[Zawgyi]

ရွာကီရီ Shaqiri ကို ေပါင္ (၁၃.၇၅)သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့တဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ စတုတ္စီးတီးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ရွာကီရီ Shaqiri ကို ေပါင္ (၁၃.၇၅)သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ပါတယ္။ စီးရီးေအကလပ္ လာဇီယိုအသင္းကလည္း ဆြစ္ဇာလန္လက္ေရြးစင္ ရွာကီရီ Shaqiri ကို ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ရဲ႕ လီဗာပူးလ္အသင္းက လက္ဦးမႈ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လိုင္ယြန္အသင္းေခါင္းေဆာင္ ဖယ္ကီယာ Fekir ကို ေခၚယူဖို႔ အဆင္မေျပခဲ့တဲ့ေနာက္ပိုင္း လီဗာပူးလ္အသင္းဟာ ရွာကီရီ Shaqiri ကို ေျပာင္းလဲႀကိဳးပမ္းခဲ့တာပါ။ အသက္ (၂၆)ႏွစ္အရြယ္ရွိ ရွာကီရီ Shaqiri အေနနဲ႔ ဒီေန႔ (ေသာၾကာေန႔)မွာ လီဗာပူးလ္အသင္းနဲ႔ ေဆးစစ္မႈေတြ ခံယူသြားမွာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ေတာင္ပံတိုက္စစ္ကစားသမား ရွာကီရီ Shaqiri ကို ဘိုင္ယန္ျမဴးနစ္အသင္းကေန စတုတ္စီးတီးအသင္း ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ေဘာလံုးရာသီက လိဂ္ခ်န္ပီယံရွစ္ကို တန္းဆင္းခဲ့ရလို႔ ကစားသမားကိုယ္တိုင္ အသင္းကထြက္ခြာဖို႔ ဆႏၵရွိေနခဲ့တာပါ။

Xherdan-Shaqiri

Xherdan-Shaqiri

အေမရိကရာသီႀကိဳခရီးစဥ္မတိုင္ခင္ ရွာကီရီ Shaqiri ရဲ႕ အေျပာင္းအေရႊ႕ကို အၿပီးသတ္ႏိုင္ဖို႔ နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp က ေမွ်ာ္လင့္ေနေၾကာင္းသိရပါတယ္။ ေဒါ့မြန္၊ မန္စီးတီး၊ မန္ယူအသင္းေတြနဲ႔ ကစားမယ့္ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ရွာကီရီ Shaqiri ကို အသံုးျပဳဖို႔အတြက္ နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp က အေျပာင္းအေရႊ႕ကို အျမန္ဆံုးအဆံုးသတ္လိုေနတာပါ။ စတုတ္စီးတီးအသင္းဟာ ရွာကီရီ Shaqiri ရဲ႕ ေရာင္းခ်ရာမွာ အေျပာင္းအေရႊ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ လီဗာပူးလ္လူငယ္ကစားသမား ဟယ္ရီဝီလ္ဆင္ Harry Wilson အငွားျပန္လည္ေခၚယူႏိုင္ဖို႔ ဆႏၵရွိေနပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔ကမွ ေဝးလ္စ္လူငယ္ၾကယ္ပြင့္ကစားသမား ဟယ္ရီဝီလ္ဆင္ Harry Wilson ကို လီဗာပူးလ္အသင္းက (၅)ႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့ထားခဲ့တာျဖစ္ပါတယ္။

REF:Daily Mail
Photo:Goal.com, Real Sport, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ရှာကီရီ Shaqiri ကို ပေါင် (၁၃.၇၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ စတုတ်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရှာကီရီ Shaqiri ကို ပေါင် (၁၃.၇၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ စီးရီးအေကလပ် လာဇီယိုအသင်းကလည်း ဆွစ်ဇာလန်လက်ရွေးစင် ရှာကီရီ Shaqiri ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ရဲ့ လီဗာပူးလ်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လိုင်ယွန်အသင်းခေါင်းဆောင် ဖယ်ကီယာ Fekir ကို ခေါ်ယူဖို့ အဆင်မပြေခဲ့တဲ့နောက်ပိုင်း လီဗာပူးလ်အသင်းဟာ ရှာကီရီ Shaqiri ကို ပြောင်းလဲကြိုးပမ်းခဲ့တာပါ။ အသက် (၂၆)နှစ်အရွယ်ရှိ ရှာကီရီ Shaqiri အနေနဲ့ ဒီနေ့ (သောကြာနေ့)မှာ လီဗာပူးလ်အသင်းနဲ့ ဆေးစစ်မှုတွေ ခံယူသွားမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တောင်ပံတိုက်စစ်ကစားသမား ရှာကီရီ Shaqiri ကို ဘိုင်ယန်မြူးနစ်အသင်းကနေ စတုတ်စီးတီးအသင်း ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက လိဂ်ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရလို့ ကစားသမားကိုယ်တိုင် အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေခဲ့တာပါ။

Xherdan-Shaqiri

Xherdan-Shaqiri

အမေရိကရာသီကြိုခရီးစဉ်မတိုင်ခင် ရှာကီရီ Shaqiri ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp က မျှော်လင့်နေကြောင်းသိရပါတယ်။ ဒေါ့မွန်၊ မန်စီးတီး၊ မန်ယူအသင်းတွေနဲ့ ကစားမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ ရှာကီရီ Shaqiri ကို အသုံးပြုဖို့အတွက် နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp က အပြောင်းအရွှေ့ကို အမြန်ဆုံးအဆုံးသတ်လိုနေတာပါ။ စတုတ်စီးတီးအသင်းဟာ ရှာကီရီ Shaqiri ရဲ့ ရောင်းချရာမှာ အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ လီဗာပူးလ်လူငယ်ကစားသမား ဟယ်ရီဝီလ်ဆင် Harry Wilson အငှားပြန်လည်ခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ ဝေးလ်စ်လူငယ်ကြယ်ပွင့်ကစားသမား ဟယ်ရီဝီလ်ဆင် Harry Wilson ကို လီဗာပူးလ်အသင်းက (၅)နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ထားခဲ့တာဖြစ်ပါတယ်။

REF:Daily Mail
Photo:Goal.com, Real Sport, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com