[Zawgyi]

လာလီဂါအေကာင္းဆုံး ဆု(၂)ခု ဆြတ္ခူးခဲ့တဲ့ မက္ဆီ Lionel Messi

ဘာစီလုိနာ နာမည္ေက်ာ္တိုက္စစ္မွဴး မက္ဆီ Lionel Messi ဟာ လာလီဂါ (၁)ႏွစ္တာအေကာင္းဆုံး ဆုျဖစ္တဲ့ Alfredo Di Stefano Trophy နဲ႔ လာလီဂါ သြင္းဂုိးအမ်ားဆုံး ပီခ်ီခ်ီဆု (၂)ခုကုိ ဆြတ္ခူးရရွိခဲ့ပါတယ္။ Alfredo Di Stefano ဆုဆုိတာက တစ္ရာသီအတြင္း ေျခစြမ္းျပကစားခဲ့တဲ့ ကစားသမားကုိ ေရြးခ်ယ္ခ်ီးျမႇင့္တာျဖစ္ၿပီး မက္ဆီက အျငင္းပြားဖြယ္မရွိ ရရွိခဲ့တာပါ။ မက္ဆီဟာ ၿပီးခဲ့တဲ့ရာသီ လာလီဂါၿပိဳင္ပဲြမွာ (၃၄)ဂုိးသြင္းယူခဲ့ၿပီး အသင္းကုိ လာလီဂါခ်န္ပီယံျဖစ္ေအာင္ သြင္းဂုိးေတြနဲ႔ ကူညီေပးခဲ့သူျဖစ္ပါတယ္။

Lionel-Messi-posed-for-photos-having-collected-the-latest-Alfredo-Di-Stefano

Lionel-Messi-posed-for-photos-having-collected-the-latest-Alfredo-Di-Stefano

ဒီအေကာင္းဆုံးဆုေတြကုိ စပိန္နာမည္ေက်ာ္ အားကစားသတင္းစာ Marca ရဲ႕ ဒါ႐ုိက္တာ Juan Ignacio Gallardo နဲ႔ လာလီဂါအဖဲြ႕ခ်ဳပ္ဥကၠဌ Javier Tebas တို႔က ကုိယ္တိုင္ဆုခ်ီးျမႇင့္ေပးခဲ့ပါတယ္။ ဒီရာသီ လာလီဂါၿပိဳင္ပဲြမွာ အရင္လုိ ဘာစီလုိနာနဲ႔ ရီးယဲလ္ (၂)သင္းထဲ မဟုတ္ေတာ့ဘဲ ၿပီးခဲ့တဲ့ႏွစ္ေတြကထက္ ပုိအႀကိတ္နယ္ရွိလာပါၿပီ။ အဲဒါနဲ႔ ပတ္သက္ၿပီး မက္ဆီက “လာလီဂါၿပိဳင္ပဲြဟာ အရင္ကထက္ ၿပိဳင္ဆုိင္မႈ ပုိျပင္းထန္လာတာဟာ တကယ္ေကာင္းပါတယ္။ ဘယ္အရာမွ မလြယ္ကူေတာ့ပါဘူး။ အသင္းတိုင္းက တစ္သင္းကုိ တစ္သင္း အႏုိင္ယူႏုိင္စြမ္းရွိေနပါၿပီ။ ဒီလုိအေနအထားမ်ိဳး ဆက္ရွိေနမယ္လုိ႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။

Awards-Winner

Awards-Winner

ၿပီးခဲ့တဲ့ရာသီ Clean Sheet အမ်ားဆုံး Zamora ဆုကုိေတာ့ အက္သလက္တီကုိဂုိးသမား အုိဘလက္ခ္ Jan Oblak က ဆြတ္ခူးခဲ့ၿပီး သူဟာ လာလီဂါ(၃၇)ပဲြမွာ (၂၂)ပဲြအထိ ေပးဂုိးမရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ စပိန္ကစားသမားထဲမွာ လာလီဂါသြင္းဂုိးအမ်ားဆုံး ကစားသမားဆုကုိေတာ့ ၿပီးခဲ့တဲ့ရာသီက (၂၂)ဂုိးသြင္းခဲ့တဲ့ ဆယ္လ္တာဗီဂုိ တိုက္စစ္မွဴးအက္စ္ပတ္စ္ Iago Aspas က ဆြတ္ခူးခဲ့ၿပီး အေကာင္းဆုံးနည္းျပဆုကုိ ဗလင္စီယာနည္းျပ မာဆယ္လီႏုိ Marcelino ၊ အေကာင္းဆုံး ဒုိင္လူႀကီးဆုကုိ Carlos Del Cerro Grande တို႔က ဆြတ္ခူးရရွိခဲ့ပါတယ္။

REF:Marca
Photo:Evening Standard,Realchannel65,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လာလီဂါအကောင်းဆုံး ဆု(၂)ခု ဆွတ်ခူးခဲ့တဲ့ မက်ဆီ Lionel Messi

ဘာစီလိုနာ နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Lionel Messi ဟာ လာလီဂါ (၁)နှစ်တာအကောင်းဆုံး ဆုဖြစ်တဲ့ Alfredo Di Stefano Trophy နဲ့ လာလီဂါ သွင်းဂိုးအများဆုံး ပီချီချီဆု (၂)ခုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Alfredo Di Stefano ဆုဆိုတာက တစ်ရာသီအတွင်း ခြေစွမ်းပြကစားခဲ့တဲ့ ကစားသမားကို ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး မက်ဆီက အငြင်းပွားဖွယ်မရှိ ရရှိခဲ့တာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါပြိုင်ပွဲမှာ (၃၄)ဂိုးသွင်းယူခဲ့ပြီး အသင်းကို လာလီဂါချန်ပီယံဖြစ်အောင် သွင်းဂိုးတွေနဲ့ ကူညီပေးခဲ့သူဖြစ်ပါတယ်။

Lionel-Messi-posed-for-photos-having-collected-the-latest-Alfredo-Di-Stefano

Lionel-Messi-posed-for-photos-having-collected-the-latest-Alfredo-Di-Stefano

ဒီအကောင်းဆုံးဆုတွေကို စပိန်နာမည်ကျော် အားကစားသတင်းစာ Marca ရဲ့ ဒါရိုက်တာ Juan Ignacio Gallardo နဲ့ လာလီဂါအဖွဲ့ချုပ်ဥက္ကဌ Javier Tebas တို့က ကိုယ်တိုင်ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ အရင်လို ဘာစီလိုနာနဲ့ ရီးယဲလ် (၂)သင်းထဲ မဟုတ်တော့ဘဲ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုအကြိတ်နယ်ရှိလာပါပြီ။ အဲဒါနဲ့ ပတ်သက်ပြီး မက်ဆီက “လာလီဂါပြိုင်ပွဲဟာ အရင်ကထက် ပြိုင်ဆိုင်မှု ပိုပြင်းထန်လာတာဟာ တကယ်ကောင်းပါတယ်။ ဘယ်အရာမှ မလွယ်ကူတော့ပါဘူး။ အသင်းတိုင်းက တစ်သင်းကို တစ်သင်း အနိုင်ယူနိုင်စွမ်းရှိနေပါပြီ။ ဒီလိုအနေအထားမျိုး ဆက်ရှိနေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့တယ်။

Awards-Winner

Awards-Winner

ပြီးခဲ့တဲ့ရာသီ Clean Sheet အများဆုံး Zamora ဆုကိုတော့ အက်သလက်တီကိုဂိုးသမား အိုဘလက်ခ် Jan Oblak က ဆွတ်ခူးခဲ့ပြီး သူဟာ လာလီဂါ(၃၇)ပွဲမှာ (၂၂)ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စပိန်ကစားသမားထဲမှာ လာလီဂါသွင်းဂိုးအများဆုံး ကစားသမားဆုကိုတော့ ပြီးခဲ့တဲ့ရာသီက (၂၂)ဂိုးသွင်းခဲ့တဲ့ ဆယ်လ်တာဗီဂို တိုက်စစ်မှူးအက်စ်ပတ်စ် Iago Aspas က ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို ဗလင်စီယာနည်းပြ မာဆယ်လီနို Marcelino ၊ အကောင်းဆုံး ဒိုင်လူကြီးဆုကို Carlos Del Cerro Grande တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။

REF:Marca
Photo:Evening Standard,Realchannel65,Twitter
Naing Linn(Akhayar)
www.akhayar.com