာက အင်္ဂလန်ဘောလုံးလောကမှာ အောင်မြင်မှုအများဆုံးနဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး အသင်းတွေဖြစ်ပြီး အခုအချိန်မှာတော့ မန်ယူပရိသတ်တွေ မခံချိမခံသာဖြစ်စေမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။ အဲဒါကတော့ အင်္ဂလန်ဘောလုံးလောကမှာ အဓိက ဆုဖလားအများဆုံးရရှိခဲ့တဲ့ အသင်းအဖြစ် လီဗာပူးလ်က မန်ယူကို နှာတစ်ဖျားနဲ့ ကျော်ဖြတ်သွားလို့ပါပဲ။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဥရောပစူပါဖလားပွဲမှာ ချယ်လ်ဆီးကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဖလားရရှိခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် သူတို့ ရရှိခဲ့တဲ့အဓိကဆုဖလားက (၄၆)ခုအထိ ရှိသွားပါပြီ။ မန်ယူကတော့ ဆုဖလား(၄၅)ခုရခဲ့တာကြောင့် လီဗာပူးလ်အသင်းက ဖလားတစ်လုံးအသာနဲ့ ဆုဖလားရရှိမှု အများဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပဲဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အခုနှစ်အတွင်း ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားတွေ ဆက်တိုက် ရယူခဲ့ပြီး ဒီဇင်ဘာလကျရင်လည်း ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲရဦးမှာဖြစ်လို့ ချန်ပီယံဖြစ်ခဲ့ရင် မန်ယူကို ဖလား(၂)လုံးအထိ အသာရတော့မှာပါ။ မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန် Alex Ferguson ကိုင်တွယ်ခဲ့တုန်းက “လီဗာပူးလ်အသင်းကို အမြင့်ကနေ အောက်ကို ရောက်အောင် ကန်ချမယ်”လို့ ကြွေးကြော်ခဲ့ပြီး သူ ကြုံးဝါးတဲ့အတိုင်းပဲ အင်္ဂလန်ဘောလုံးလောကမှာ လီဗာပူးလ်အသင်းရဲ့ ခေတ်တစ်ခတ်ကို အဆုံးသတ်ပေးနိုင်ခဲ့တယ်။ ဖာဂူဆန်ခေတ်လွန်နောက်ပိုင်းမှာ မန်ယူအသင်း ကျဆင်းသွားချိန်မှာ လီဗာပူးလ်အသင်းကတော့ ယာဂန်ကလော့ပ် Jurgen Klopp နဲ့အတူ ခေတ်သစ်တစ်ခုကို အစပျိုးဖို့ ခြေလှမ်းပြင်နေပါပြီ။ အဓိက ဆုဖလားရရှိမှုအပိုင်းမှာ မန်ယူကို လီဗာပူးလ်ကျော်ဖြတ်သွားပြီဖြစ်ပေမယ့် ပရီးမီးယားလိဂ်ဖလားရရှိမှု အကြိမ်မှာတော့ မမီသေးဘဲ မန်ယူက အကြိမ်(၂၀)၊ လီဗာပူးလ်က (၁၈)ကြိမ်နဲ့ ရှိနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ခေတ်မှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ဖို့ ကြိုးစားရဦးမှာပါ။

မန်ယူအသင်း ရရှိခဲ့တဲ့ အဓိကဆုဖလားများ

First Division/Premier League -Winners (20; record)
FA Cup – Winners (12)
Football League Cup/EFL Cup – Winners (5)
European Cup/UEFA Champions League -Winners (3)
European Cup Winners’ Cup -Winners (1)
UEFA Europa League – Winners (1)
European Super Cup – Winners (1)
Intercontinental Cup – Winners (1)
FIFA Club World Cup – Winners (1)

လီဗာပူးလ်အသင်း ရရှိခဲ့တဲ့ အဓိကဆုဖလားများ

First Division – Winners (18)
FA Cup – Winners (7)
Football League Cup – Winners (8) (record)
European Cup/UEFA Champions League – Winners (6)
UEFA Cup – Winners (3)
European Super Cup/UEFA Super Cup – Winners (4)

REF:foxsportsasia
Photo: foxsportsasia,Liverpool FC Facebook,telegraph
www.akhayar.com