[Zawgyi]

အယ္လစ္ဆန္ Alisson အတြက္ ရိုးမားနဲ႔ သေဘာတူညီမႈရခဲ့တဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းက ဂိုးသမားေနရာအတြက္ အင္အားျဖည့္တင္းမႈျပဳလုပ္ဖို႔ အဓိကပစ္မွတ္ထားခဲ့တဲ့ ဂိုးသမား အယ္လစ္ဆန္ Alisson အတြက္ ရိုးမားအသင္းနဲ႔ ေျပာင္းေရႊ႕ေၾကးသေဘာတူညီမႈ ရရွိခဲ့ပါတယ္။ အယ္လစ္ဆန္ Alisson အတြက္ ေပါင္ (၆၇)သန္းနဲ႔ လီဗာပူးလ္အသင္းရဲ႕ ကမ္းလွမ္းမႈကို ရိုးမားအသင္းက လက္ခံခဲ့တာပါ။ အေစာပိုင္းက လီဗာပူးလ္အသင္းရဲ႕ ေပါင္ (၆၂)သန္းနဲ႔ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ေပမယ့္ ေနာက္တစ္ႀကိမ္အျဖစ္ ေပါင္ (၆၇)သန္းနဲ႔ ကမ္းလွမ္းမႈကို ရိုးမားအသင္းက လက္ခံခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းက ေပါင္ (၆၇)သန္း ေပးေခ်ရမွာျဖစ္ေပမယ့္ လတ္တေလာမွာ ေပါင္ (၅၈)သန္းသာ ေပးေခ်သြားရမွာျဖစ္ၿပီး အပိုဆုေၾကးေငြအေနနဲ႔ ေပါင္ (၉)သန္း ထပ္ေဆာင္းေပးသြားရမွာပါ။

Brazil-keeper-Alisson

Brazil-keeper-Alisson

အသက္ (၂၅)ႏွစ္အရြယ္ရွိ ေပါင္ (၆၇)သန္းတန္ အယ္လစ္ဆန္ Alisson အေနနဲ႔ ကမၻာ႔ေျပာင္းေရႊ႕ေၾကးအမ်ားဆံုးဂိုးသမားအျဖစ္ မွတ္တမ္းဝင္ေတာ့မွာျဖစ္ပါတယ္။ အယ္လစ္ဆန္ Alisson အတြက္ ေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈရခဲ့ေပမယ့္ ကစားသမားအေနနဲ႔ ေဆးစစ္မႈခံယူရမယ့္ ရက္အတိအက်ကို ထုတ္ျပန္ေၾကညာျခင္းေတာ့မရွိေသးပါဘူး။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက လီဗာပူးလ္အသင္းမွာ အမွားေတြ က်ဴးလြန္ခဲ့တဲ့ ဂိုးသမား ကာရီးယက္စ္ Karius ရဲ႕ ေနရာမွာ အစားထိုးဖို႔ ကမၻာ႔အဆင့္မီ ဂိုးသမားတစ္ဦးကို ပစ္မွတ္ထားခဲ့တာျဖစ္ၿပီး ေနာက္ဆံုးမွာ အယ္လစ္ဆန္ Alisson အတြက္ ရိုးမားအသင္းနဲ႔ သေဘာတူညီမႈ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အယ္လစ္ဆန္ Alisson ရဲ႕ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝကို ဘရာဇီးလ္ကလပ္ အင္တာေနစီယြန္နယ္မွာ စတင္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာ ရိုမားအသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ ဂိုးသမားတစ္ဦးျဖစ္ပါတယ္။

REF:Daily Mail
Photo:Sky Sports, The Times
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အယ်လစ်ဆန် Alisson အတွက် ရိုးမားနဲ့ သဘောတူညီမှုရခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းက ဂိုးသမားနေရာအတွက် အင်အားဖြည့်တင်းမှုပြုလုပ်ဖို့ အဓိကပစ်မှတ်ထားခဲ့တဲ့ ဂိုးသမား အယ်လစ်ဆန် Alisson အတွက် ရိုးမားအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့ပါတယ်။ အယ်လစ်ဆန် Alisson အတွက် ပေါင် (၆၇)သန်းနဲ့ လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရိုးမားအသင်းက လက်ခံခဲ့တာပါ။ အစောပိုင်းက လီဗာပူးလ်အသင်းရဲ့ ပေါင် (၆၂)သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် နောက်တစ်ကြိမ်အဖြစ် ပေါင် (၆၇)သန်းနဲ့ ကမ်းလှမ်းမှုကို ရိုးမားအသင်းက လက်ခံခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက ပေါင် (၆၇)သန်း ပေးချေရမှာဖြစ်ပေမယ့် လတ်တလောမှာ ပေါင် (၅၈)သန်းသာ ပေးချေသွားရမှာဖြစ်ပြီး အပိုဆုကြေးငွေအနေနဲ့ ပေါင် (၉)သန်း ထပ်ဆောင်းပေးသွားရမှာပါ။

Brazil-keeper-Alisson

Brazil-keeper-Alisson

အသက် (၂၅)နှစ်အရွယ်ရှိ ပေါင် (၆၇)သန်းတန် အယ်လစ်ဆန် Alisson အနေနဲ့ ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်တော့မှာဖြစ်ပါတယ်။ အယ်လစ်ဆန် Alisson အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှုရခဲ့ပေမယ့် ကစားသမားအနေနဲ့ ဆေးစစ်မှုခံယူရမယ့် ရက်အတိအကျကို ထုတ်ပြန်ကြေညာခြင်းတော့မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူးလ်အသင်းမှာ အမှားတွေ ကျူးလွန်ခဲ့တဲ့ ဂိုးသမား ကာရီးယက်စ် Karius ရဲ့ နေရာမှာ အစားထိုးဖို့ ကမ္ဘာ့အဆင့်မီ ဂိုးသမားတစ်ဦးကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ အယ်လစ်ဆန် Alisson အတွက် ရိုးမားအသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အယ်လစ်ဆန် Alisson ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ်မှာ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ရိုမားအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်။

REF:Daily Mail
Photo:Sky Sports, The Times
Aung Kyaw Wai (Akhayar)
www.akhayar.com