[Zawgyi]

မန္ယူကုိ ထုိက္ထုိက္တန္တန္ အႏုိင္ယူၿပီး အမွတ္ေပးဇယား ထိပ္ဆုံးေနရာ ျပန္လည္ရယူခဲ့တဲ့ လီဗာပူးလ္

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ရဲ႕ ပဲြႀကီးပဲြေကာင္းတစ္ပဲြျဖစ္တဲ့ လီဗာပူးလ္-မန္ယူပဲြမွာေတာ့ လီဗာပူးလ္အသင္းဟာ ထုိက္တန္တဲ့ေျခစြမ္းနဲ႔ မန္ယူကုိ (၃-၁)ဂုိးနဲ႔ အႏုိင္ယူၿပီး နာရီပုိင္းအၾကာ လက္လႊတ္ခဲ့ရတဲ့ အမွတ္ေပးဇယား ထိပ္ဆုံးေနရာကုိ ျပန္သိမ္းပုိက္ခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ပဲြအစကတည္းက တိုက္စစ္ဖြင့္ ကစားခဲ့ၿပီး မန္ယူကေတာ့ ထုံးစံအတိုင္း ခံစစ္အသားေပးဗ်ဴဟာနဲ႔ တုံ႔ျပန္ခဲ့တယ္။ အသင္းႀကီးေတြနဲ႔ ေတြ႕တဲ့ပဲြေတြမွာ ေမာ္ရင္ဟုိ Mourinho ရဲ႕ နည္းဗ်ဴဟာ၊ လူထုတ္ပုံေတြက စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ခံစစ္ကုိ ပိတ္ကစား၊ သေရတစ္မွတ္ယူပုံစံပဲ ျမင္ေတြ႕ခဲ့ရတယ္။

Mane-Score

Mane-Score

ပထမဆုံး ပရီးမီးယားလိဂ္ ခ်န္ပီယံေမွ်ာ္လင့္ခ်က္အတြက္ ပုံစံေကာင္းျပေနတဲ့ လီဗာပူးလ္အသင္းဟာ မန္ယူအသင္းဘက္ကုိ တစ္ပဲြလုံး ၿခိမ္းေျခာက္ႏုိင္ခဲ့သလုိ ဂုိးေပါက္ကန္သြင္းခ်က္ အႀကိမ္(၃၀)ေက်ာ္အထိ ရွိခဲ့တယ္။ လီဗာပူးလ္အသင္းအတြက္ အဖြင့္ဂုိးကုိ (၂၄)မိနစ္မွာ ဖာဘင္ဟုိ Fabinho ရဲ႕ တိက်တဲ့ေပးပုိ႔မႈကေန မာေနး Mane က ပိတ္သြင္းခဲ့တာပါ။ ပဲြအစပုိင္းေလာက္မွာ မန္ယူ ဂုိးရခဲ့ေပမယ့္လည္း လူကာကူ Lukaku လူကၽြံေနလုိ႔ ဒုိင္လူႀကီးက ဂုိးမေပးခဲ့ဘူး။ မန္ယူအသင္း ကံေကာင္းခဲ့တာက လီဗာပူးလ္ ဂုိးသမား အယ္လစ္ဆန္ Alisson ရဲ႕ အမွားကေန လင္ဂတ္ Lingard ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

Lingard

Lingard

လင္ဂတ္လည္း အဲဒီတစ္လုံးက လဲြၿပီး က်န္တဲ့အခ်ိန္ေတြမွာ သုံးစားမရတဲ့ေျခစြမ္းမ်ိဳးနဲ႔ ကစားခဲ့တာေတာင္ ေမာ္ရင္ဟုိဟာ ပဲြၿပီးခါနီးမွ လူစားလဲခဲ့တာက တကယ့္ကုိ အံ့ၾသစရာပါပဲ။ သေရက်ခဲ့ေပမယ့္ လီဗာပူးလ္အသင္း ဘယ္အခ်ိန္ ဂုိးထပ္သြင္းမလဲဆုိတဲ့ အေနအထားမွာပဲ ရွိခဲ့ၿပီး ယာဂန္ကေလာ့ပ္ Jurgen Klopp ဟာ ကစားအားက်လာတဲ့ နာဘီကီတာ Naby Keïta ေနရာမွာ ရွာကီရီ Shaqiri ကုိ လူစားလဲကစားခဲ့တယ္။ မွန္ကန္တဲ့ လူစားလဲမႈလုိ႔ဆုိရမွာျဖစ္ၿပီး ရွာကီရီဟာ လီဗာပူးလ္အသင္း လုိအပ္ေနတဲ့ အႏုိင္ဂုိးေတြကုိ သြင္းယူႏုိင္ခဲ့တယ္။ (၇၃)မိနစ္မွာ ပယ္နယ္တီ ဧရိယာထဲကေန အေ၀းကန္ခ်က္နဲ႔ သြင္းယူခဲ့သလုိ၊ ေနာက္ထပ္တစ္ဂုိးကုိလည္း ဂုိးဧရိယာထိပ္ကေန သြင္းယူခဲ့တာပါ။ အဲဒီ(၂)ဂုိးစလုံး မန္ယူကစားသမားေတြနဲ႔ ထိခဲ့တာေၾကာင့္ မန္ယူအတြက္ ကံမေကာင္းခဲ့ဘူးလုိ႔ပဲ ေျပာရမယ္။

Shaqiri

Shaqiri

ဒီပဲြအႏုိင္ရခ့ဲလုိ႔ လီဗာပူးလ္အသင္းဟာ မန္ယူကုိ ပရီးမီးယားလိဂ္ (၈)ပဲြဆက္ အႏုိင္မရခဲ့တဲ့ မွတ္တမ္းဆုိးကုိ ရပ္တန္႔ႏုိင္ခဲ့သလုိ ယာဂန္ကေလာ့ပ္ကလည္း မန္ယူကုိ ပရီးမီးယားလိဂ္မွာ ပထမဆုံးအႀကိမ္ ႏုိင္ပဲြရယူႏုိင္ခဲ့ပါတယ္။

Photo:Premier League Facebook
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူကို ထိုက်ထိုက်တန်တန် အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ပြန်လည်ရယူခဲ့တဲ့ လီဗာပူးလ်

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ လီဗာပူးလ်-မန်ယူပွဲမှာတော့ လီဗာပူးလ်အသင်းဟာ ထိုက်တန်တဲ့ခြေစွမ်းနဲ့ မန်ယူကို (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး နာရီပိုင်းအကြာ လက်လွှတ်ခဲ့ရတဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်သိမ်းပိုက်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပွဲအစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့ပြီး မန်ယူကတော့ ထုံးစံအတိုင်း ခံစစ်အသားပေးဗျူဟာနဲ့ တုံ့ပြန်ခဲ့တယ်။ အသင်းကြီးတွေနဲ့ တွေ့တဲ့ပွဲတွေမှာ မော်ရင်ဟို Mourinho ရဲ့ နည်းဗျူဟာ၊ လူထုတ်ပုံတွေက စိတ်ပျက်စရာဖြစ်ခဲ့ပြီး ခံစစ်ကို ပိတ်ကစား၊ သရေတစ်မှတ်ယူပုံစံပဲ မြင်တွေ့ခဲ့ရတယ်။

Mane-Score

Mane-Score

ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်အတွက် ပုံစံကောင်းပြနေတဲ့ လီဗာပူးလ်အသင်းဟာ မန်ယူအသင်းဘက်ကို တစ်ပွဲလုံး ခြိမ်းခြောက်နိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းချက် အကြိမ်(၃၀)ကျော်အထိ ရှိခဲ့တယ်။ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို (၂၄)မိနစ်မှာ ဖာဘင်ဟို Fabinho ရဲ့ တိကျတဲ့ပေးပို့မှုကနေ မာနေး Mane က ပိတ်သွင်းခဲ့တာပါ။ ပွဲအစပိုင်းလောက်မှာ မန်ယူ ဂိုးရခဲ့ပေမယ့်လည်း လူကာကူ Lukaku လူကျွံနေလို့ ဒိုင်လူကြီးက ဂိုးမပေးခဲ့ဘူး။ မန်ယူအသင်း ကံကောင်းခဲ့တာက လီဗာပူးလ် ဂိုးသမား အယ်လစ်ဆန် Alisson ရဲ့ အမှားကနေ လင်ဂတ် Lingard ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

Lingard

Lingard

လင်ဂတ်လည်း အဲဒီတစ်လုံးက လွဲပြီး ကျန်တဲ့အချိန်တွေမှာ သုံးစားမရတဲ့ခြေစွမ်းမျိုးနဲ့ ကစားခဲ့တာတောင် မော်ရင်ဟိုဟာ ပွဲပြီးခါနီးမှ လူစားလဲခဲ့တာက တကယ့်ကို အံ့သြစရာပါပဲ။ သရေကျခဲ့ပေမယ့် လီဗာပူးလ်အသင်း ဘယ်အချိန် ဂိုးထပ်သွင်းမလဲဆိုတဲ့ အနေအထားမှာပဲ ရှိခဲ့ပြီး ယာဂန်ကလော့ပ် Jurgen Klopp ဟာ ကစားအားကျလာတဲ့ နာဘီကီတာ Naby Keïta နေရာမှာ ရှာကီရီ Shaqiri ကို လူစားလဲကစားခဲ့တယ်။ မှန်ကန်တဲ့ လူစားလဲမှုလို့ဆိုရမှာဖြစ်ပြီး ရှာကီရီဟာ လီဗာပူးလ်အသင်း လိုအပ်နေတဲ့ အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့တယ်။ (၇၃)မိနစ်မှာ ပယ်နယ်တီ ဧရိယာထဲကနေ အဝေးကန်ချက်နဲ့ သွင်းယူခဲ့သလို၊ နောက်ထပ်တစ်ဂိုးကိုလည်း ဂိုးဧရိယာထိပ်ကနေ သွင်းယူခဲ့တာပါ။ အဲဒီ(၂)ဂိုးစလုံး မန်ယူကစားသမားတွေနဲ့ ထိခဲ့တာကြောင့် မန်ယူအတွက် ကံမကောင်းခဲ့ဘူးလို့ပဲ ပြောရမယ်။

Shaqiri

Shaqiri

ဒီပွဲအနိုင်ရခဲ့လို့ လီဗာပူးလ်အသင်းဟာ မန်ယူကို ပရီးမီးယားလိဂ် (၈)ပွဲဆက် အနိုင်မရခဲ့တဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့သလို ယာဂန်ကလော့ပ်ကလည်း မန်ယူကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

Photo:Premier League Facebook
Naing Linn(Akhayar)
www.akhayar.com