[Zawgyi]

ခရိုေအးရွားေနာက္ခံလူ ဗီဒါ Vida နဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈ ရရွိခဲ့တဲ့ လီဗာပူးလ္

ဘက္ဆစ္တက္စ္အသင္းရဲ႕ ခရိုေအးရွားေနာက္ခံလူ ဗီဒါ Vida နဲ႔ လီဗာပူးလ္အသင္းတို႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ပါတယ္။ ဗီဒါ Vida အတြက္ ကလပ္အသင္း (၂)သင္း ေနာက္ဆံုးအဆင့္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ဘက္ဆစ္တက္စ္အသင္း ေတာင္းဆိုထားတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ (၂၂)သန္းအတြက္ ညွိႏႈိင္းမႈေတြ ျပဳလုပ္ေနခဲ့ေၾကာင္း သိရပါတယ္။ လီဗာပူးလ္အသင္းက ေနာက္ခံလူ ဗီဒါ Vida ကို (၂)ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုေတာ့မွာျဖစ္ေၾကာင္း တူရကီအေျခစိုက္ မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ခရိုေအးရွားအသင္းနဲ႔ ျပသခဲ့တဲ့ ေျခစြမ္းေတြေၾကာင့္ လီဗာပူးလ္အသင္းက ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနခဲ့တာပါ။ ႏိုင္ငံလက္ေရြးစင္အသင္းအတြက္ (၆၅)ပြဲအထိ ကစားေပးထားတဲ့ အသက္ (၂၉)ႏွစ္ အရြယ္ရွိ ဗီဒါ Vida ကို ေခၚယူသြားမွာ မဟုတ္ေၾကာင္း မာေဆးလ္ဆိုဒ္ေဒသခံ မီဒီယာေတြက ေဖာ္ျပခဲ့ေပမယ့္ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

Vida-impresses-in-Croatias-run-to-the-World-Cup-final

Vida-impresses-in-Croatias-run-to-the-World-Cup-final

ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလကမွ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးတစ္ရပ္နဲ႔ ဗန္ဒိုက္ Van Dijk ကို ေခၚယူထားခဲ့ေပမယ့္ အသင္းခံစစ္ကို အခုထက္ပိုမုိ အင္အားေတာင့္တင္းေအာင္ ျဖည့္တင္းသြားဖို႔ နည္းျပ ကေလာ့ပ္ Klopp က ဆႏၵရွိခဲ့တာေၾကာင့္ ဗဟိုခံစစ္မွဴးတစ္ဦးကို ေစာင့္ၾကည့္ေနခဲ့တာပါ။ ေဒါ့မြန္နဲ႔ ကစားခဲ့တဲ့ ပြဲမွာ ၾကြက္သားဒဏ္ရာရရွိခဲ့လို႔ အသင္းရဲ႕ ရာသီႀကိဳေျခစမ္းခရီးကေန ျပန္လည္ေစလႊတ္ခံခဲ့ရတဲ့ ေနာက္ခံလူ မာတစ္ Matip ရဲ႕ ဒဏ္ရာအေျခအေနက ကာလရွည္ အနားယူရဖို႔ မရွိေပမယ့္ ဗဟိုေနာက္ခံလူတစ္ဦးကို ထပ္မံအားျဖည့္သြားဖို႔ စီစဥ္လာခဲ့တာျဖစ္ပါတယ္။ အခုႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ေျခလွမ္းသြက္ေနတဲ့ လီဗာပူးလ္အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၇၆.၇၅)သန္းအထိ အသံုးျပဳၿပီး ဂိုးသမား အဲလစ္ဆန္ Alisson ၊ နာဘီကီတာ Naby Kieta ၊ ဖာဘင္ဟို Fabinho နဲ႔ ရွာကီရီ Shaqiri တို႔ကို ေခၚယူထားခဲ့ပါတယ္။

REF:The Sun
Photo:decaturdaily.com, USA Today
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ခရိုအေးရှားနောက်ခံလူ ဗီဒါ Vida နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့တဲ့ လီဗာပူးလ်

ဘက်ဆစ်တက်စ်အသင်းရဲ့ ခရိုအေးရှားနောက်ခံလူ ဗီဒါ Vida နဲ့ လီဗာပူးလ်အသင်းတို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ ဗီဒါ Vida အတွက် ကလပ်အသင်း (၂)သင်း နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘက်ဆစ်တက်စ်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် (၂၂)သန်းအတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက နောက်ခံလူ ဗီဒါ Vida ကို (၂)နှစ် စာချုပ်ချုပ်ဆိုတော့မှာဖြစ်ကြောင်း တူရကီအခြေစိုက် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းနဲ့ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် လီဗာပူးလ်အသင်းက စောင့်ကြည့်မှုတွေ ပြုလုပ်နေခဲ့တာပါ။ နိုင်ငံလက်ရွေးစင်အသင်းအတွက် (၆၅)ပွဲအထိ ကစားပေးထားတဲ့ အသက် (၂၉)နှစ် အရွယ်ရှိ ဗီဒါ Vida ကို ခေါ်ယူသွားမှာ မဟုတ်ကြောင်း မာဆေးလ်ဆိုဒ်ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Vida-impresses-in-Croatias-run-to-the-World-Cup-final

Vida-impresses-in-Croatias-run-to-the-World-Cup-final

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ဗန်ဒိုက် Van Dijk ကို ခေါ်ယူထားခဲ့ပေမယ့် အသင်းခံစစ်ကို အခုထက်ပိုမို အင်အားတောင့်တင်းအောင် ဖြည့်တင်းသွားဖို့ နည်းပြ ကလော့ပ် Klopp က ဆန္ဒရှိခဲ့တာကြောင့် ဗဟိုခံစစ်မှူးတစ်ဦးကို စောင့်ကြည့်နေခဲ့တာပါ။ ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့လို့ အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးကနေ ပြန်လည်စေလွှတ်ခံခဲ့ရတဲ့ နောက်ခံလူ မာတစ် Matip ရဲ့ ဒဏ်ရာအခြေအနေက ကာလရှည် အနားယူရဖို့ မရှိပေမယ့် ဗဟိုနောက်ခံလူတစ်ဦးကို ထပ်မံအားဖြည့်သွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ အခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ခြေလှမ်းသွက်နေတဲ့ လီဗာပူးလ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် (၁၇၆.၇၅)သန်းအထိ အသုံးပြုပြီး ဂိုးသမား အဲလစ်ဆန် Alisson ၊ နာဘီကီတာ Naby Kieta ၊ ဖာဘင်ဟို Fabinho နဲ့ ရှာကီရီ Shaqiri တို့ကို ခေါ်ယူထားခဲ့ပါတယ်။

REF:The Sun
Photo:decaturdaily.com, USA Today
Aung Kyaw Wai (Akhayar)
www.akhayar.com