[Zawgyi]

ဖယ္ကီယာအတြက္ လိုင္ယြန္အသင္းနဲ႔ သေဘာတူညီမႈရရွိေတာ့မယ့္ လီဗာပူးလ္

နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ရဲ႕အခုႏွစ္ ေႏြရာသီ အဓိက ပစ္မွတ္ ကစားသမား ဖယ္ကီယာ Fekir အတြက္ လိုင္ယြန္အသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ သေဘာတူညီမႈရဖို႔ နီးစပ္ေနၿပီ ျဖစ္ပါတယ္။ အခုတစ္ပတ္ ေသာၾကာေန႔မွာ ဖယ္ကီယာ Fekir ရဲ႕ အေျပာင္းအေရႊ႕ကို ကလပ္အသင္း (၂)သင္းၾကား အၿပီးသတ္သြားဖို႔ ရွိေနပါတယ္။ လီဗာပူးလ္အသင္းဟာ ဖယ္ကီယာ Fekir အတြက္ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ (၄၈.၃၅)သန္း ေပးေခ်သြားရမွာျဖစ္ကာ ကစားသမားရဲ႕ စြမ္းေဆာင္ရည္အေပၚမူတည္ၿပီး အျမင့္ဆံုး ေပါင္ (၄.၄)သန္းအထိ ထပ္မံ ေပးေခ်သြားရဖို႔ ရွိေနပါတယ္။ လီဗာပူးလ္အသင္း နည္းျပ ကေလာ့ပ္ Klopp ရဲ႕ ပစ္မွတ္ ကစားသမား ဖယ္ကီယာ Fekir ဟာ လိုင္ယြန္အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမား တစ္ဦးျဖစ္ၿပီး အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနတဲ့ ကစားသမား ျဖစ္ပါတယ္။ လိုင္ယြန္အသင္း ဥကၠဌ ေအာ္လပ္စ္ Aulas က လီဗာပူးလ္အသင္းရဲ႕ ကမ္းလွမ္းမႈေတြကို ပယ္ခ်ဖို႔ စီစဥ္ခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က မာေဆးလ္ဆိုက္ဒ္ၿမိဳ႕ခံအသင္းကို ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အခုတစ္ပတ္ ေသာၾကာေန႔က ဖယ္ကီယာ Fekir ရဲ႕ အေျပာင္းအေရႊ႕အတြက္ အေရးပါတဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္သြားမွာျဖစ္လို႔ လာမယ့္ တစ္ပတ္မတိုင္ခင္ အေျပာင္းအေရႊ႕ကို တရားဝင္ ေၾကညာသြားဖို႔ ရွိေနပါတယ္။

Lyon-Captain-Nabil-Fekir.

Lyon-Captain-Nabil-Fekir.

လီဗာပူးလ္အသင္းဟာ ကစားသမားသစ္ ေခၚယူမႈေတြကို ေျခလွမ္းသြက္သြက္နဲ႔ ျပဳလုပ္ေနၿပီး လိုက္ပ္ဇစ္အသင္း ကြင္းလယ္လူ ကီတာ Keita ကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕မွာထဲက ေပါင္ (၅၂.၇၅)သန္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း အခုႏွစ္ ေႏြရာသီ ဒုတိယေျမာက္ ကစားသမား ေခၚယူမႈအျဖစ္ မိုနာကိုအသင္းရဲ႕ ဘရာဇီးလ္ ကြင္းလယ္လူ ေဖဘင္ဟုိ Fabinho ကို ေပါင္ (၃၉)သန္းနဲ႔ ေခၚယူခဲ့တာ ျဖစ္ပါတယ္။ လိဂ္ခ်န္ပီယံရွစ္ကို တန္းဆင္းခဲ့ရတဲ့ စတုတ္စီးတီးကေန အခုႏွစ္မွာ ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ေတာင္ပံတိုက္စစ္ ကစားသမား ရွာကီရီ Shaqiri ကို ကစားသမားရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ (၁၂)သန္းနဲ႔ လီဗာပူးလ္အသင္းက ထပ္မံေခၚယူသြားဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

REF:BBC Sport
Photo:The Independent, Punter Predict WordPress.com, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဖယ်ကီယာအတွက် လိုင်ယွန်အသင်းနဲ့ သဘောတူညီမှုရရှိတော့မယ့် လီဗာပူးလ်

နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ရဲ့အခုနှစ် နွေရာသီ အဓိက ပစ်မှတ် ကစားသမား ဖယ်ကီယာ Fekir အတွက် လိုင်ယွန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ သဘောတူညီမှုရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ အခုတစ်ပတ် သောကြာနေ့မှာ ဖယ်ကီယာ Fekir ရဲ့ အပြောင်းအရွှေ့ကို ကလပ်အသင်း (၂)သင်းကြား အပြီးသတ်သွားဖို့ ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ ဖယ်ကီယာ Fekir အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် (၄၈.၃၅)သန်း ပေးချေသွားရမှာဖြစ်ကာ ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး အမြင့်ဆုံး ပေါင် (၄.၄)သန်းအထိ ထပ်မံ ပေးချေသွားရဖို့ ရှိနေပါတယ်။ လီဗာပူးလ်အသင်း နည်းပြ ကလော့ပ် Klopp ရဲ့ ပစ်မှတ် ကစားသမား ဖယ်ကီယာ Fekir ဟာ လိုင်ယွန်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ဦးဖြစ်ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ကစားသမား ဖြစ်ပါတယ်။ လိုင်ယွန်အသင်း ဥက္ကဌ အော်လပ်စ် Aulas က လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချဖို့ စီစဉ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က မာဆေးလ်ဆိုက်ဒ်မြို့ခံအသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အခုတစ်ပတ် သောကြာနေ့က ဖယ်ကီယာ Fekir ရဲ့ အပြောင်းအရွှေ့အတွက် အရေးပါတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်လို့ လာမယ့် တစ်ပတ်မတိုင်ခင် အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားဖို့ ရှိနေပါတယ်။

Lyon-Captain-Nabil-Fekir.

Lyon-Captain-Nabil-Fekir.

လီဗာပူးလ်အသင်းဟာ ကစားသမားသစ် ခေါ်ယူမှုတွေကို ခြေလှမ်းသွက်သွက်နဲ့ ပြုလုပ်နေပြီး လိုက်ပ်ဇစ်အသင်း ကွင်းလယ်လူ ကီတာ Keita ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာထဲက ပေါင် (၅၂.၇၅)သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အခုနှစ် နွေရာသီ ဒုတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် မိုနာကိုအသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဖေဘင်ဟို Fabinho ကို ပေါင် (၃၉)သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လိဂ်ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတဲ့ စတုတ်စီးတီးကနေ အခုနှစ်မှာ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ တောင်ပံတိုက်စစ် ကစားသမား ရှာကီရီ Shaqiri ကို ကစားသမားရဲ့ စာချုပ်ပါလျော်ကြေး ပေါင် (၁၂)သန်းနဲ့ လီဗာပူးလ်အသင်းက ထပ်မံခေါ်ယူသွားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

REF:BBC Sport
Photo:The Independent, Punter Predict WordPress.com, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com