[Zawgyi]


ဗုဒၶဟူးေန႔ရဲ႕ Lady Night မွာ ဆိုးသြားသင့္တဲ့ ျပင္းရွရွ ႏႈတ္ခမ္းနီေရာင္မ်ား

ကဲ..ေကာင္မေလးတို႔ေရ.. ဗုဒၶဟူးေန႔ဟာ ေကာင္မေလးတို႔ရဲ႕ Special Day ပါ။ ဘာလို႔လဲဆုိေတာ့ ညပိုင္း Night Out မယ္ဆို Lady Night ေလးက အဆင္သင့္ေစာင့္ေနတာေၾကာင့္ေပါ့။ ဒီလိုေန႔မ်ိဳးမွာ လွလွပပေလးျပင္ဆင္ရင္း
သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးHangout လုပ္သင့္တယ္မဟုတ္လား။ ဒီအတြက္ မီးေရာင္စံုေတြၾကားမွာ လွပေနဖုိ႔ဆုိရင္ ဒီေနရာမွာ ႏႈတ္ခမ္းနီအေရာင္ရင့္ရင့္ ေတာက္ေတာက္ေတြကို အားကိုးရေတာ့မွာပါပဲ။ ျပင္းရွရွ ရွိတဲ့ႏႈတ္ခမ္းနီအေရာင္ေတြ
ေၾကာင့္ သင့္ရဲ႕ ဆြဲေဆာင္မႈက ပိုျမင့္တက္သြားမွာေလ။ အေရာင္ရင့္ရင့္ေတာက္ေတာက္ထဲက ဘယ္လုိအေရာင္ေလးေတြကို  ဆုိးရမလဲဆိုေတာ့…

Red Lips

Red Lips

Red Lips

Red Lips

အနီရင့္ေရာင္

ဆြဲေဆာင္မႈရွိတဲ့ ႏႈတ္ခမ္းတစ္စံုျဖစ္ဖုိ႔ဆုိရင္ အနီေရာင္ႏႈတ္ခမ္းနီေတြက မရွိမျဖစ္ပါပဲ။ ဒါေပမယ့္ သမားရိုးက် နီေစြးေစြး အနီေရာင္မဟုတ္တဲ့ အနီရင့္ရင့္ေရာင္ကို ေရြးခ်ယ္မယ္ဆို ကိုယ္က သူမ်ားေတြထက္ ထူးျခားေနမွာပါ။ အနီရင့္ေရာင္က အသားအေရာင္တိုင္းနဲ႔ လုိက္ဖက္သလုိ မ်က္ႏွာကို မ်ားမ်ားစားစား ျပင္ဆင္စရာမလုိဘဲ အထင္းသားေပၚလြင္ေနေစမွာပါ။

Deep Berry

Deep Berry

ဘယ္ရီသီးေရာင္

သူကေတာ့ Runway Color လို႔ေတာင္ တင္စားလို႔ရပါတယ္။ အေရာင္လည္း အရမ္းလွသလို ပံုမွန္ပြဲေတြ၊ Runway ေတြမွာပဲ ဆုိးေလ့ရွိတဲ့အေရာင္ပါ။ အသားအေရာင္မေရြးလိုက္ဖက္သလို  မ်က္ႏွာကုိလည္း လင္းသြားေစတဲ့ အေရာင္မ်ိဳးေပါ့။ ဘယ္ရီသီးေရာင္က ပိုၿပီး အေရာင္ရင့္ေလ ပိုၿပီး မိုက္ေလပါပဲ။ အဲ့အေရာင္ကို ဆုိးလုိက္ၿပီဆိုတာနဲ႔ ကိုယ့္ကိုယ္ကို Runway Model တစ္ေယာက္လို ခံစားရေစမွာျဖစ္ပါတယ္။

Brown Lips

Brown Lips

Brown Lips

Brown Lips

အညိဳပုပ္ေရာင္

အညိဳေရာင္ကေတာ့ ေကာင္မေလးေတာ္ေတာ္မ်ားမ်ားလည္း ႀကိဳက္ၿပီးသားျဖစ္မွာပါ။ အေရာင္က အျမင္မရိုင္းဘဲ လူငယ္ဆန္ေစတာမို႔ မိန္းကေလးတိုင္း Night Out အတြက္ အၿမဲဦးစားေပးတဲ့ အေရာင္ျဖစ္ပါတယ္။ အညိဳပုပ္ေရာင္ စစ္စစ္ မဆိုးခ်င္ဘူးဆိုရင္ အခုေခတ္စားေနတဲ့ လိေမၼာ္ေဖာက္တဲ့ အညိဳေရာင္မ်ိဳး၊ပုဇြန္ဆီသမ္းတဲ့ အညိဳပုပ္ေရာင္မ်ိဳး စမ္းလုိ႔ရပါတယ္။Full Makeup နဲ႔ဆို တကယ္ကို လိုက္ဖက္တဲ့ အေရာင္ပါ။

orange lips

orange lips

လိေမၼာ္ေရာင္

ဒီႏွစ္မွာကေတာ့ လိေမၼာ္ေရာင္က ေခတ္စားလာတဲ့အေရာင္ေတြထဲက တစ္ေရာင္ပါ။အထူးသျဖင့္ အသားလတ္တဲ့သူေတြ ၊ေဖြးတဲ့သူေတြအတြက္ မျဖစ္မေန စမ္းၾကည့္သင့္တဲ့အေရာင္မ်ိဳးျဖစ္ပါတယ္။လိေမၼာ္ေရာင္ဆိုးမယ္ဆုိရင္ေတာ့ Matte Type  ကုိ ေရြးတာအသင့္ေတာ္ဆံုးပါပဲ။ အဲဒါမွ ႏႈတ္ခမ္းက ပိုၿပီး ထင္းရင္းမွာျဖစ္သလို ဖူးဖူးၾကြၾကြေလး ျဖစ္ေနမွာပါ။

purple lips

purple lips

ခရမ္းေရာင္

အေရာင္ဆန္းျဖစ္တဲ့ ခရမး္ေရာင္ကလည္း သင့္ကို မီးေရာင္စံုေတြၾကားထဲ ေတာက္ပေနေစမွာျဖစ္ပါတယ္။ ခရမ္းေရာင္ရင့္ရင့္ႏႈတ္ခမ္းနီက ေခတ္ဆန္တဲ့ေကာင္မေလးတစ္ေယာက္အသြင္ကို ေဖာ္ျပေနသလုိ သူမ်ားေတြ ေတာ္ရံုသိပ္ဆိုးေလ့မရွိတဲ့ အေရာင္ပါ။ သူမ်ားနဲ႔မတူဘဲ Hot ခ်င္တယ္ဆိုရင္ေတာ့ ခရမ္းေရာင္ကိုသာ ေရြးလိုက္ပါ။

ကဲ..သင့္ရဲ႕ Lady Night ကို ဒီႏႈတ္ခမ္းအေရာင္ေတြနဲ႔ အသက္သြင္းလိုက္ရေအာင္လား။

Su Yi Htet (Akhayar)

 

[Unicode]


ဗုဒ္ဓဟူးနေ့ရဲ့ Lady Night မှာ ဆိုးသွားသင့်တဲ့ ပြင်းရှရှ နှုတ်ခမ်းနီရောင်များ

ကဲ..ကောင်မလေးတို့ရေ.. ဗုဒ္ဓဟူးနေ့ဟာ ကောင်မလေးတို့ရဲ့ Special Day ပါ။ ဘာလို့လဲဆိုတော့ ညပိုင်း Night Out မယ်ဆို Lady Night လေးက အဆင်သင့်စောင့်နေတာကြောင့်ပေါ့။ ဒီလိုနေ့မျိုးမှာ လှလှပပလေးပြင်ဆင်ရင်း
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးHangout လုပ်သင့်တယ်မဟုတ်လား။ ဒီအတွက် မီးရောင်စုံတွေကြားမှာ လှပနေဖို့ဆိုရင် ဒီနေရာမှာ နှုတ်ခမ်းနီအရောင်ရင့်ရင့် တောက်တောက်တွေကို အားကိုးရတော့မှာပါပဲ။ ပြင်းရှရှ ရှိတဲ့နှုတ်ခမ်းနီအရောင်တွေကြောင့် သင့်ရဲ့ ဆွဲဆောင်မှုက ပိုမြင့်တက်သွားမှာလေ။ အရောင်ရင့်ရင့်တောက်တောက်ထဲက ဘယ်လိုအရောင်လေးတွေကို ဆိုးရမလဲဆိုတော့…

Red Lips

Red Lips

Red Lips

Red Lips

အနီရင့်ရောင်

ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတစ်စုံဖြစ်ဖို့ဆိုရင် အနီရောင်နှုတ်ခမ်းနီတွေက မရှိမဖြစ်ပါပဲ။ ဒါပေမယ့် သမားရိုးကျ နီစွေးစွေး အနီရောင်မဟုတ်တဲ့ အနီရင့်ရင့်ရောင်ကို ရွေးချယ်မယ်ဆို ကိုယ်က သူများတွေထက် ထူးခြားနေမှာပါ။ အနီရင့်ရောင်က အသားအရောင်တိုင်းနဲ့ လိုက်ဖက်သလို မျက်နှာကို များများစားစား ပြင်ဆင်စရာမလိုဘဲ အထင်းသားပေါ်လွင်နေစေမှာပါ။

Deep Berry

Deep Berry

ဘယ်ရီသီးရောင်

သူကတော့ Runway Color လို့တောင် တင်စားလို့ရပါတယ်။ အရောင်လည်း အရမ်းလှသလို ပုံမှန်ပွဲတွေ၊ Runway တွေမှာပဲ ဆိုးလေ့ရှိတဲ့အရောင်ပါ။ အသားအရောင်မရွေးလိုက်ဖက်သလို မျက်နှာကိုလည်း လင်းသွားစေတဲ့ အရောင်မျိုးပေါ့။ ဘယ်ရီသီးရောင်က ပိုပြီး အရောင်ရင့်လေ ပိုပြီး မိုက်လေပါပဲ။ အဲ့အရောင်ကို ဆိုးလိုက်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို Runway Model တစ်ယောက်လို ခံစားရစေမှာဖြစ်ပါတယ်။

Brown Lips

Brown Lips

Brown Lips

Brown Lips

အညိုပုပ်ရောင်

အညိုရောင်ကတော့ ကောင်မလေးတော်တော်များများလည်း ကြိုက်ပြီးသားဖြစ်မှာပါ။ အရောင်က အမြင်မရိုင်းဘဲ လူငယ်ဆန်စေတာမို့ မိန်းကလေးတိုင်း Night Out အတွက် အမြဲဦးစားပေးတဲ့ အရောင်ဖြစ်ပါတယ်။ အညိုပုပ်ရောင် စစ်စစ် မဆိုးချင်ဘူးဆိုရင် အခုခေတ်စားနေတဲ့ လိမ္မော်ဖောက်တဲ့ အညိုရောင်မျိုး၊ပုဇွန်ဆီသမ်းတဲ့ အညိုပုပ်ရောင်မျိုး စမ်းလို့ရပါတယ်။Full Makeup နဲ့ဆို တကယ်ကို လိုက်ဖက်တဲ့ အရောင်ပါ။

orange lips

orange lips

လိမ္မော်ရောင်

ဒီနှစ်မှာကတော့ လိမ္မော်ရောင်က ခေတ်စားလာတဲ့အရောင်တွေထဲက တစ်ရောင်ပါ။အထူးသဖြင့် အသားလတ်တဲ့သူတွေ ၊ဖွေးတဲ့သူတွေအတွက် မဖြစ်မနေ စမ်းကြည့်သင့်တဲ့အရောင်မျိုးဖြစ်ပါတယ်။လိမ္မော်ရောင်ဆိုးမယ်ဆိုရင်တော့ Matte Type ကို ရွေးတာအသင့်တော်ဆုံးပါပဲ။ အဲဒါမှ နှုတ်ခမ်းက ပိုပြီး ထင်းရင်းမှာဖြစ်သလို ဖူးဖူးကြွကြွလေး ဖြစ်နေမှာပါ။

purple lips

purple lips

ခရမ်းရောင်

အရောင်ဆန်းဖြစ်တဲ့ ခရမ်းရောင်ကလည်း သင့်ကို မီးရောင်စုံတွေကြားထဲ တောက်ပနေစေမှာဖြစ်ပါတယ်။ ခရမ်းရောင်ရင့်ရင့်နှုတ်ခမ်းနီက ခေတ်ဆန်တဲ့ကောင်မလေးတစ်ယောက်အသွင်ကို ဖော်ပြနေသလို သူများတွေ တော်ရုံသိပ်ဆိုးလေ့မရှိတဲ့ အရောင်ပါ။ သူများနဲ့မတူဘဲ Hot ချင်တယ်ဆိုရင်တော့ ခရမ်းရောင်ကိုသာ ရွေးလိုက်ပါ။

ကဲ..သင့်ရဲ့ Lady Night ကို ဒီနှုတ်ခမ်းအရောင်တွေနဲ့ အသက်သွင်းလိုက်ရအောင်လား။

Su Yi Htet (Akhayar)