[ZawGyi]

ႏႈတ္ခမ္းကိုၾကည္႔ျပီး သူ႔အေၾကာင္းခန္႔မွန္းမယ္

မ်က္ႏွာတည္ေဆာက္ပံု၊ မ်က္လံုး မ်က္ခံုး၊ မွဲ႔ ေတြကိုၾကည္႔ျပီး လူတစ္ေယာက္အေၾကာင္းကိုခန္႔မွန္းအကဲခတ္ေလ႔ရွိၾကတာကို သိၾကမွာပါ။ ဒီတစ္ေခါက္မွာေတာ႔ ႏႈတ္ခမ္းပံုစံကိုၾကည္႔ျပီး သူဘယ္လုိစိတ္ထားေလးရွိလဲဆုိတာကို ခန္႔မွန္းၾကမွာပါ။ ဒီခန္႔မွန္းေဗဒင္က ေယာက္က်ားေလးေရာ မိန္းကေလးပါ အက်ံဳးဝင္ပါတယ္။

ႏႈတ္ခမ္းထူထူျပည္႔ျပည္႔ရွိသူ

full lips

full lips

ဂ်ိဳလီလုိအေပၚႏႈတ္ခမ္းေရာ ေအာက္ႏႈတ္ခမ္းပါ ျပည္႔ျပည္႔ထူထူေလးရွိတယ္ဆုိရင္ အၾကီးစိတ္ဓာတ္ရွိသူျဖစ္ပါတယ္။ ဒီလုိ ႏႈတ္ခမ္းပိုင္ရွင္ေတြဟာ ငဲ႔ညွာမႈနဲ႔မွ်ေဝခံစားတတ္တဲ႔စိတ္အျပည္႔ရွိပါတယ္။ မိသားစုအတြက္၊ အမ်ားအတြက္ အနစ္နာခံေပးဆပ္တတ္သူေတြလုိ႔ ဆိုၾကပါတယ္။

ႏႈတ္ခမ္းပါးသူ

Kirsten Dunst

Kirsten Dunst

Kirsten Dunst လိုအေပၚႏႈတ္ခမ္းေရာေအာက္ႏႈတ္ခမ္းပါ ပါးပါးေလးရွိသူေတြက Introvert သမားေတြပါတဲ႔။ တစ္ကိုယ္တည္းေနရတာပိုၾကိဳက္သူေတြ ခံစားခ်က္ကိုမ်ိဳသိပ္ထားတတ္သူေတြျဖစ္သလို သူတုိ႔ကလြတ္လပ္မႈကို လိုလားပါတယ္။ ဒါေပမဲ႔တုိင္ပင္ေဖာ္ တုိင္ပင္ဖက္ေကာင္းေလးေတြျဖစ္ၾကျပီး တစ္ေယာက္နဲ႔တစ္ေယာက္ဆက္ဆံေရးကိုအေလးအနက္ထားတတ္သူေတြပါ။ စကားနည္းေပမယ္႔ စကားတည္ပါတယ္။ Introvert သမားေတြရဲ႕အားသာခ်က္ေတြကလည္းအမ်ားၾကီးရွိတာမုိ႔ ႏႈတ္ခမ္းပါးတဲ႔သူေလးေတြနဲ႔ခင္မင္ခြင္႔ရခဲ႔ရင္လည္း ကံေကာင္းတယ္လုိ႔ယူဆရမွာပါ။

ႏႈတ္ခမ္းအလယ္မွာထူထူေလးျဖစ္ေနသူ

Chrissy Teigen

Chrissy Teigen

Chrissy Teigen လိုမ်ိဳး ႏႈတ္ခမ္းသားအလယ္မွာမွ ထူထူျပည္႔ျပည္႔ေလးျဖစ္ေနတယ္ဆုိရင္ေတာ႔ သူတုိ႔ဟာ လူမႈဆက္ဆံေရးေကာင္းသူေတြပါ။ လူေတြနဲ႔ေရာေရာေႏွာေႏွာေနတတ္ျပီး တစ္ကိုယ္တည္းေနရတာထက္ သူ႔ေဘးမွာလူေတြဝိုင္းေနတာမ်ိဳးကို သေဘာက်တတ္သူပါ။ သူတုိ႔ကို ဂရုစိုက္တာခံခ်င္ျပီး ေခတ္စကားနဲ႔ဆုိရင္ေတာ႔ Attention Seeker ေတြ Drama Queen ေလးေတြလုိ႔ဆုိရမွာပါ။

ေလးကိုင္းသ႑ာန္ႏႈတ္ခမ္းေကြးေလး

cupid-bow

cupid-bow

Cupid’s bow လို႔ဆိုၾကတဲ႔ ေလးကိုင္းသ႑ာန္ ႏႈတ္ခမ္းေကြးေလးကို ပိုင္ဆုိင္ထားသူေတြဆုိရင္ေတာ႔ စိတ္ကူးေကာင္းသူ၊ အႏုပညာပါရမီပါသူလုိ႔ဆုိႏိုင္ပါတယ္။ မွတ္ဥာဏ္လည္းေကာင္းၾကျပီး တီထြင္ဖန္တီးႏိုင္စြမ္းလည္းရွိၾကတယ္လုိ႔ဆုိထားပါတယ္။ Taylor Swift ႏႈတ္ခမ္းပံုစံေလးကလည္း ေလးကိုင္းသ႑ာန္ေလးရွိေနတာကို သတိထားမိၾကမယ္ထင္ပါတယ္ေနာ္။ ဒီလုိႏႈတ္ခမ္းေကြးပိုင္ရွင္ေလးေတြက အႏုပညာနဲ႔ပတ္သက္ရင္ထူးခၽြန္ၾကပါတယ္တဲ႔။

ႏႈတ္ခမ္းျပည္႔ျပည္႔ဝိုင္းဝိုင္းေလး

rounded cupid's bow

rounded cupid’s bow

Amanda Seyfried လို ေလးကိုင္းသ႑ာန္ေလးျဖစ္ ႏႈတ္ခမ္းျပည္႔ျပည္႔ေလးလည္းရွိတယ္ဆုိရင္ေတာ႔ သူတုိ႔ဟာၾကင္နာတတ္တဲ႔ႏွလံုးသားရွိသူေတြပါ။ အခ်စ္ၾကီးၾကပါတယ္။ သူတုိ႔ေရွ႕မွာ မတရားတာျဖစ္ေနရင္ မမွန္မကန္လုပ္ေနရင္ နည္းနည္းမွသည္းမခံႏိုင္ၾကသူေတြပါတဲ႔။ အခ်စ္ၾကီး ေမတၱာၾကီးသူေတြမုိ႔ သူတုိ႔ရဲ႕အခ်စ္နဲ႔ လူေတြကိုေအးျမေစႏိုင္သူေတြပါ။

ႏႈတ္ခမ္းျပဲျပဲေလးေတြ

julia-roberts

julia-roberts

Julia Roberts လုိပါးစပ္ျပဲျပဲႏႈတ္ခမ္းျပဲျပဲေလးေတြက ယံုၾကည္အားကိုးႏိုင္သူေတြပါ။ လူၾကီးဆန္ျပီး စိတ္ရွည္သည္းခံႏိုင္သူေတြျဖစ္ၾကပါတယ္တဲ႔။ ကိုယ္႔ကိုယ္ကိုယ္ဂရုစိုက္ဖုိ႔၊ ခ်စ္ဖုိ႔ထက္ တစ္ပါးသူေတြအတြက္ပိုျပီးအခ်ိန္ေပးတတ္သူေတြပါ။ အခ်ိန္ကိုစီမံခန္႔ခြဲတတ္ျပီး အလုပ္လုပ္တာေစတနာပါသူေတြမုိ႔ သူေဌးခ်စ္ေလးေတြျဖစ္တတ္ၾကပါတယ္။

အလယ္အလတ္ႏႈတ္ခမ္းပိုင္ရွင္ေတြ

medium-lips

medium-lips

Emma Stone လုိႏႈတ္ခမ္းမ်ိဳးေလးေတြပါ။ ႏႈတ္ခမ္းထူလြန္းတာလည္းမဟုတ္ ပါးလြန္းတာလည္းမဟုတ္ဘဲ အလယ္အလတ္အရြယ္အစားရွိျပီး ေလးကိုင္းသ႑ာန္ႏႈတ္ခမ္းေကြးေလးကိုပိုင္ဆုိင္ထားသူေတြဟာ အရာရာကို Balance ျဖစ္ေအာင္ပဲ႔ကိုင္တတ္သူေတြျဖစ္ပါတယ္။ သူတုိ႔ရဲ႕ပင္ကိုအရည္အေသြးက က်ိဳးေၾကာင္းဆင္ျခင္ႏိုင္စြမ္းရွိတာျဖစ္ပါတယ္။ ျပီးေတာ႔ တစ္ပါးသူေျပာသမွ် ရင္ဖြင္႔သမွ်ကိုစိတ္ရွည္လက္ရွည္နားေထာင္ေပးတတ္တဲ႔ နားေထာင္ေကာင္းသူေတြျဖစ္ၾကပါတယ္။ ဘယ္ေတာ႔မွ လူသနားလာေအာင္လုပ္ေလ႔မရွိပါဘူး။

ႏႈတ္ခမ္းသားကို ခြဲစိတ္ျပဳျပင္လုိသူ

artificially enhanced lip

artificially enhanced lip

ကိုယ္႔မ်က္ႏွာအစိတ္အပိုင္းတစ္ခုခုကို ခြဲစိတ္ျပဳျပင္ခ်င္သူေတြရဲ႕ ပင္ကိုစိတ္က အမ်ားသေဘာက်တာ အာရံုစိုက္တာခံခ်င္ေနတတ္ပါတယ္တဲ႔။ တရုတ္ေရွးရိုးရာအယူအဆအရေတာ႔ ဒီလိုမ်က္ႏွာအစိတ္အပိုင္းေတြကိုျပဳျပင္ျခင္းဟာ သူ႔ရဲ႕ရာဇဝင္ကိုေဖ်ာက္ဖ်က္လုိက္ျခင္းျဖစ္တယ္လုိ႔ယူဆၾကပါတယ္။ ခြဲစိတ္ျပဳျပင္လုိသူေတြဟာ စိတ္လႈပ္ရွားလြယ္သူေတြ၊ ကိုယ္႔ကိုယ္ကိုယ္ခ်စ္လြန္း ဂရုစိုက္လြန္းသူေတြျဖစ္တယ္လုိ႔ ဆုိထားပါတယ္။ သူတို႔ေတြဟာ အခ်စ္ေရးကိုအေလးထားျပီး သက္ေသာင္႔သက္သာရွိတဲ႔ဘဝကို လုိခ်င္ၾကသူေတြျဖစ္တတ္ၾကပါတယ္။

ဒီခန္႔မွန္းခ်က္ေတြ မွန္မမွန္ ကိုယ္႔ေဘးနားကလူေတြနဲ႔ ခ်ိန္ဆစဥ္းစားၾကည္႔ပါဦး။ မွန္ေနရင္ေတာ႔ သက္ဆုိင္သူသိေအာင္ေျပာျပလိုက္ဦးေနာ္။

www.akhayar.com

[Unicode]

နှုတ်ခမ်းကိုကြည့်ပြီး သူ့အကြောင်းခန့်မှန်းမယ်

မျက်နှာတည်ဆောက်ပုံ၊ မျက်လုံး မျက်ခုံး၊ မှဲ့ တွေကိုကြည့်ပြီး လူတစ်ယောက်အကြောင်းကိုခန့်မှန်းအကဲခတ်လေ့ရှိကြတာကို သိကြမှာပါ။ ဒီတစ်ခေါက်မှာတော့ နှုတ်ခမ်းပုံစံကိုကြည့်ပြီး သူဘယ်လိုစိတ်ထားလေးရှိလဲဆိုတာကို ခန့်မှန်းကြမှာပါ။ ဒီခန့်မှန်းဗေဒင်က ယောက်ကျားလေးရော မိန်းကလေးပါ အကျုံးဝင်ပါတယ်။

နှုတ်ခမ်းထူထူပြည့်ပြည့်ရှိသူ

full lips

full lips

ဂျိုလီလိုအပေါ်နှုတ်ခမ်းရော အောက်နှုတ်ခမ်းပါ ပြည့်ပြည့်ထူထူလေးရှိတယ်ဆိုရင် အကြီးစိတ်ဓာတ်ရှိသူဖြစ်ပါတယ်။ ဒီလို နှုတ်ခမ်းပိုင်ရှင်တွေဟာ ငဲ့ညှာမှုနဲ့မျှဝေခံစားတတ်တဲ့စိတ်အပြည့်ရှိပါတယ်။ မိသားစုအတွက်၊ အများအတွက် အနစ်နာခံပေးဆပ်တတ်သူတွေလို့ ဆိုကြပါတယ်။

နှုတ်ခမ်းပါးသူ

Kirsten Dunst

Kirsten Dunst

Kirsten Dunst လိုအပေါ်နှုတ်ခမ်းရောအောက်နှုတ်ခမ်းပါ ပါးပါးလေးရှိသူတွေက Introvert သမားတွေပါတဲ့။ တစ်ကိုယ်တည်းနေရတာပိုကြိုက်သူတွေ ခံစားချက်ကိုမျိုသိပ်ထားတတ်သူတွေဖြစ်သလို သူတို့ကလွတ်လပ်မှုကို လိုလားပါတယ်။ ဒါပေမဲ့တိုင်ပင်ဖော် တိုင်ပင်ဖက်ကောင်းလေးတွေဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးကိုအလေးအနက်ထားတတ်သူတွေပါ။ စကားနည်းပေမယ့် စကားတည်ပါတယ်။ Introvert သမားတွေရဲ့အားသာချက်တွေကလည်းအများကြီးရှိတာမို့ နှုတ်ခမ်းပါးတဲ့သူလေးတွေနဲ့ခင်မင်ခွင့်ရခဲ့ရင်လည်း ကံကောင်းတယ်လို့ယူဆရမှာပါ။

နှုတ်ခမ်းအလယ်မှာထူထူလေးဖြစ်နေသူ

Chrissy Teigen

Chrissy Teigen

Chrissy Teigen လိုမျိုး နှုတ်ခမ်းသားအလယ်မှာမှ ထူထူပြည့်ပြည့်လေးဖြစ်နေတယ်ဆိုရင်တော့ သူတို့ဟာ လူမှုဆက်ဆံရေးကောင်းသူတွေပါ။ လူတွေနဲ့ရောရောနှောနှောနေတတ်ပြီး တစ်ကိုယ်တည်းနေရတာထက် သူ့ဘေးမှာလူတွေဝိုင်းနေတာမျိုးကို သဘောကျတတ်သူပါ။ သူတို့ကို ဂရုစိုက်တာခံချင်ပြီး ခေတ်စကားနဲ့ဆိုရင်တော့ Attention Seeker တွေ Drama Queen လေးတွေလို့ဆိုရမှာပါ။

လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းကွေးလေး

cupid-bow

cupid-bow

Cupid’s bow လို့ဆိုကြတဲ့ လေးကိုင်းသဏ္ဍာန် နှုတ်ခမ်းကွေးလေးကို ပိုင်ဆိုင်ထားသူတွေဆိုရင်တော့ စိတ်ကူးကောင်းသူ၊ အနုပညာပါရမီပါသူလို့ဆိုနိုင်ပါတယ်။ မှတ်ဉာဏ်လည်းကောင်းကြပြီး တီထွင်ဖန်တီးနိုင်စွမ်းလည်းရှိကြတယ်လို့ဆိုထားပါတယ်။ Taylor Swift နှုတ်ခမ်းပုံစံလေးကလည်း လေးကိုင်းသဏ္ဍာန်လေးရှိနေတာကို သတိထားမိကြမယ်ထင်ပါတယ်နော်။ ဒီလိုနှုတ်ခမ်းကွေးပိုင်ရှင်လေးတွေက အနုပညာနဲ့ပတ်သက်ရင်ထူးချွန်ကြပါတယ်တဲ့။

နှုတ်ခမ်းပြည့်ပြည့်ဝိုင်းဝိုင်းလေး

rounded cupid's bow

rounded cupid’s bow

Amanda Seyfried လို လေးကိုင်းသဏ္ဍာန်လေးဖြစ် နှုတ်ခမ်းပြည့်ပြည့်လေးလည်းရှိတယ်ဆိုရင်တော့ သူတို့ဟာကြင်နာတတ်တဲ့နှလုံးသားရှိသူတွေပါ။ အချစ်ကြီးကြပါတယ်။ သူတို့ရှေ့မှာ မတရားတာဖြစ်နေရင် မမှန်မကန်လုပ်နေရင် နည်းနည်းမှသည်းမခံနိုင်ကြသူတွေပါတဲ့။ အချစ်ကြီး မေတ္တာကြီးသူတွေမို့ သူတို့ရဲ့အချစ်နဲ့ လူတွေကိုအေးမြစေနိုင်သူတွေပါ။

နှုတ်ခမ်းပြဲပြဲလေးတွေ

julia-roberts

julia-roberts

Julia Roberts လိုပါးစပ်ပြဲပြဲနှုတ်ခမ်းပြဲပြဲလေးတွေက ယုံကြည်အားကိုးနိုင်သူတွေပါ။ လူကြီးဆန်ပြီး စိတ်ရှည်သည်းခံနိုင်သူတွေဖြစ်ကြပါတယ်တဲ့။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့၊ ချစ်ဖို့ထက် တစ်ပါးသူတွေအတွက်ပိုပြီးအချိန်ပေးတတ်သူတွေပါ။ အချိန်ကိုစီမံခန့်ခွဲတတ်ပြီး အလုပ်လုပ်တာစေတနာပါသူတွေမို့ သူဌေးချစ်လေးတွေဖြစ်တတ်ကြပါတယ်။

အလယ်အလတ်နှုတ်ခမ်းပိုင်ရှင်တွေ

medium-lips

medium-lips

Emma Stone လိုနှုတ်ခမ်းမျိုးလေးတွေပါ။ နှုတ်ခမ်းထူလွန်းတာလည်းမဟုတ် ပါးလွန်းတာလည်းမဟုတ်ဘဲ အလယ်အလတ်အရွယ်အစားရှိပြီး လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းကွေးလေးကိုပိုင်ဆိုင်ထားသူတွေဟာ အရာရာကို Balance ဖြစ်အောင်ပဲ့ကိုင်တတ်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ပင်ကိုအရည်အသွေးက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိတာဖြစ်ပါတယ်။ ပြီးတော့ တစ်ပါးသူပြောသမျှ ရင်ဖွင့်သမျှကိုစိတ်ရှည်လက်ရှည်နားထောင်ပေးတတ်တဲ့ နားထောင်ကောင်းသူတွေဖြစ်ကြပါတယ်။ ဘယ်တော့မှ လူသနားလာအောင်လုပ်လေ့မရှိပါဘူး။

နှုတ်ခမ်းသားကို ခွဲစိတ်ပြုပြင်လိုသူ

artificially enhanced lip

artificially enhanced lip

ကိုယ့်မျက်နှာအစိတ်အပိုင်းတစ်ခုခုကို ခွဲစိတ်ပြုပြင်ချင်သူတွေရဲ့ ပင်ကိုစိတ်က အများသဘောကျတာ အာရုံစိုက်တာခံချင်နေတတ်ပါတယ်တဲ့။ တရုတ်ရှေးရိုးရာအယူအဆအရတော့ ဒီလိုမျက်နှာအစိတ်အပိုင်းတွေကိုပြုပြင်ခြင်းဟာ သူ့ရဲ့ရာဇဝင်ကိုဖျောက်ဖျက်လိုက်ခြင်းဖြစ်တယ်လို့ယူဆကြပါတယ်။ ခွဲစိတ်ပြုပြင်လိုသူတွေဟာ စိတ်လှုပ်ရှားလွယ်သူတွေ၊ ကိုယ့်ကိုယ်ကိုယ်ချစ်လွန်း ဂရုစိုက်လွန်းသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။ သူတို့တွေဟာ အချစ်ရေးကိုအလေးထားပြီး သက်သောင့်သက်သာရှိတဲ့ဘဝကို လိုချင်ကြသူတွေဖြစ်တတ်ကြပါတယ်။

ဒီခန့်မှန်းချက်တွေ မှန်မမှန် ကိုယ့်ဘေးနားကလူတွေနဲ့ ချိန်ဆစဉ်းစားကြည့်ပါဦး။ မှန်နေရင်တော့ သက်ဆိုင်သူသိအောင်ပြောပြလိုက်ဦးနော်။

www.akhayar.com