[Zawgyi]

Coutinho ရဲ႕ ေနရာကုိ အစားထုိးဖုိ႔ မလြယ္ဘူးလုိ႔ ၀န္ခံခဲ့တဲ့ Jurgen Klopp

လီဗာပူးလ္အသင္းနညး္ျပ ယာဂန္ကေလာ့ပ္ Jurgen Klopp က ေကာ္တင္ဟုိ Coutinho ရဲ႕ေနရာကုိ အစားထုိးဖုိ႔ ဘယ္ေတာ့မွ ကစားသမားသစ္ ေခၚမွာ မဟုတ္ဘဲ သူ႔ေနရာ အစား၀င္ႏုိင္တဲ့ကစားသမား မရွိေသးဘူးလုိ႔ ၀န္ခံေျပာဆုိခဲ့တယ္။ ဘရာဇီးလ္လက္ေရြးစင္ကစားသမား ေကာ္တင္ဟုိဟာ အခုႏွစ္၊ ဇန္န၀ါရီလတုန္းက ဘာစီလုိနာအသင္းကုိ ေျပာင္းေရႊ႕ေၾကးေပါင္သနး္(၁၄၀)နဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီး သူ မရွိေတာ့ေပမယ့္ လီဗာပူးလ္အသင္းက အေျခအေနပ်က္သြားတာမ်ိဳး မျဖစ္ခဲ့ဘဲ ပရီးမီးယားလိဂ္အဆင့္(၄)အတြင္း ၀င္ခဲ့သလုိ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ တက္ေရာက္ႏုိင္ခဲ့တယ္။

Philippe-Coutinho

Philippe-Coutinho

လီဗာပူးလ္အသင္းဟာ အခုေႏြရာသီမွာ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္ခဲ့ေပမယ့္ ေကာ္တင္ဟုိရဲ႕ေနရာကုိ အစားထုိးႏုိင္မယ့္ကစားသမားေတာ့ မပါခဲ့ပါဘူး။ ယာဂန္ကေလာ့ပ္က “ေကာ္တင္ဟုိနဲ႔ အရည္အေသြးတူတဲ့ ကစားသမားမ်ိဳးကုိ ရွာေဖြလုိ႔မရႏုိင္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူဟာ ေကာ္တင္ဟုိျဖစ္ေနလုိ႔ပါပဲ။ ေကာ္တင္ဟုိရဲ႕ ေျခစြမ္း၊ နည္းစနစ္ပုိင္းက ထိပ္တန္းအဆင့္မွာရွိပါတယ္။ သူက ေတာင္ပံမွာ ကစားႏုိင္သလုိ No.10 Role၊ No.8 Role ေနရာေတြမွာ ကစားႏုိင္သူပါ”လုိ႔ ခ်ီးက်ဴးခ့ဲတယ္။ အသက္(၂၆)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေကာ္တင္ဟုိဟာ ၂၀၁၃ ခုႏွစ္က အင္တာမီလန္အသင္းကေန လီဗာပူးလ္အသငး္ကုိ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး (၂၀၁)ပဲြကစား (၅၄)ဂုိးသြင္းယူခဲ့သလုိ ဂုိးဖန္တီးမႈ (၄၅)ႀကိမ္အထိ ျပဳလုပ္ခဲ့သူျဖစ္ပါတယ္။

REF:sportskeeda
Photo:Business Insider,Pinterest
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Coutinho ရဲ့ နေရာကို အစားထိုးဖို့ မလွယ်ဘူးလို့ ဝန်ခံခဲ့တဲ့ Jurgen Klopp

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် Jurgen Klopp က ကော်တင်ဟို Coutinho ရဲ့နေရာကို အစားထိုးဖို့ ဘယ်တော့မှ ကစားသမားသစ် ခေါ်မှာ မဟုတ်ဘဲ သူ့နေရာ အစားဝင်နိုင်တဲ့ကစားသမား မရှိသေးဘူးလို့ ဝန်ခံပြောဆိုခဲ့တယ်။ ဘရာဇီးလ်လက်ရွေးစင်ကစားသမား ကော်တင်ဟိုဟာ အခုနှစ်၊ ဇန်နဝါရီလတုန်းက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း(၁၄၀)နဲ့ ပြောင်းရွှေ့ခဲ့ပြီး သူ မရှိတော့ပေမယ့် လီဗာပူးလ်အသင်းက အခြေအနေပျက်သွားတာမျိုး မဖြစ်ခဲ့ဘဲ ပရီးမီးယားလိဂ်အဆင့်(၄)အတွင်း ဝင်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တယ်။

Philippe-Coutinho

Philippe-Coutinho

လီဗာပူးလ်အသင်းဟာ အခုနွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ခဲ့ပေမယ့် ကော်တင်ဟိုရဲ့နေရာကို အစားထိုးနိုင်မယ့်ကစားသမားတော့ မပါခဲ့ပါဘူး။ ယာဂန်ကလော့ပ်က “ကော်တင်ဟိုနဲ့ အရည်အသွေးတူတဲ့ ကစားသမားမျိုးကို ရှာဖွေလို့မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကော်တင်ဟိုဖြစ်နေလို့ပါပဲ။ ကော်တင်ဟိုရဲ့ ခြေစွမ်း၊ နည်းစနစ်ပိုင်းက ထိပ်တန်းအဆင့်မှာရှိပါတယ်။ သူက တောင်ပံမှာ ကစားနိုင်သလို No.10 Role၊ No.8 Role နေရာတွေမှာ ကစားနိုင်သူပါ”လို့ ချီးကျူးခဲ့တယ်။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော်တင်ဟိုဟာ ၂၀၁၃ ခုနှစ်က အင်တာမီလန်အသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး (၂၀၁)ပွဲကစား (၅၄)ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှု (၄၅)ကြိမ်အထိ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

REF:sportskeeda
Photo:Business Insider,Pinterest
Naing Linn(Akhayar)
www.akhayar.com