[Zawgyi]

႐ုိးမားဂုိးသမား အယ္လစ္ဆန္ Alisson ကုိ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းခဲ့တဲ့ လီဗာပူးလ္

လာမယ့္ရာသီအတြက္ ျပင္ဆင္မႈေတြ လုပ္ေနတဲ့ လီဗာပူးလ္အသင္းဟာ ႐ုိးမားအသင္းက ဘရာဇီးလ္လက္ေရြးစင္ဂုိးသမား အယ္လစ္ဆန္ Alisson ကုိ ဂုိးသမားတစ္ဦးအတြက္ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္(၆၂)သန္းအထိေပးၿပီး ကမ္းလွမ္းလုိက္ၿပီျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ကာလရွည္ရင္ဆုိင္ေနရတဲ့ ဂုိးသမားျပႆနာကုိ ေျဖရွင္းဖုိ႔အတြက္သာမက နည္းျပယာဂန္ကေလာ့ပ္ Jurgen Klopp ကလည္း သူတို႔အသင္း လာမယ့္ရာသီမွာ ေအာင္ျမင္မႈရခ်င္ရင္ လက္ရွိဂုိးသမား ကာရီယပ္စ္ Karius ရဲ႕ေနရာကုိထိပ္တန္းအဆင့္ဂုိးသမားတစ္ဦးနဲ႔အစားထုိးဖုိ႔ ဆႏၵရွိေနတာပါ။

Alisson-Becker

Alisson-Becker

အယ္လစ္ဆန္ကုိ ခ်ယ္လ္ဆီးအသင္းက ေခၚယူဖုိ႔ စိတ္၀င္စားေနေပမယ့္လည္း လီဗာပူးလ္အသင္းက လက္ဦးမႈရယူတဲ့အေနနဲ႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ လီဗာပူးလ္အသင္းက အယ္လစ္ဆန္အတြက္ ေျပာင္းေရႊ႕ေၾကးသီးသန္႔ ေပါင္(၅၃)သန္း၊ ေအာင္ျမင္မႈအေပၚ မူတည္ၿပီး ေနာက္ထပ္ ေပါင္(၉)သန္းေပးေခ်သြားမယ္ဆုိၿပီး ႐ုိးမားအသင္းထံ ကမ္းလွမ္းခဲ့တယ္လုိ႔ သိရတယ္။ လီဗာပူးလ္အသင္းဟာ အခုေႏြရာသီအတြင္း နာဘီကီတာ Naby Keita ၊ ဖာဘင္ဟုိ Fabinho ၊ ရွာကီရီ Shaqiri တို႔(၃)ဦးအတြက္ ေပါင္သန္း(၁၀၀)ေက်ာ္သုံးစဲြခဲ့ၿပီးျဖစ္ေပမယ့္လည္း သူတို႔ရဲ႕အဓိက ပစ္မွတ္က ဂုိးသမားသစ္တစ္ဦးေခၚယူဖုိ႔ပါပဲ။ ႐ုိးမားအသင္းနဲ႔ လီဗာပူးလ္အသင္းၾကားမွာလည္း ဆက္ဆံေရးေကာင္းေတြရွိေနတာေၾကာင့္ အယ္လစ္ဆန္ရဲ႕အေျပာင္းအေရႊ႕က မၾကာခင္အထေျမာက္လာဖုိ႔ရွိေနတယ္။ တကယ္လုိ႔ အယ္လစ္ဆန္သာ လီဗာပူးလ္အသင္းကုိ ေပါင္(၆၂)သန္းနဲ႔ေရာက္ရွိခဲ့မယ္ဆုိရင္ ဂုိးသမားထဲမွာ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပုိင္ရွင္ မန္စီးတီးဂုိးသမား အီဒါဆင္ Ederson ရဲ႕စံခ်ိန္ကုိ ေက်ာ္ျဖတ္ႏုိင္မွာပါ။ အီဒါဆင္ဟာ ၿပီးခဲ့တဲ့ရာသီက ဘင္ဖီကာအသင္းကေန မန္စီးတီးအသင္းကုိ ေပါင္(၃၅)သန္းနဲ႔ေျပာင္းေရႊ႕ခဲ့ၿပီး ဂုိးသမားထဲမွာ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ဂုိးသမားထဲမွာ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားမ်ား

1. Ederson (Benfica to Man City) – £35m

2. Gianluigi Buffon (Parma to Juventus) – £33m

3. Jordan Pickford (Sunderland to Everton) – £25m

4. Bernd Leno (Bayer Leverkusen to Arsenal) – £20m

5. David De Gea (Atletico to Man Utd) – £18.3m

REF:Daily Mail
Photo:Gool FM,persgroep.net
Naing Linn (Akhayar)
www.akhayar.com

[Unicode]

ရိုးမားဂိုးသမား အယ်လစ်ဆန် Alisson ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တဲ့ လီဗာပူးလ်

လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေ လုပ်နေတဲ့ လီဗာပူးလ်အသင်းဟာ ရိုးမားအသင်းက ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန် Alisson ကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၆၂)သန်းအထိပေးပြီး ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကာလရှည်ရင်ဆိုင်နေရတဲ့ ဂိုးသမားပြဿနာကို ဖြေရှင်းဖို့အတွက်သာမက နည်းပြယာဂန်ကလော့ပ် Jurgen Klopp ကလည်း သူတို့အသင်း လာမယ့်ရာသီမှာ အောင်မြင်မှုရချင်ရင် လက်ရှိဂိုးသမား ကာရီယပ်စ် Karius ရဲ့နေရာကိုထိပ်တန်းအဆင့်ဂိုးသမားတစ်ဦးနဲ့အစားထိုးဖို့ ဆန္ဒရှိနေတာပါ။

Alisson-Becker

Alisson-Becker

အယ်လစ်ဆန်ကို ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း လီဗာပူးလ်အသင်းက လက်ဦးမှုရယူတဲ့အနေနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ လီဗာပူးလ်အသင်းက အယ်လစ်ဆန်အတွက် ပြောင်းရွှေ့ကြေးသီးသန့် ပေါင်(၅၃)သန်း၊ အောင်မြင်မှုအပေါ် မူတည်ပြီး နောက်ထပ် ပေါင်(၉)သန်းပေးချေသွားမယ်ဆိုပြီး ရိုးမားအသင်းထံ ကမ်းလှမ်းခဲ့တယ်လို့ သိရတယ်။ လီဗာပူးလ်အသင်းဟာ အခုနွေရာသီအတွင်း နာဘီကီတာ Naby Keita ၊ ဖာဘင်ဟို Fabinho ၊ ရှာကီရီ Shaqiri တို့(၃)ဦးအတွက် ပေါင်သန်း(၁၀၀)ကျော်သုံးစွဲခဲ့ပြီးဖြစ်ပေမယ့်လည်း သူတို့ရဲ့အဓိက ပစ်မှတ်က ဂိုးသမားသစ်တစ်ဦးခေါ်ယူဖို့ပါပဲ။ ရိုးမားအသင်းနဲ့ လီဗာပူးလ်အသင်းကြားမှာလည်း ဆက်ဆံရေးကောင်းတွေရှိနေတာကြောင့် အယ်လစ်ဆန်ရဲ့အပြောင်းအရွှေ့က မကြာခင်အထမြောက်လာဖို့ရှိနေတယ်။ တကယ်လို့ အယ်လစ်ဆန်သာ လီဗာပူးလ်အသင်းကို ပေါင်(၆၂)သန်းနဲ့ရောက်ရှိခဲ့မယ်ဆိုရင် ဂိုးသမားထဲမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် မန်စီးတီးဂိုးသမား အီဒါဆင် Ederson ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မှာပါ။ အီဒါဆင်ဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းကနေ မန်စီးတီးအသင်းကို ပေါင်(၃၅)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ဂိုးသမားထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဂိုးသမားထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးကစားသမားများ

1. Ederson (Benfica to Man City) – £35m

2. Gianluigi Buffon (Parma to Juventus) – £33m

3. Jordan Pickford (Sunderland to Everton) – £25m

4. Bernd Leno (Bayer Leverkusen to Arsenal) – £20m

5. David De Gea (Atletico to Man Utd) – £18.3m

REF:Daily Mail
Photo:Gool FM,persgroep.net
Naing Linn (Akhayar)
www.akhayar.com