[Zawgyi]

လာလီဂါ ထိပ္တန္းအသင္းၾကီးေတြရဲ႕ ကစားသမားေခၚယူမႈမ်ား

၂၀၁၈ – ၂၀၁၉ ေဘာလံုးရာသီဟာ မၾကာခင္မွာပဲ စတင္ေတာ႔မွာျဖစ္ပါတယ္။ ဥေရာပေဘာလံုးပြဲစဥ္ေတြ ဟာပရိတ္သတ္ေတြဆီကို ျပန္လည္ေရာက္ရိွလာေတာ႔မွာပါ။ လိဂ္ျပိဳင္ပြဲတိုင္း က ကလပ္အသင္းတိုင္းဟာ ေႏြရာသီကာလမွာအားျဖည္႔မႈေတြ အသီးသီးျပဳလုပ္ခဲ႔ၾကပါတယ္။ စပိန္လာလီဂါျပိဳင္ပြဲဟာ လည္း ပရိတ္သတ္စိတ္၀င္စားတဲ႔ ျပိဳင္ပြဲတစ္ခုျဖစ္တာေၾကာင္႔ လာလီဂါ ထိပ္တန္းအသင္းၾကီးေတြရဲ႕ ကစားသမားေခၚယူေတြကို တင္ဆက္ေပးလိုက္ပါတယ္။

ရီးယဲလ္မက္ဒရစ္

အသင္းရဲ႕ အဓိကတိုက္စစ္မႈး စီေရာ္နယ္လ္ဒို C.Ronaldo ကိုလက္လႊတ္ထားခဲ႔တဲ႔ ရီးယဲလ္အသင္းဟာ လိုအပ္ေနတဲ႔ ေနရာေတြအတြက္ ကစားသမားေခၚယူထားတာကို ေတြ႕ရပါတယ္။ ရီးယဲလ္အသင္းဟာ လူနင္ Lunin ၊ ေအာ္ရီယိုဇိုလာ Odriozola ၊ ဗီနီစီယက္ Vinícius ၊ ေကာ္တိုအာ Courtois တို႔ကိုေခၚယူထားတာပါ။ ဒီအထဲမွာ ေအာ္ရီယိုဇိုလာ Odriozola ၊ ဗီနီစီယက္ Vinícius ၊ ေကာ္တိုအာ Courtois တို႔ကို ျမင္႔မားတဲ႔ ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ေခၚယူထားတာပဲျဖစ္ပါတယ္။ လူငယ္တိုက္စစ္ ကစားသမား ဗီနီစီယက္ Vinícius နဲ႔ ဂိုးသမားေကာ္တိုအာ Courtois တို႔ဟာ လာမယ္႔ရာသီသစ္မွာ ရီးယဲလ္အသင္းရဲ႕ အဓိက ေစာင္႔ၾကည္႔ရမယ္႔ ကစားသမားေတြပဲျဖစ္ပါတယ္။

Vinícius

Vinícius

ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ လူငယ္ကစားသမားေတြျဖစ္ၾကတဲ႔ အာသာ Arthur ၊ လန္ဂလက္ Lenglet ၊ မဲလ္ကြန္ Malcom တို႔နဲ႔အတူ ၀ါရင္႔ကြင္းလယ္လူ ဗီဒယ္လ္ Vidal ကိုလည္းေခၚယူအားျဖည္႕ထားပါတယ္။ လူငယ္ေသြးသစ္ေတြက အသင္းရဲ႕အနာဂတ္ေတြျဖစ္လာဖို႔ရိွျပီး ၀ါရင္႔ကြင္းလယ္လူ ဗီဒယ္လ္ Vidal ရဲ႕ အေတြ႕အၾကံဳေကာင္းေတြကလည္း အသင္းကို အေထာက္အပံျဖစ္လာႏိုင္ပါတယ္။

Vidal

Vidal

အက္သလက္တီကိုမက္ဒရစ္

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ အေျပာင္းအေရႊ႕လုပ္ေဆာင္မႈေတာ္ေတာ္ေလးကို ျပဳလုပ္ထားတဲ႔အသင္းပါ။ ရိုဒရီ Rodri ၊ အဒန္ Adán ၊ ကက္စ္ထရို Castro ၊ မာတင္စ္ Martins ၊ လီမာ Lemar ၊ အာရီယက္စ္ Arias ၊ ကာလီနစ္ Kalinić တို႔ကိုေခၚယူထားပါတယ္။ ဒီအထဲမွာမွ လူငယ္ကစားသမား လီမာ Lemar နဲ႔ တိုက္စစ္မႈး ကာလီနစ္ Kalinić တို႔ကို အဓိကေစာင္႔ၾကည္႔သြားရမွာပါ။

Lemar

Lemar

ဗလင္စီယာ

ဗလင္စီယာအသင္းဟာေတာ႔ ကြန္ေဒါ႔ဘီယာ Kondogbia ၊ ဒီယာကဟာဘီ Diakhaby ၊ ၀က္စ္ Wass ၊ ပစ္စီနီ Piccini ၊ ရာဆစ္ Račić တို႔ကိုေခၚယူထားျပီး ပံုမွန္ျပင္ဆင္မႈေတြ ျပဳလုပ္ထားတယ္လို႔ပဲ ဆိုရမွာပါ။

ဆီဗီလာ

ဆီဗီလာအသင္းဟာေတာ႔ မီဆာ Mesa ၊ အမာဒူ Amadou ၊ ဗာစလစ္ Vaclík ၊ ဂိုးမက္ဇ္ Gómez ၊ ဂနက္ႏြန္ Gnagnon တို႔နဲ႔အတူ အသင္းရဲ႕ကစားသမားေဟာင္း အဲလစ္ ဗီဒယ္လ္ Aleix Vidal တို႔ကိုေခၚယူထားပါတယ္။ ဆီဗီလာအသင္းဟာလည္း ပံုမွန္ျပင္ဆင္မႈပဲျပဳလုပ္ထားတာပါ။

REF: Wikipedia
Photo: Best World News , udgtv , Vaaju.com , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လာလီဂါ ထိပ်တန်းအသင်းကြီးတွေရဲ့ ကစားသမားခေါ်ယူမှုများ

၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီဟာ မကြာခင်မှာပဲ စတင်တော့မှာဖြစ်ပါတယ်။ ဥရောပဘောလုံးပွဲစဉ်တွေ ဟာပရိတ်သတ်တွေဆီကို ပြန်လည်ရောက်ရှိလာတော့မှာပါ။ လိဂ်ပြိုင်ပွဲတိုင်း က ကလပ်အသင်းတိုင်းဟာ နွေရာသီကာလမှာအားဖြည့်မှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။ စပိန်လာလီဂါပြိုင်ပွဲဟာ လည်း ပရိတ်သတ်စိတ်ဝင်စားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် လာလီဂါ ထိပ်တန်းအသင်းကြီးတွေရဲ့ ကစားသမားခေါ်ယူတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ရီးယဲလ်မက်ဒရစ်

အသင်းရဲ့ အဓိကတိုက်စစ်မှုး စီရော်နယ်လ်ဒို C.Ronaldo ကိုလက်လွှတ်ထားခဲ့တဲ့ ရီးယဲလ်အသင်းဟာ လိုအပ်နေတဲ့ နေရာတွေအတွက် ကစားသမားခေါ်ယူထားတာကို တွေ့ရပါတယ်။ ရီးယဲလ်အသင်းဟာ လူနင် Lunin ၊ အော်ရီယိုဇိုလာ Odriozola ၊ ဗီနီစီယက် Vinícius ၊ ကော်တိုအာ Courtois တို့ကိုခေါ်ယူထားတာပါ။ ဒီအထဲမှာ အော်ရီယိုဇိုလာ Odriozola ၊ ဗီနီစီယက် Vinícius ၊ ကော်တိုအာ Courtois တို့ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားတာပဲဖြစ်ပါတယ်။ လူငယ်တိုက်စစ် ကစားသမား ဗီနီစီယက် Vinícius နဲ့ ဂိုးသမားကော်တိုအာ Courtois တို့ဟာ လာမယ့်ရာသီသစ်မှာ ရီးယဲလ်အသင်းရဲ့ အဓိက စောင့်ကြည့်ရမယ့် ကစားသမားတွေပဲဖြစ်ပါတယ်။

Vinícius

Vinícius

ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ အာသာ Arthur ၊ လန်ဂလက် Lenglet ၊ မဲလ်ကွန် Malcom တို့နဲ့အတူ ဝါရင့်ကွင်းလယ်လူ ဗီဒယ်လ် Vidal ကိုလည်းခေါ်ယူအားဖြည့်ထားပါတယ်။ လူငယ်သွေးသစ်တွေက အသင်းရဲ့အနာဂတ်တွေဖြစ်လာဖို့ရှိပြီး ဝါရင့်ကွင်းလယ်လူ ဗီဒယ်လ် Vidal ရဲ့ အတွေ့အကြုံကောင်းတွေကလည်း အသင်းကို အထောက်အပံဖြစ်လာနိုင်ပါတယ်။

Vidal

Vidal

အက်သလက်တီကိုမက်ဒရစ်

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အပြောင်းအရွှေ့လုပ်ဆောင်မှုတော်တော်လေးကို ပြုလုပ်ထားတဲ့အသင်းပါ။ ရိုဒရီ Rodri ၊ အဒန် Adán ၊ ကက်စ်ထရို Castro ၊ မာတင်စ် Martins ၊ လီမာ Lemar ၊ အာရီယက်စ် Arias ၊ ကာလီနစ် Kalinić တို့ကိုခေါ်ယူထားပါတယ်။ ဒီအထဲမှာမှ လူငယ်ကစားသမား လီမာ Lemar နဲ့ တိုက်စစ်မှုး ကာလီနစ် Kalinić တို့ကို အဓိကစောင့်ကြည့်သွားရမှာပါ။

Lemar

Lemar

ဗလင်စီယာ

ဗလင်စီယာအသင်းဟာတော့ ကွန်ဒေါ့ဘီယာ Kondogbia ၊ ဒီယာကဟာဘီ Diakhaby ၊ ဝက်စ် Wass ၊ ပစ်စီနီ Piccini ၊ ရာဆစ် Račić တို့ကိုခေါ်ယူထားပြီး ပုံမှန်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ပဲ ဆိုရမှာပါ။

ဆီဗီလာ

ဆီဗီလာအသင်းဟာတော့ မီဆာ Mesa ၊ အမာဒူ Amadou ၊ ဗာစလစ် Vaclík ၊ ဂိုးမက်ဇ် Gómez ၊ ဂနက်နွန် Gnagnon တို့နဲ့အတူ အသင်းရဲ့ကစားသမားဟောင်း အဲလစ် ဗီဒယ်လ် Aleix Vidal တို့ကိုခေါ်ယူထားပါတယ်။ ဆီဗီလာအသင်းဟာလည်း ပုံမှန်ပြင်ဆင်မှုပဲပြုလုပ်ထားတာပါ။

REF: Wikipedia
Photo: Best World News , udgtv , Vaaju.com , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com