[Zawgyi]

မက္ဆီရဲ႕ အျမန္ဆံုးဂိုး၊ ခ်န္ပီယံလိဂ္ရာျပည့္ဂိုး

ခ်ယ္လ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ႏွစ္ပြဲစလံုးမွာ မက္ဆီဟာ သူ႕ရဲ႕ကိုယ္ေရာင္ကုိယ္၀ါကို အထင္ရွားဆံုးထြန္းလင္းေစခဲ့တယ္။ ခ်ယ္လ္ဆီးဘက္ကို ဂိုးမသြင္းႏိုင္ဘူးဆိုတဲ့ သူ႕ဘ၀ရဲ႕အမည္းစက္တစ္စက္ကို မက္ဆီက ၂၀၁၈ ခုႏွစ္မွာ ဖယ္ရွားပစ္လုိက္တယ္။ မက္ဆီအတြက္ ေပ်ာ္စရာေတြက ဒီမွာပဲရပ္တန္႔မသြားဘူး။ ခ်ယ္လ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ႔ပြဲမွာ မက္ဆီက သူ႕ရဲ႕ကစားသမားဘ၀ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရာျပည့္ဂိုးကို သြင္းယူႏုိင္ခဲ့တယ္။ ဒုတိယအေက်ာ႔ပြဲစဥ္မွာ ခ်ယ္လ္ဆီးဘက္ကို သူသြင္းယူခဲ့တဲ့ ဒုတိယဂိုးဟာ သူ႕ရဲ႕ ခ်န္ပီယံလိဂ္ရာျပည့္ဂိုးပဲ။ ၿပီးေတာ့ ခ်ယ္လ္ဆီးဘက္ကို ပြဲအစ (၁၂၈)စကၠန္႔မွာပဲ ဂိုးသြင္းယူႏုိင္ခဲ့လို႔ သူ႕ရဲ႕ကစားသမားဘ၀ အျမန္ဆံုးသြင္းဂိုးအျဖစ္လည္း မွတ္တမ္း၀င္ခဲ့ပါတယ္။

မက္ဆီဟာ တစ္ခ်ိန္တုန္းက သူ႕ကိုနာက်င္စရာေတြေပးခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဘက္ကို သြင္းဂိုးေတြနဲ႔ လက္စားေခ်ႏုိင္ခဲ့သလို၊ အမွတ္ရစရာသြင္းဂိုးေတြကိုပါ ပိုင္ဆုိင္ခဲ့လို႔ ခ်ဳိၿမိန္ေနပါတယ္။မက္ဆီရဲ႕ မဟာၿပိဳင္ဘက္ဘက္ စီေရာ္နယ္လ္ဒိုဟာ မက္ဆီထက္ ခ်န္ပီယံလိဂ္ရာျပည့္ဂိုးကို အရင္သြင္းယူႏုိင္ခဲ့ေပမယ့္ မွတ္တမ္းမွတ္ရာေတြမွာ မက္ဆီသာေနတယ္။ မက္ဆီက ပြဲေပါင္း (၁၂၃)ပြဲ၊ မိနစ္အားျဖင့္ (၁၀၀၉၀)မိနစ္နဲ႔ ခ်န္ပီယံလိဂ္ရာျပည့္ဂိုးကို သြင္းယူႏုိင္ခဲ့ၿပီး စီေရာ္နယ္လ္ဒုိက ပြဲေပါင္း (၁၃၇)ပြဲ၊ မိနစ္အားျဖင့္ (၁၁၈၄၈) မိနစ္နဲ႔ ရာျပည္ဂိုးပိုင္ဆုိင္ခဲ့တာပါပဲ။ ခ်န္ပီယံလိဂ္ရာျပည့္ဂိုးသြင္းယူႏုိင္ဖို႔အတြက္ မက္ဆီက ဂိုးကန္သြင္းမႈေပါင္း (၅၂၄)ႀကိမ္သာ လုပ္ခဲ့ရေပမယ့္ စီေရာ္နယ္လ္ဒိုက (၇၉၀)ႀကိမ္ လုပ္ခဲ့ရပါတယ္။

မက္ဆီက ကစားသမားဘ၀မွာ ဂိုးေပါင္း (၆၀၁)ဂိုးသြင္းယူထားပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မက်ဆီရဲ့ အမြန်ဆုံးဂိုး၊ ချန်ပီယံလိဂ်ရာပြည့်ဂိုး

ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်နှစ်ပွဲစလုံးမှာ မက်ဆီဟာ သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါကို အထင်ရှားဆုံးထွန်းလင်းစေခဲ့တယ်။ ချယ်လ်ဆီးဘက်ကို ဂိုးမသွင်းနိုင်ဘူးဆိုတဲ့ သူ့ဘဝရဲ့အမည်းစက်တစ်စက်ကို မက်ဆီက ၂၀၁၈ ခုနှစ်မှာ ဖယ်ရှားပစ်လိုက်တယ်။ မက်ဆီအတွက် ပျော်စရာတွေက ဒီမှာပဲရပ်တန့်မသွားဘူး။ ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမှာ မက်ဆီက သူ့ရဲ့ကစားသမားဘ၀ ချန်ပီယံလိဂ်ပြိုင်ပွဲရာပြည့်ဂိုးကို သွင်းယူနိုင်ခဲ့တယ်။ ဒုတိယအကျော့ပွဲစဉ်မှာ ချယ်လ်ဆီးဘက်ကို သူသွင်းယူခဲ့တဲ့ ဒုတိယဂိုးဟာ သူ့ရဲ့ ချန်ပီယံလိဂ်ရာပြည့်ဂိုးပဲ။ ပြီးတော့ ချယ်လ်ဆီးဘက်ကို ပွဲအစ (၁၂၈)စက္ကန့်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့လို့ သူ့ရဲ့ကစားသမားဘ၀ အမြန်ဆုံးသွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

မက်ဆီဟာ တစ်ချိန်တုန်းက သူ့ကိုနာကျင်စရာတွေပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းဘက်ကို သွင်းဂိုးတွေနဲ့ လက်စားချေနိုင်ခဲ့သလို၊ အမှတ်ရစရာသွင်းဂိုးတွေကိုပါ ပိုင်ဆိုင်ခဲ့လို့ ချိုမြိန်နေပါတယ်။မက်ဆီရဲ့ မဟာပြိုင်ဘက်ဘက် စီရော်နယ်လ်ဒိုဟာ မက်ဆီထက် ချန်ပီယံလိဂ်ရာပြည့်ဂိုးကို အရင်သွင်းယူနိုင်ခဲ့ပေမယ့် မှတ်တမ်းမှတ်ရာတွေမှာ မက်ဆီသာနေတယ်။ မက်ဆီက ပွဲပေါင်း (၁၂၃)ပွဲ၊ မိနစ်အားဖြင့် (၁၀၀၉၀)မိနစ်နဲ့ ချန်ပီယံလိဂ်ရာပြည့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒိုက ပွဲပေါင်း (၁၃၇)ပွဲ၊ မိနစ်အားဖြင့် (၁၁၈၄၈) မိနစ်နဲ့ ရာပြည်ဂိုးပိုင်ဆိုင်ခဲ့တာပါပဲ။ ချန်ပီယံလိဂ်ရာပြည့်ဂိုးသွင်းယူနိုင်ဖို့အတွက် မက်ဆီက ဂိုးကန်သွင်းမှုပေါင်း (၅၂၄)ကြိမ်သာ လုပ်ခဲ့ရပေမယ့် စီရော်နယ်လ်ဒိုက (၇၉၀)ကြိမ် လုပ်ခဲ့ရပါတယ်။

မက်ဆီက ကစားသမားဘဝမှာ ဂိုးပေါင်း (၆၀၁)ဂိုးသွင်းယူထားပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။