[Zawgyi]

(၃)ႏွစ္အတြင္း ဒုတိယအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္အုပ္စုက လွည့္မျပန္ရေအာင္ ႀကိဳးပမ္းရမယ့္ လီဗာပူးလ္

လီဗာပူးလ္အသင္းရဲ႕ ဒီရာသီ ခ်န္ပီယံလိဂ္စြမ္းေဆာင္ရည္နဲ႔ ရလဒ္ေတြကေတာ့ တကယ့္ကုိ မယုံႏုိင္ေလာက္ေအာင္ျဖစ္ေနၿပီ။ ျပည္တြင္းလိဂ္မွာ ရလဒ္ေတြ ေတာက္ေလွ်ာက္ေကာင္းေနၿပီး ႐ႈံးပဲြမရွိေသးေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ အုပ္စုက ထြက္ရမယ့္အေနအထားနဲ႔ ရင္ဆုိင္ေနရတယ္။ မသိရင္ လီဗာပူးလ္ ႏွစ္သင္းခဲြထားသလုိပါပဲ။

Liverpools-players-react-after-PSG-score-to-go-2-0-up-in-the-first-half-

Liverpools-players-react-after-PSG-score-to-go-2-0-up-in-the-first-half-

ဗုဒၶဟူးေန႔က ကစားခဲ့တဲ့ပဲြမွာ PSG အသင္းကုိ ႐ႈံးနိမ့္ခဲ့တာေၾကာင့္ လီဗာပူးလ္အသင္း အုပ္စုေနာက္ဆုံးပဲြျဖစ္တဲ့ နာပုိလီနဲ႔ အိမ္ကြင္းပဲြကုိ မျဖစ္မေန အႏိုင္ကစားရမွာျဖစ္သလုိ ဂုိးမေပးရဖုိ႔လည္း လုိအပ္ေနပါၿပီ။

Liverpool-Players

Liverpool-Players

အမွန္အတိုင္းဆုိရင္ လီဗာပူးလ္အသင္း ဒီလုိအေျခအေနျဖစ္လာတာက ကုိယ့္ၾကမၼာ ကုိယ္ဖန္တီးတယ္လုိ႔ပဲ ေျပာရမယ္။ PSG နဲ႔ပဲြမတိုင္ခင္ ဇီဗက္ဒါကုိ မ႐ႈံးခဲ့ဘူးဆုိရင္ ဒီလုိအေျခအေန ျဖစ္လာမွာမဟုတ္ဘူး။ ခ်န္ပီယံလိဂ္ပဲြစဥ္(၅)အၿပီး ရပ္တည္မႈအရ နာပုိလီက (၉)မွတ္၊ PSG က (၈)မွတ္၊ လီဗာပူးလ္ (၆)မွတ္၊ ဇီဗက္ဒါ (၄)မွတ္ျဖစ္ပါတယ္။ အုပ္စုေနာက္ဆုံးပဲြမွာ PSG က ဇီဗက္ဒါ ၊ လီဗာပူးလ္နဲ႔ နာပုိလီတို႔ ဆုံေတြ႕ရမယ္။ အေ၀းကြင္းျဖစ္ေပမယ့္ PSG အတြက္ အႏုိင္ေသခ်ာတဲ့ပဲြလုိ႔ဆုိရမွာျဖစ္ၿပီး (၁၁)မွတ္လုိ႔ သတ္မွတ္ထားပါစုိ႔ရဲ႕။

Liverpool-Standing

Liverpool-Standing

တစ္ဖက္မွာေတာ့ လီဗာပူးလ္အသင္းက နာပုိလီကုိ (၁-၀)ဂုိးနဲ႔ အႏုိင္ရမယ္ဆုိရင္ ေနာက္တစ္ဆင့္တက္မွာျဖစ္ေပမယ့္ (၂-၁)ဂုိးဆုိရင္ေတာ့ အုပ္စုကပဲ လွည့္ျပန္ရမွာပါ။ လီဗာပူးလ္အသင္းဟာ ပထမအေက်ာ႔က နာပုိလီကုိ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တာေၾကာင့္ အိမ္ကြင္းမွာ (၁-၀)ဂုိးနဲ႔ ျပန္အႏုိင္ရမယ္ဆုိရင္ (၉)မွတ္ခ်င္းတူသြားမွာျဖစ္ေပမယ့္ သြင္းဂုိးမွာ လီဗာပူးလ္က သာလုိ႔ ႐ႈံးထြက္အဆင့္ကုိ တက္ေရာက္ႏုိင္မွာျဖစ္ပါတယ္။ ဒါေပမဲ့ (၂-၁)ဂုိးဆုိတဲ့ ရလဒ္ထြက္ေပၚလာရင္ အေ၀းဂုိးစည္းမ်ဥ္းအရ လီဗာပူးလ္ျပဳတ္မွာပါ။ ယာဂန္ကေလာ့ပ္က Jurgen Klopp “ကၽြန္ေတာ္တို႔ အန္ဖီးလ္ကြင္းရဲ႕ အရွိန္အ၀ါကုိ ေနာက္ထပ္တစ္ႀကိမ္အသုံးခ်ဖုိ႔ လုိအပ္ေနပါၿပီ။ အန္ဖီးလ္မွာ တိုက္ပဲြ၀င္ၾကပါစုိ႔” ဆုိၿပီး ႀကံဳး၀ါးေျပာဆုိခဲ့တယ္။

steven-gerrard-goal-against-olympiakos

steven-gerrard-goal-against-olympiakos

လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္မွာ ႐ုန္းကန္ေနရတယ္ဆုိေပမယ့္ ကံေကာင္းတာတစ္ခုက (၅)ႀကိမ္ေျမာက္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၀၄-၀၅ ရာသီတုန္းကလည္း ဒီလုိအေနထားနဲ႔ ရင္ဆုိင္ခဲ့ရတာပါပဲ။ အဲဒီတုန္းက လီဗာပူးလ္အသင္းဟာ ေနာက္တစ္ဆင့္တက္ဖုိ႔ အုိလံပီယာေကာ့စ္နဲ႔ အသည္းအသန္ကစားခဲ့ရၿပီး အေ၀းကြင္းမွာ (၁-၀)ဂုိးနဲ႔ ႐ႈံး၊ အိမ္ကြင္းမွာ (၃-၁)ဂုိးနဲ႔ အႏုိင္ရခဲ့လုိ႔ ႐ႈံးထြက္(၁၆)သင္းအဆင့္ တက္ႏုိင္ခဲ့တယ္။ လီဗာပူးလ္အသင္းဟာ အုပ္စုေနာက္ဆုံးပဲြအျဖစ္ အုိလံပီယာေကာ့စ္ကုိ ရင္ဆုိင္ခဲ့ရတာျဖစ္ၿပီး အဲဒီတုန္းက Dynamic Kick နဲ႔ ဂုိးသြင္းခဲ့တဲ့ ဂႏၳ၀င္ကစားသမား စတီဗင္ဂ်ရတ္ Steven Gerrard ရဲ႕ သြင္းဂုိးကုိလည္း လီဗာပူးလ္ပရိသတ္ေတြ အမွတ္ရေနဦးမွာပါ။ အခုလည္း ၂၀၀၄-၀၅ ရာသီတုန္းကလုိ လီဗာပူးလ္ စြမ္းေဆာင္ႏုိင္မလား၊ ဒါမွမဟုတ္ ၂၀၁၅ ေနာက္ပုိင္း (၃)ႏွစ္အတြင္း ဒုတိယအႀကိမ္ေျမာက္အျဖစ္ အုပ္စုအဆင့္ကပဲ ေစာေစာစီးစီးလွည့္ျပန္ရမလားဆုိတာကေတာ့ . . .

Photo:Evening Standard,Goal,The Anfield Wrap,This Is Anfield
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၃)နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စုက လှည့်မပြန်ရအောင် ကြိုးပမ်းရမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းရဲ့ ဒီရာသီ ချန်ပီယံလိဂ်စွမ်းဆောင်ရည်နဲ့ ရလဒ်တွေကတော့ တကယ့်ကို မယုံနိုင်လောက်အောင်ဖြစ်နေပြီ။ ပြည်တွင်းလိဂ်မှာ ရလဒ်တွေ တောက်လျှောက်ကောင်းနေပြီး ရှုံးပွဲမရှိသေးပေမယ့် ချန်ပီယံလိဂ်မှာတော့ အုပ်စုက ထွက်ရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရတယ်။ မသိရင် လီဗာပူးလ် နှစ်သင်းခွဲထားသလိုပါပဲ။

Liverpools-players-react-after-PSG-score-to-go-2-0-up-in-the-first-half-

Liverpools-players-react-after-PSG-score-to-go-2-0-up-in-the-first-half-

ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ပွဲမှာ PSG အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးလ်အသင်း အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ နာပိုလီနဲ့ အိမ်ကွင်းပွဲကို မဖြစ်မနေ အနိုင်ကစားရမှာဖြစ်သလို ဂိုးမပေးရဖို့လည်း လိုအပ်နေပါပြီ။

Liverpool-Players

Liverpool-Players

အမှန်အတိုင်းဆိုရင် လီဗာပူးလ်အသင်း ဒီလိုအခြေအနေဖြစ်လာတာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတယ်လို့ပဲ ပြောရမယ်။ PSG နဲ့ပွဲမတိုင်ခင် ဇီဗက်ဒါကို မရှုံးခဲ့ဘူးဆိုရင် ဒီလိုအခြေအနေ ဖြစ်လာမှာမဟုတ်ဘူး။ ချန်ပီယံလိဂ်ပွဲစဉ်(၅)အပြီး ရပ်တည်မှုအရ နာပိုလီက (၉)မှတ်၊ PSG က (၈)မှတ်၊ လီဗာပူးလ် (၆)မှတ်၊ ဇီဗက်ဒါ (၄)မှတ်ဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ PSG က ဇီဗက်ဒါ ၊ လီဗာပူးလ်နဲ့ နာပိုလီတို့ ဆုံတွေ့ရမယ်။ အဝေးကွင်းဖြစ်ပေမယ့် PSG အတွက် အနိုင်သေချာတဲ့ပွဲလို့ဆိုရမှာဖြစ်ပြီး (၁၁)မှတ်လို့ သတ်မှတ်ထားပါစို့ရဲ့။

Liverpool-Standing

Liverpool-Standing

တစ်ဖက်မှာတော့ လီဗာပူးလ်အသင်းက နာပိုလီကို (၁-ဝ)ဂိုးနဲ့ အနိုင်ရမယ်ဆိုရင် နောက်တစ်ဆင့်တက်မှာဖြစ်ပေမယ့် (၂-၁)ဂိုးဆိုရင်တော့ အုပ်စုကပဲ လှည့်ပြန်ရမှာပါ။ လီဗာပူးလ်အသင်းဟာ ပထမအကျော့က နာပိုလီကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အိမ်ကွင်းမှာ (၁-ဝ)ဂိုးနဲ့ ပြန်အနိုင်ရမယ်ဆိုရင် (၉)မှတ်ချင်းတူသွားမှာဖြစ်ပေမယ့် သွင်းဂိုးမှာ လီဗာပူးလ်က သာလို့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ (၂-၁)ဂိုးဆိုတဲ့ ရလဒ်ထွက်ပေါ်လာရင် အဝေးဂိုးစည်းမျဉ်းအရ လီဗာပူးလ်ပြုတ်မှာပါ။ ယာဂန်ကလော့ပ်က Jurgen Klopp “ကျွန်တော်တို့ အန်ဖီးလ်ကွင်းရဲ့ အရှိန်အဝါကို နောက်ထပ်တစ်ကြိမ်အသုံးချဖို့ လိုအပ်နေပါပြီ။ အန်ဖီးလ်မှာ တိုက်ပွဲဝင်ကြပါစို့” ဆိုပြီး ကြုံးဝါးပြောဆိုခဲ့တယ်။

steven-gerrard-goal-against-olympiakos

steven-gerrard-goal-against-olympiakos

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်မှာ ရုန်းကန်နေရတယ်ဆိုပေမယ့် ကံကောင်းတာတစ်ခုက (၅)ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၄-၀၅ ရာသီတုန်းကလည်း ဒီလိုအနေထားနဲ့ ရင်ဆိုင်ခဲ့ရတာပါပဲ။ အဲဒီတုန်းက လီဗာပူးလ်အသင်းဟာ နောက်တစ်ဆင့်တက်ဖို့ အိုလံပီယာကော့စ်နဲ့ အသည်းအသန်ကစားခဲ့ရပြီး အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ ရှုံး၊ အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့လို့ ရှုံးထွက်(၁၆)သင်းအဆင့် တက်နိုင်ခဲ့တယ်။ လီဗာပူးလ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် အိုလံပီယာကော့စ်ကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အဲဒီတုန်းက Dynamic Kick နဲ့ ဂိုးသွင်းခဲ့တဲ့ ဂန္ထဝင်ကစားသမား စတီဗင်ဂျရတ် Steven Gerrard ရဲ့ သွင်းဂိုးကိုလည်း လီဗာပူးလ်ပရိသတ်တွေ အမှတ်ရနေဦးမှာပါ။ အခုလည်း ၂၀၀၄-၀၅ ရာသီတုန်းကလို လီဗာပူးလ် စွမ်းဆောင်နိုင်မလား၊ ဒါမှမဟုတ် ၂၀၁၅ နောက်ပိုင်း (၃)နှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် အုပ်စုအဆင့်ကပဲ စောစောစီးစီးလှည့်ပြန်ရမလားဆိုတာကတော့ . . .

Photo:Evening Standard,Goal,The Anfield Wrap,This Is Anfield
Naing Linn(Akhayar)
www.akhayar.com