[Zawgyi]

ဖိအားေတြ မ်ားလာတာကုိ ဂ႐ုမစုိက္ဘူးလုိ႔ ဆုိခဲ့တဲ့ ယာဂန္ကေလာ့ပ္ Jurgen Klopp

အခုေႏြရာသီမွာ ကစားသမားသစ္ေတြကုိ ေပါင္သန္း(၁၇၀)နီးပါး အသုံးျပဳေခၚယူထားတဲ့အတြက္ ဖိအားမ်ားလာတဲ့အေပၚ ဂ႐ုမစုိက္ဘူးလုိ႔ လီဗာပူးလ္အသင္းနည္းျပယာဂန္ကေလာ့ပ္ Jurgen Klopp က ဆုိလုိက္ပါတယ္။ လီဗာပူးလ္အသင္းဟာ လာမယ့္ရာသီမွာ ေအာင္ျမင္မႈေတြရဖုိ႔အတြက္ အယ္လစ္ဆန္ Alisson ၊ နာဘီကီတာ Naby Keita ၊ ဖာဘင္ဟုိ Fabinho ၊ ရွာကီရီ Shaqiri တို႔ကုိ ေခၚယူထားၿပီး ျပင္ဆင္မႈျပဳလုပ္ေနတာပဲျဖစ္ပါတယ္။ အခုဆုိရင္ (၁၂)လအတြင္း လီဗာပူးလ္အသင္းရဲ႕အသုံးစရိတ္က ေပါင္သန္း(၂၅၀)နီးပါးအထိရွိေနပါၿပီ။ အဲဒီလုိေငြေၾကးသုံးစဲြမႈေတြ လုပ္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ရင္ ေ၀ဖန္မႈဖိအားေတြနဲ႔ ရင္ဆုိင္ရဖုိ႔ရွိတယ္လုိ႔ မီဒီယာေတြက သုံးသပ္ေနတာေၾကာင့္ ယာဂန္ကေလာ့ပ္က တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

Alisson-Naby-Keita-Fabinho-and-Xherdan-Shaqiri

Alisson-Naby-Keita-Fabinho-and-Xherdan-Shaqiri

ယာဂန္ကေလာ့ပ္က “ဖိအားဆုိတာက ျပင္ပမွာပဲရွိေနတာပါ။ အဲဒီအတြက္ ကၽြန္ေတာ္ ဂ႐ုမစုိက္ပါဘူး။ ၿပီးခဲ့တဲ့(၃)လအတြင္း ကၽြန္ေတာ့္ကုိ ဘယ္လုိပဲေ၀ဖန္ေျပာဆုိခဲ့ပါေစ အဲဒါေတြက ကၽြန္ေတာ့္ဘ၀ကုိ ေျပာင္းလဲေစမွာ မဟုတ္ပါဘူး။ အသင္းပုိင္ရွင္ေတြရဲ႕ သေဘာထားကလည္း ကၽြန္ေတာ္တို႔နဲ႔အတူတူပါပဲ။ ဒါေၾကာင့္ ျပင္ပေလာကက လူေတြ ဘာေျပာေျပာ ကၽြန္ေတာ္ အာ႐ုံစုိက္ေနမွာမဟုတ္ပါဘူး”လုိ႔ ေျပာၾကားခဲ့တယ္။ လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ အဆင့္(၄)ေနရာ ရပ္တည္ခဲ့ၿပီး၊ ဆယ္စုႏွစ္တစ္ခုေက်ာ္ ေ၀းကြာေနတဲ့ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိလည္း တက္ေရာက္ႏုိင္ခဲ့ပါတယ္။

REF:BBC
Photo:.thenational,talkSPORT
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဖိအားတွေ များလာတာကို ဂရုမစိုက်ဘူးလို့ ဆိုခဲ့တဲ့ ယာဂန်ကလော့ပ် Jurgen Klopp

အခုနွေရာသီမှာ ကစားသမားသစ်တွေကို ပေါင်သန်း(၁၇၀)နီးပါး အသုံးပြုခေါ်ယူထားတဲ့အတွက် ဖိအားများလာတဲ့အပေါ် ဂရုမစိုက်ဘူးလို့ လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ် Jurgen Klopp က ဆိုလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေရဖို့အတွက် အယ်လစ်ဆန် Alisson ၊ နာဘီကီတာ Naby Keita ၊ ဖာဘင်ဟို Fabinho ၊ ရှာကီရီ Shaqiri တို့ကို ခေါ်ယူထားပြီး ပြင်ဆင်မှုပြုလုပ်နေတာပဲဖြစ်ပါတယ်။ အခုဆိုရင် (၁၂)လအတွင်း လီဗာပူးလ်အသင်းရဲ့အသုံးစရိတ်က ပေါင်သန်း(၂၅၀)နီးပါးအထိရှိနေပါပြီ။ အဲဒီလိုငွေကြေးသုံးစွဲမှုတွေ လုပ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ရင် ဝေဖန်မှုဖိအားတွေနဲ့ ရင်ဆိုင်ရဖို့ရှိတယ်လို့ မီဒီယာတွေက သုံးသပ်နေတာကြောင့် ယာဂန်ကလော့ပ်က တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

Alisson-Naby-Keita-Fabinho-and-Xherdan-Shaqiri

Alisson-Naby-Keita-Fabinho-and-Xherdan-Shaqiri

ယာဂန်ကလော့ပ်က “ဖိအားဆိုတာက ပြင်ပမှာပဲရှိနေတာပါ။ အဲဒီအတွက် ကျွန်တော် ဂရုမစိုက်ပါဘူး။ ပြီးခဲ့တဲ့(၃)လအတွင်း ကျွန်တော့်ကို ဘယ်လိုပဲဝေဖန်ပြောဆိုခဲ့ပါစေ အဲဒါတွေက ကျွန်တော့်ဘဝကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ အသင်းပိုင်ရှင်တွေရဲ့ သဘောထားကလည်း ကျွန်တော်တို့နဲ့အတူတူပါပဲ။ ဒါကြောင့် ပြင်ပလောကက လူတွေ ဘာပြောပြော ကျွန်တော် အာရုံစိုက်နေမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့တယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၄)နေရာ ရပ်တည်ခဲ့ပြီး၊ ဆယ်စုနှစ်တစ်ခုကျော် ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။

REF:BBC
Photo:.thenational,talkSPORT
Naing Linn(Akhayar)
www.akhayar.com