[Zawgyi]

ပရီးမီးယားလိဂ္အသင္းေတြနဲ႔ ဆုံေတြ႕တိုင္း ဂုိးျမဴးတတ္တဲ့ မွတ္တမ္းေကာင္းကုိ Messi ဆက္ထိန္းႏုိင္မလား

ခ်န္ပီယံလိဂ္ ပဲြစဥ္(၂)အျဖစ္ ဒီေန႔(ဗုဒၶဟူး)မွာ စပါးအသင္းနဲ႔ ဘာစီလုိနာအသင္းတို႔ ၀င္ဘေလကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ ဒီပဲြမွာ စိတ္၀င္စားစရာေကာင္းတာက အဂၤလိပ္ကလပ္ေတြနဲ႔ ဆုံေတြ႕တုိင္း ဂုိးျမဴးေလ့ရွိတဲ့ ဘာစီလုိနာတိုက္စစ္မွဴး မက္ဆီ Messi အဲဒီ မွတ္တမ္းေကာင္းကို ဆက္ထိန္းႏုိင္မလား ဆုိတာပါပဲ။

Messi-Record

Messi-Record

မက္ဆီဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ပရီးမီးယားလိဂ္ကလပ္ေတြန႔ဲ စုစုေပါင္း (၂၈)ပဲြ ဆုံေတြ႕ခဲ့ဖူးၿပီး (၁၉)ဂုိးသြင္းယူခဲ့တယ္။ မက္ဆီအေနနဲ႔ အာဆင္နယ္၊ မန္ယူ၊ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊ မန္စီးတီး တို႔နဲ႔ ဆုံေတြ႕ခ့ဲေပမယ့္ စပါးအသင္းနဲ႔က အဓိက ၿပိဳင္ပဲြမွာ ပထမဆုံး ရင္ဆုိင္ရတာျဖစ္ပါတယ္။

Messi-Record-2

Messi-Record-2

မက္ဆီရဲ႕ ကစားသမားဘ၀မွာ မန္ယူနဲ႔ (၄)ပဲြကစား (၂)ဂုိးသြင္း၊ လီဗာပူးလ္နဲ႔ (၂)ပဲြကစား သြင္းဂုိးမရွိ၊ အာဆင္နယ္နဲ႔ (၆)ပဲြကစား (၉)ဂုိးသြင္း၊ မန္စီးတီးနဲ႔ (၆)ပဲြကစား (၆)ဂုိး၊ ခ်ယ္လ္ဆီးနဲ႔ (၁၀)ပဲြကစား၊ (၃)ဂုိးသြင္းခဲ့တယ္။ ေနာက္ထပ္ မွတ္တမ္းေကာင္းတစ္ခုက မက္ဆီဟာ ၀င္ဘေလကြင္းမွာ ခ်န္ပီယံလိဂ္ဖလားကုိ ကုိင္ေျမႇာက္ႏုိင္ခဲ့တာပါ။ ၂၀၁၀-၁၁ ရာသီ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြအျဖစ္ ၀င္ဘေလကြင္းမွာ မန္ယူနဲ႔ ဘာစီလုိနာ ဆုံေတြ႕ခဲ့ၿပီး မက္ဆီ တစ္ဂုိးသြင္းခဲ့သလုိ (၃-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တာျဖစ္ပါတယ္။

Messi-2010-11-Champions-League-Final

Messi-2010-11-Champions-League-Final

ဒါေၾကာင့္ မက္ဆီအေနနဲ႔ သူ႔အတြက္ ေအာင္ေျမျဖစ္ခဲ့တဲ့ ၀င္ဘေလကြင္း၊ ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ဆုံေတြ႕တိုင္း ဂုိးျမဴးတတ္တဲ့ မွတ္တမ္းေကာင္းေတြကုိ ဆက္ထိန္းႏုိင္မလားဆုိတာ ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတး မနက္ (၁း၃၀)မွာ အေျဖေပၚထြက္လာေတာ့မွာပါ . . .
REF:UEFA
Photo:Sporting-Heroes,Business Insider
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်အသင်းတွေနဲ့ ဆုံတွေ့တိုင်း ဂိုးမြူးတတ်တဲ့ မှတ်တမ်းကောင်းကို Messi ဆက်ထိန်းနိုင်မလား

ချန်ပီယံလိဂ် ပွဲစဉ်(၂)အဖြစ် ဒီနေ့(ဗုဒ္ဓဟူး)မှာ စပါးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီပွဲမှာ စိတ်ဝင်စားစရာကောင်းတာက အင်္ဂလိပ်ကလပ်တွေနဲ့ ဆုံတွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ Messi အဲဒီ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်မလား ဆိုတာပါပဲ။

Messi-Record

Messi-Record

မက်ဆီဟာ ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ စုစုပေါင်း (၂၈)ပွဲ ဆုံတွေ့ခဲ့ဖူးပြီး (၁၉)ဂိုးသွင်းယူခဲ့တယ်။ မက်ဆီအနေနဲ့ အာဆင်နယ်၊ မန်ယူ၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီး တို့နဲ့ ဆုံတွေ့ခဲ့ပေမယ့် စပါးအသင်းနဲ့က အဓိက ပြိုင်ပွဲမှာ ပထမဆုံး ရင်ဆိုင်ရတာဖြစ်ပါတယ်။

Messi-Record-2

Messi-Record-2

မက်ဆီရဲ့ ကစားသမားဘဝမှာ မန်ယူနဲ့ (၄)ပွဲကစား (၂)ဂိုးသွင်း၊ လီဗာပူးလ်နဲ့ (၂)ပွဲကစား သွင်းဂိုးမရှိ၊ အာဆင်နယ်နဲ့ (၆)ပွဲကစား (၉)ဂိုးသွင်း၊ မန်စီးတီးနဲ့ (၆)ပွဲကစား (၆)ဂိုး၊ ချယ်လ်ဆီးနဲ့ (၁၀)ပွဲကစား၊ (၃)ဂိုးသွင်းခဲ့တယ်။ နောက်ထပ် မှတ်တမ်းကောင်းတစ်ခုက မက်ဆီဟာ ဝင်ဘလေကွင်းမှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ ၂၀၁၀-၁၁ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဝင်ဘလေကွင်းမှာ မန်ယူနဲ့ ဘာစီလိုနာ ဆုံတွေ့ခဲ့ပြီး မက်ဆီ တစ်ဂိုးသွင်းခဲ့သလို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Messi-2010-11-Champions-League-Final

Messi-2010-11-Champions-League-Final

ဒါကြောင့် မက်ဆီအနေနဲ့ သူ့အတွက် အောင်မြေဖြစ်ခဲ့တဲ့ ဝင်ဘလေကွင်း၊ ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ဆုံတွေ့တိုင်း ဂိုးမြူးတတ်တဲ့ မှတ်တမ်းကောင်းတွေကို ဆက်ထိန်းနိုင်မလားဆိုတာ မြန်မာစံတော်ချိန် ကြာသပတေး မနက် (၁း၃၀)မှာ အဖြေပေါ်ထွက်လာတော့မှာပါ . . .
REF:UEFA
Photo:Sporting-Heroes,Business Insider
Naing Linn(Akhayar)
www.akhayar.com