[Zawgyi]

တန္းဆင္းဇုန္ထဲက အသင္းေတြကုိ အသာမရတဲ့မွတ္တမ္းဆုိး ခ်ိဳးျဖတ္ရေတာ့မယ့္ ယာဂန္ကေလာ့ပ္ Jurgen Klopp

ပရီးမီးယားလိဂ္ ရာသီအစ (၈)ပဲြမွာ (၆)ပဲြႏုိင္၊ (၂)ပဲြသေရက်ၿပီး အျမင့္ပ်ံေနတဲ့ လီဗာပူးလ္အသင္း ေအာင္ျမင္မႈအတြက္ ၾကိဳးၾကာနီပရိသတ္ေတြ အႀကီးအက်ယ္ေအာင္ပဲြခံေနၾကတာက သူတို႔ရဲ႕ၿပိဳင္ဘက္ပရိသတ္ေတြ မ်က္စိစပါးေမႊး စူးခ်င္စရာပါပဲ။ အခုဆုိရင္ လီဗာပူးလ္အသင္းက မန္စီးတီး၊ ခ်ယ္လ္ဆီးအသင္းတို႔နဲ႔ အမွတ္တူ ဂုိးကြာျခားခ်က္အရ တတိေနရာမွာ ရပ္တည္ေနတယ္။ လာမယ့္ပဲြစဥ္ေတြမွာလည္း ဟတ္ဒါဖီးလ္၊ ကာဒစ္ဖ္တို႔နဲ႔ ဆုံေတြ႕ေနလုိ႔ လီဗာပူးလ္အသင္းအတြက္ အခက္အခဲမရွိႏုိင္ဘူးလုိ႔ ထင္စရာပါပဲ။ ဒါေပမဲ့ ယာဂန္ကေလာ့ပ္ Jurgen Klopp လက္ထက္ တန္းဆင္းဇုန္က (၃)သင္းနဲ႔ ရင္ဆုိင္ခဲ့တဲ့ မွတ္တမ္းေတြကုိ ျပန္ၾကည့္ရင္ေတာ့ လီဗာပူးလ္ပရိသတ္ေတြ စုိးရိမ္စိတ္ျဖစ္လာႏုိင္တယ္။

Liverpool-have-an-awful-record-against-bottom-three-teams

Liverpool-have-an-awful-record-against-bottom-three-teams

လီဗာပူးလ္အသင္းကုိ ယာဂန္ကေလာ့ပ္ စတင္ကုိင္တြယ္ခဲ့ခ်ိန္ကစၿပီး အခုအခ်ိန္အထိ တန္းဆင္းဇုန္ထဲက အသင္းေတြနဲ႔ (၁၉)ပဲြဆုံေတြ႕ခဲ့တာမွာ (၆)ပဲြပဲ အႏုိင္ရခဲ့တယ္။ ၂၀၁၅၊ ဒီဇင္ဘာလတုန္းက အဆင့္(၁၉)ေနရာက နယူးကာဆယ္ကုိ (၂-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တာကုိ ၾကည့္ရင္ လီဗာပူးလ္အသင္းအတြက္ စုိးရိမ္ရမယ့္အသင္းေတြက တန္းဆင္းဇုန္အသင္းေတြျဖစ္ေနတာကုိ အံ့အားသင့္စရာေကာင္းေအာင္ ေတြ႕ႏုိင္ပါတယ္။

URGEN-KLOPP-AGAINST-PREMIER-LEAGUE-BOTTOM-THREE

JURGEN-KLOPP-AGAINST-PREMIER-LEAGUE-BOTTOM-THREE

၂၀၁၇ ေဆာင္းရာသီကာလတုန္းကလည္း ဆြမ္ဆီး၊ ဟားလ္စီးတီး၊ လက္စတာအသင္းတို႔ကုိ ႐ႈံးနိမ့္ခဲ့ဖူးတယ္။ ၿပီးခဲ့တဲ့ႏွစ္က တန္းဆင္းဇုန္က (၃)သင္းနဲ႔ (၆)ပဲြကစားခ့ဲၿပီး (၂)ပဲြပဲ အႏုိင္ရခဲ့တယ္။ အခုအခ်ိန္မွာ လီဗာပူးလ္အသင္းရဲ႕ အဓိက ကစားတခ်ိဳ႕ ဒဏ္ရာေတြေၾကာင့္ ရာႏႈန္းျပည့္ႀကံ့ခုိင္မႈ မရွိတာေၾကာင့္ ယာဂန္ကေလာ့ပ္အတြက္ စုိးရိမ္စရာပါပဲ။ အရင္ကတည္းက လီဗာပူးလ္အသင္းဟာ အသင္းငယ္ေတြနဲ႔ဆုိရင္ မထင္မွတ္ဘဲ ရလဒ္ဆုိးတတ္တဲ့ အစဥ္အလာရွိတာေၾကာင့္ ဒီမွတ္တမ္းဆုိးကုိ ယာဂန္ကေလာ့ပ္ ခ်ိဳးျဖတ္ျပႏုိင္ဖုိ႔ လုိအပ္ေနပါၿပီ . .

JURGEN-KLOPP-AGAINST-PREMIER-LEAGUE-BOTTOM-THREE-

JURGEN-KLOPP-AGAINST-PREMIER-LEAGUE-BOTTOM-THREE-

KLOPP v BOTTOM 3
Played: 19

Won: 6

Drawn: 7

Lost: 6

REF:Daily Mail
Photo:Liverpool,Evening Standard,This Is Anfield,uk.reuters
Naing Linn(Akhayar)
www.akhayar.com

[Unicode]

တန်းဆင်းဇုန်ထဲက အသင်းတွေကို အသာမရတဲ့မှတ်တမ်းဆိုး ချိုးဖြတ်ရတော့မယ့် ယာဂန်ကလော့ပ် Jurgen Klopp

ပရီးမီးယားလိဂ် ရာသီအစ (၈)ပွဲမှာ (၆)ပွဲနိုင်၊ (၂)ပွဲသရေကျပြီး အမြင့်ပျံနေတဲ့ လီဗာပူးလ်အသင်း အောင်မြင်မှုအတွက် ကြိုးကြာနီပရိသတ်တွေ အကြီးအကျယ်အောင်ပွဲခံနေကြတာက သူတို့ရဲ့ပြိုင်ဘက်ပရိသတ်တွေ မျက်စိစပါးမွှေး စူးချင်စရာပါပဲ။ အခုဆိုရင် လီဗာပူးလ်အသင်းက မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့နဲ့ အမှတ်တူ ဂိုးကွာခြားချက်အရ တတိနေရာမှာ ရပ်တည်နေတယ်။ လာမယ့်ပွဲစဉ်တွေမှာလည်း ဟတ်ဒါဖီးလ်၊ ကာဒစ်ဖ်တို့နဲ့ ဆုံတွေ့နေလို့ လီဗာပူးလ်အသင်းအတွက် အခက်အခဲမရှိနိုင်ဘူးလို့ ထင်စရာပါပဲ။ ဒါပေမဲ့ ယာဂန်ကလော့ပ် Jurgen Klopp လက်ထက် တန်းဆင်းဇုန်က (၃)သင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ရင်တော့ လီဗာပူးလ်ပရိသတ်တွေ စိုးရိမ်စိတ်ဖြစ်လာနိုင်တယ်။

Liverpool-have-an-awful-record-against-bottom-three-teams

လီဗာပူးလ်အသင်းကို ယာဂန်ကလော့ပ် စတင်ကိုင်တွယ်ခဲ့ချိန်ကစပြီး အခုအချိန်အထိ တန်းဆင်းဇုန်ထဲက အသင်းတွေနဲ့ (၁၉)ပွဲဆုံတွေ့ခဲ့တာမှာ (၆)ပွဲပဲ အနိုင်ရခဲ့တယ်။ ၂၀၁၅၊ ဒီဇင်ဘာလတုန်းက အဆင့်(၁၉)နေရာက နယူးကာဆယ်ကို (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကို ကြည့်ရင် လီဗာပူးလ်အသင်းအတွက် စိုးရိမ်ရမယ့်အသင်းတွေက တန်းဆင်းဇုန်အသင်းတွေဖြစ်နေတာကို အံ့အားသင့်စရာကောင်းအောင် တွေ့နိုင်ပါတယ်။

URGEN-KLOPP-AGAINST-PREMIER-LEAGUE-BOTTOM-THREE

JURGEN-KLOPP-AGAINST-PREMIER-LEAGUE-BOTTOM-THREE

၂၀၁၇ ဆောင်းရာသီကာလတုန်းကလည်း ဆွမ်ဆီး၊ ဟားလ်စီးတီး၊ လက်စတာအသင်းတို့ကို ရှုံးနိမ့်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့နှစ်က တန်းဆင်းဇုန်က (၃)သင်းနဲ့ (၆)ပွဲကစားခဲ့ပြီး (၂)ပွဲပဲ အနိုင်ရခဲ့တယ်။ အခုအချိန်မှာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားတချို့ ဒဏ်ရာတွေကြောင့် ရာနှုန်းပြည့်ကြံ့ခိုင်မှု မရှိတာကြောင့် ယာဂန်ကလော့ပ်အတွက် စိုးရိမ်စရာပါပဲ။ အရင်ကတည်းက လီဗာပူးလ်အသင်းဟာ အသင်းငယ်တွေနဲ့ဆိုရင် မထင်မှတ်ဘဲ ရလဒ်ဆိုးတတ်တဲ့ အစဉ်အလာရှိတာကြောင့် ဒီမှတ်တမ်းဆိုးကို ယာဂန်ကလော့ပ် ချိုးဖြတ်ပြနိုင်ဖို့ လိုအပ်နေပါပြီ . .

JURGEN-KLOPP-AGAINST-PREMIER-LEAGUE-BOTTOM-THREE-

JURGEN-KLOPP-AGAINST-PREMIER-LEAGUE-BOTTOM-THREE-

KLOPP v BOTTOM 3
Played: 19

Won: 6

Drawn: 7

Lost: 6

REF:Daily Mail
Photo:Liverpool,Evening Standard,This Is Anfield,uk.reuters
Naing Linn(Akhayar)
www.akhayar.com