[Zawgyi]

မာေနး Mane ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈေတြ စတင္လိုက္တဲ့ လီဗာပူးလ္

ဆီနီေဂါတိုက္စစ္ကစားသမား မာေနး Mane ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔အတြက္ လီဗာပူးလ္အသင္းက ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ခဲ့ပါတယ္။ နည္းျပ ယာဂန္ကေလာ့ပ္ Jürgen Klopp ကိုယ္တိုင္ အဓိကတိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ မာေနး Mane ကို လီဗာပူးလ္အသင္းမွာ ကာလရွည္ဆက္ရွိေနဖို႔ ဆႏၵရွိေနခဲ့လို႔ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈေတြ စတင္ႀကိဳးပမ္းမႈေတြ ျပဳလုပ္ခဲ့တာပါ။ အသင္းရဲ႕ အဓိက,ကစားသမားေတြျဖစ္တဲ့ ဆာလက္ Salah ၊ ေဖမီႏို Firmino တို႔နဲ႔အတူ မာေနး Mane ကို အသင္းတိုက္စစ္မွာ ကာလရွည္ျမင္ေတြ႔ရဖို႔ လီဗာပူးလ္အသင္း တာဝန္ရွိသူေတြက ပစ္မွတ္ထားေနခဲ့တာျဖစ္ပါတယ္။

Liverpool-key-player-Sadio-Mane

Liverpool-key-player-Sadio-Mane

လြန္ခဲ့တဲ့ (၂)ႏွစ္က ေဆာက္သမ္တန္အသင္းကေန လီဗာပူးလ္အသင္းကို ေပါင္သန္း (၃၀)နဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ တိုက္စစ္ကစားသမား မာေနး Mane အေနနဲ႔ အသင္းနဲ႔ (၂၀၂၁)ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေသးတဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက အသင္းတိုက္စစ္မွာ ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ မာေနး Mane ကို တစ္ပတ္လုပ္ခ ေပါင္ (၁)သိန္းအထိ တိုးျမွင့္ေပးဖို႔ စီစဥ္ေနၿပီး အသင္းမွာ ကာလရွည္ဆက္ရွိမယ့္ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုႏိုင္ဖို႔ လီဗာပူးလ္အသင္းက ႀကိဳးပမ္းလာခဲ့တာပါ။ မာေနး Mane ရဲ႕ ေအးဂ်င့္ ဆာရွာအမ္ပါခ်ာ Sasha Empacher က လာမယ့္ရက္ပိုင္းအတြင္း လီဗာပူးလ္နဲ႔ ကစားသမားတို႔ စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈ ရရွိဖို႔ နီးစပ္ေနၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Sadio-Mane

Sadio-Mane

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အေမရိကန္ႏိုင္ငံ၊ နယူးဂ်ာစီၿမိဳ႕မွာ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ မန္စီးတီးနဲ႔ ကစားခဲ့တဲ့ ပြဲအၿပီး လီဗာပူးလ္အသင္းက မာေနး Mane ကို စာခ်ဳပ္သစ္အတြက္ စတင္ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ နည္းျပ ကေလာ့ပ္ Klopp နဲ႔ အသင္းအားကစားဒါရိုက္တာ အက္ဒ္ဝက္စ္ Edwards တို႔က မာေနး Mane နဲ႔ ေတြ႔ဆံုခဲ့ၿပီး စာခ်ဳပ္သစ္အတြက္ တရားဝင္ကမ္းလွမ္းမႈေတြကို ျပဳလုပ္ခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လက စပိန္လာလီဂါထိပ္သီး ရီးယဲလ္အသင္းနဲ႔ မာေနး Mane တို႔ ေကာလာဟလတခ်ိဳ႕ ထြက္ေပၚခဲ့ေပမယ့္ အေျပာင္းအေရႊ႕ျဖစ္ေပၚခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူး။

REF:Daily Mail
Photo:Baaz.com, The Independent, Manchester Evening News
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မာနေး Mane ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင်လိုက်တဲ့ လီဗာပူးလ်

ဆီနီဂေါတိုက်စစ်ကစားသမား မာနေး Mane ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် လီဗာပူးလ်အသင်းက ဆွေးနွေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ နည်းပြ ယာဂန်ကလော့ပ် Jürgen Klopp ကိုယ်တိုင် အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ မာနေး Mane ကို လီဗာပူးလ်အသင်းမှာ ကာလရှည်ဆက်ရှိနေဖို့ ဆန္ဒရှိနေခဲ့လို့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ စတင်ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့တာပါ။ အသင်းရဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ ဆာလက် Salah ၊ ဖေမီနို Firmino တို့နဲ့အတူ မာနေး Mane ကို အသင်းတိုက်စစ်မှာ ကာလရှည်မြင်တွေ့ရဖို့ လီဗာပူးလ်အသင်း တာဝန်ရှိသူတွေက ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။

Liverpool-key-player-Sadio-Mane

Liverpool-key-player-Sadio-Mane

လွန်ခဲ့တဲ့ (၂)နှစ်က ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်အသင်းကို ပေါင်သန်း (၃၀)နဲ့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်ကစားသမား မာနေး Mane အနေနဲ့ အသင်းနဲ့ (၂၀၂၁)ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသေးတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းတိုက်စစ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ မာနေး Mane ကို တစ်ပတ်လုပ်ခ ပေါင် (၁)သိန်းအထိ တိုးမြှင့်ပေးဖို့ စီစဉ်နေပြီး အသင်းမှာ ကာလရှည်ဆက်ရှိမယ့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့ လီဗာပူးလ်အသင်းက ကြိုးပမ်းလာခဲ့တာပါ။ မာနေး Mane ရဲ့ အေးဂျင့် ဆာရှာအမ်ပါချာ Sasha Empacher က လာမယ့်ရက်ပိုင်းအတွင်း လီဗာပူးလ်နဲ့ ကစားသမားတို့ စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Sadio-Mane

Sadio-Mane

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ၊ နယူးဂျာစီမြို့မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲအပြီး လီဗာပူးလ်အသင်းက မာနေး Mane ကို စာချုပ်သစ်အတွက် စတင်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ နည်းပြ ကလော့ပ် Klopp နဲ့ အသင်းအားကစားဒါရိုက်တာ အက်ဒ်ဝက်စ် Edwards တို့က မာနေး Mane နဲ့ တွေ့ဆုံခဲ့ပြီး စာချုပ်သစ်အတွက် တရားဝင်ကမ်းလှမ်းမှုတွေကို ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက စပိန်လာလီဂါထိပ်သီး ရီးယဲလ်အသင်းနဲ့ မာနေး Mane တို့ ကောလာဟလတချို့ ထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

REF:Daily Mail
Photo:Baaz.com, The Independent, Manchester Evening News
Aung Kyaw Wai (Akhayar)
www.akhayar.com