[Zawgyi]

Cristiano Ronaldo ေက်ာ္ျဖတ္ဖုိ႔ ခက္တဲ့ Messi ရဲ႕ စံခ်ိန္မွတ္တမ္းမ်ား

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo နဲ႔ မက္ဆီ Messi ဆုိတာက လက္ရွိေဘာလုံးေလာကမွာ အေကာင္ဆံုး ေဘာလုံးသမားႏွစ္ဦးျဖစ္သလုိ ၿပိဳင္ဆုိင္မႈျပင္းထန္တဲ့ ၿပိဳင္ဘက္ေတြဆုိရင္လည္း မမွားပါဘူး။ မေန႔က မက္ဆီ ေက်ာ္ျဖတ္ဖုိ႔ ခက္တဲ့ စီေရာ္နယ္လ္ဒုိရဲ႕ စံခ်ိန္မွတ္တမ္းေတြကုိ ေဖာ္ျပခဲ့အၿပီးမွာေတာ့ အခု စီေရာ္နယ္လ္ဒုိ ခ်ိဳးျဖတ္ဖုိ႔ ခက္တဲ့ မက္ဆီရဲ႕ စံခ်ိန္မွတ္တမ္းေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္ . .

တစ္ရာသီအတြင္း လိဂ္ၿပိဳင္ပဲြသြင္းဂုိးအမ်ားဆုံး

C-Ronaldo-and-Messi

C-Ronaldo-and-Messi

၂၀၁၁-၁၂ ရာသီ လာလီဂါၿပိဳင္ပဲြမွာ မက္ဆီဟာ ရပ္တန္႔လုိ႔မရခဲ့ဘဲ ဂုိး(၅၀)အထိ သြင္းယူခဲ့တာကုိ ပရိသတ္ေတြ မွတ္မိၾကဦးမွာပါ။ အဲဒီရာသီတုန္းက သူ႔ရဲ႕တစ္ပဲြပ်မ္းမွ် သြင္းဂုိးႏႈန္းက (၁.၃၅)ဂုိးအထိ ရွိခဲ့ၿပီး အဲဒီစြမ္းေဆာင္ရည္မ်ိဳး စီေရာ္နယ္လ္ဒုိ မလုပ္ျပႏုိင္ေသးပါဘူး။ ၂၀၁၄-၁၅ ရာသီမွာ မက္ဆီရဲ႕ သြင္းဂုိးအေရအတြကုိ အမီလုိက္ႏုိင္ဖုိ႔ အနီးစပ္ဆုံးအထိေရာက္ခဲ့ၿပီး (၄၈)ဂုိးနဲ႔ ေက်နပ္ခဲ့ရတယ္။ ဒါေၾကာင့္ စီေရာ္နယ္လ္ဒုိဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀မွာ မက္ဆီရဲ႕ တစ္ရာသီအတြင္း လိဂ္ၿပိဳင္ပဲြသြင္းဂုိးအမ်ားဆုံး မွတ္တမ္းကုိ ေက်ာ္ျဖတ္ႏုိင္မလား ေစာင့္ၾကည့္ရမယ္။

Ballons d’Or ဆုကုိ (၄)ႀကိမ္ဆက္ ရခဲ့တဲ့မွတ္တမ္း

Messi-with-Ballon-dOr

Messi-with-Ballon-dOr

မက္ဆီကုိ ေက်ာ္ျဖတ္ဖုိ႔ စီေရာ္နယ္လ္ဒုိအတြက္ လုိအပ္ေနတဲ့မွတ္တမ္းတစ္ခုက Ballons d’Or ဆုကုိ (၄)ႀကိမ္ဆက္ ရရွိဖုိ႔ပါပဲ။ မက္ဆီဟာ Ballons d’Or ဆုကုိ ၂၀၀၉ ကေန ၂၀၁၂ အထိ (၄)ႀကိမ္ဆက္ ရရွိခဲ့ၿပီး ျပင္သစ္ဂႏၳ၀င္ ပလာတီနီ Platini ရဲ႕ (၃)ႀကိမ္ဆက္ (၁၉၈၃၊ ၁၉၈၄၊ ၁၉၈၅) စံခ်ိန္ကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့တယ္။ စီေရာ္နယ္လ္ဒုိဟာ အဲဒီဆုကုိ ၂၀၁၃၊ ၂၀၁၄ နဲ႔ ၂၀၁၆၊ ၂၀၁၇ ခုႏွစ္ေတြမွာ (၂)ႀကိမ္ဆက္စီ ရခဲ့ဖူးေပမယ့္ (၄)ႀကိမ္ဆက္ေတာ့ မရခဲ့ဖူးဘူး။ စီေရာ္နယ္လ္ဒုိရဲ႕ အသက္အရြယ္အရ ဒီမွတ္တမ္းကုိ ခ်ိဳးျဖတ္ဖုိ႔က ခက္ခဲေနၿပီလုိ႔ ဆုိရမယ္။

El Clasico မွာ ဂုိးဖန္တီးမႈ/သြင္းဂုိးအမ်ားဆုံး

Messi-and-C-Ronaldo

Messi-and-C-Ronaldo

ဒီမွတ္တမ္းကေတာ့ စီေရာ္နယ္လ္ဒုိအတြက္ မျဖစ္ႏုိင္ေလာက္ေတာ့ပါဘူး။ မက္ဆီဟာ El Clasico ပဲြေတြမွာ ဂုိးဖန္တီးမႈ (၁၄)ႀကိမ္နဲ႔ အမ်ားဆုံးျဖစ္ေနသလုိ (၂၅)ဂုိးနဲ႔ သြင္းယူၿပီး ဂုိးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတယ္။ စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္ကစားသမားဘ၀ El Clasico ပဲြေတြမွာ (၁၇)ဂုိးသြင္း၊ ဂုိးဖန္တီးမႈ (၁)ႀကိမ္သာရွိခဲ့သလုိ အခုအခ်ိန္မွာလည္း ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ ကစားသမားဘ၀ ျဖတ္သန္းေနၿပီျဖစ္လုိ႔ အဲဒီမွတ္တမ္းေတြကုိ ေက်ာ္ျဖတ္ႏုိင္ဖုိ႔ ခက္ခဲသြားပါၿပီ။

(၂)ရာသီဆက္ ၿပိဳင္ပဲြစုံ ဂုိး(၆၀)နဲ႔အထက္ သြင္းယူခဲ့တဲ့ မွတ္တမ္း

Messi

Messi

စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီဆုိတာက Goal Machine Players ေတြဆုိတာ သံသယျဖစ္စရာ မလုိပါဘူး။ တစ္ရာသီအတြင္း ဂုိး (၄၀)၊ (၅၀)သြင္းဖုိ႔ဆုိတာက သူတို႔အတြက္ ခက္ခဲတဲ့အရာ မဟုတ္ဘူးလုိ႔ ဆုိရမယ္။ ဒါေပမဲ့ စီေရာ္နယ္လ္ဒုိဟာ မက္ဆီလုိ (၂)ရာသီဆက္ ၿပိဳင္ပဲြစုံ ဂုိး(၆၀)နဲ႔အထက္ မသြင္းႏုိင္ေသးပါဘူး။ မက္ဆီက ၂၀၁၁-၁၂ မွာ (၇၃)ဂုိး၊ ၂၀၁၂-၁၃ မွာ ဂုိး(၆၀)သြင္းယူခဲ့တယ္။ စီေရာ္နယ္လ္ဒုိဟာ ၂၀၁၁-၁၂ ရာသီတုန္းက ဂုိး(၆၀)၊ ၂၀၁၄-၁၅ ရာသီမွာ (၆၁)ဂုိးသြင္းခဲ့ေပမယ့္ (၂)ရာသီဆက္ေတာ့ မဟုတ္ခဲ့ပါဘူး။

ဒီမွတ္တမ္းေတြကေတာ့ စီေရာ္နယ္လ္ဒုိ ေက်ာ္ျဖတ္ဖုိ႔ ခက္ေနတဲ့ မက္ဆီရဲ႕ စံခ်ိန္တခ်ိဳ႕ပဲျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီပရိသတ္ေတြလည္း ဒီ Article ကုိ ဖတ္ၿပီးရင္ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ ျငင္းခုံလုိ႔ ပုိေကာင္းသြားတာေပါ့ . .

မက္ဆီ Messi ေက်ာ္ျဖတ္ဖုိ႔ ႀကိဳးပမ္းရမယ့္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရဲ႕ စံခ်ိန္မွတ္တမ္းမ်ား

REF:sportskeeda
Photo:YouTube,These Football Times,Pursuit Of Dopeness
Naing Linn(Akhayar)
www.akhayar.com

[Zawgyi]

Cristiano Ronaldo ကျော်ဖြတ်ဖို့ ခက်တဲ့ Messi ရဲ့ စံချိန်မှတ်တမ်းများ

ရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi ဆိုတာက လက်ရှိဘောလုံးလောကမှာ အကောင်ဆုံး ဘောလုံးသမားနှစ်ဦးဖြစ်သလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ဘက်တွေဆိုရင်လည်း မမှားပါဘူး။ မနေ့က မက်ဆီ ကျော်ဖြတ်ဖို့ ခက်တဲ့ စီရော်နယ်လ်ဒိုရဲ့ စံချိန်မှတ်တမ်းတွေကို ဖော်ပြခဲ့အပြီးမှာတော့ အခု စီရော်နယ်လ်ဒို ချိုးဖြတ်ဖို့ ခက်တဲ့ မက်ဆီရဲ့ စံချိန်မှတ်တမ်းတွေကို ဖော်ပြပေးလိုက်ပါတယ် . .

တစ်ရာသီအတွင်း လိဂ်ပြိုင်ပွဲသွင်းဂိုးအများဆုံး

C-Ronaldo-and-Messi

C-Ronaldo-and-Messi

၂၀၁၁-၁၂ ရာသီ လာလီဂါပြိုင်ပွဲမှာ မက်ဆီဟာ ရပ်တန့်လို့မရခဲ့ဘဲ ဂိုး(၅၀)အထိ သွင်းယူခဲ့တာကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ အဲဒီရာသီတုန်းက သူ့ရဲ့တစ်ပွဲပျမ်းမျှ သွင်းဂိုးနှုန်းက (၁.၃၅)ဂိုးအထိ ရှိခဲ့ပြီး အဲဒီစွမ်းဆောင်ရည်မျိုး စီရော်နယ်လ်ဒို မလုပ်ပြနိုင်သေးပါဘူး။ ၂၀၁၄-၁၅ ရာသီမှာ မက်ဆီရဲ့ သွင်းဂိုးအရေအတွကို အမီလိုက်နိုင်ဖို့ အနီးစပ်ဆုံးအထိရောက်ခဲ့ပြီး (၄၈)ဂိုးနဲ့ ကျေနပ်ခဲ့ရတယ်။ ဒါကြောင့် စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားဘဝမှာ မက်ဆီရဲ့ တစ်ရာသီအတွင်း လိဂ်ပြိုင်ပွဲသွင်းဂိုးအများဆုံး မှတ်တမ်းကို ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရမယ်။

Ballons d’Or ဆုကို (၄)ကြိမ်ဆက် ရခဲ့တဲ့မှတ်တမ်း

Messi-with-Ballon-dOr

Messi-with-Ballon-dOr

မက်ဆီကို ကျော်ဖြတ်ဖို့ စီရော်နယ်လ်ဒိုအတွက် လိုအပ်နေတဲ့မှတ်တမ်းတစ်ခုက Ballons d’Or ဆုကို (၄)ကြိမ်ဆက် ရရှိဖို့ပါပဲ။ မက်ဆီဟာ Ballons d’Or ဆုကို ၂၀၀၉ ကနေ ၂၀၁၂ အထိ (၄)ကြိမ်ဆက် ရရှိခဲ့ပြီး ပြင်သစ်ဂန္ထဝင် ပလာတီနီ Platini ရဲ့ (၃)ကြိမ်ဆက် (၁၉၈၃၊ ၁၉၈၄၊ ၁၉၈၅) စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ စီရော်နယ်လ်ဒိုဟာ အဲဒီဆုကို ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ (၂)ကြိမ်ဆက်စီ ရခဲ့ဖူးပေမယ့် (၄)ကြိမ်ဆက်တော့ မရခဲ့ဖူးဘူး။ စီရော်နယ်လ်ဒိုရဲ့ အသက်အရွယ်အရ ဒီမှတ်တမ်းကို ချိုးဖြတ်ဖို့က ခက်ခဲနေပြီလို့ ဆိုရမယ်။

El Clasico မှာ ဂိုးဖန်တီးမှု/သွင်းဂိုးအများဆုံး

Messi-and-C-Ronaldo

Messi-and-C-Ronaldo

ဒီမှတ်တမ်းကတော့ စီရော်နယ်လ်ဒိုအတွက် မဖြစ်နိုင်လောက်တော့ပါဘူး။ မက်ဆီဟာ El Clasico ပွဲတွေမှာ ဂိုးဖန်တီးမှု (၁၄)ကြိမ်နဲ့ အများဆုံးဖြစ်နေသလို (၂၅)ဂိုးနဲ့ သွင်းယူပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတယ်။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်ကစားသမားဘ၀ El Clasico ပွဲတွေမှာ (၁၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁)ကြိမ်သာရှိခဲ့သလို အခုအချိန်မှာလည်း ဂျူဗင်တပ်စ်အသင်းနဲ့အတူ ကစားသမားဘ၀ ဖြတ်သန်းနေပြီဖြစ်လို့ အဲဒီမှတ်တမ်းတွေကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲသွားပါပြီ။

(၂)ရာသီဆက် ပြိုင်ပွဲစုံ ဂိုး(၆၀)နဲ့အထက် သွင်းယူခဲ့တဲ့ မှတ်တမ်း

Messi

Messi

စီရော်နယ်လ်ဒိုနဲ့ မက်ဆီဆိုတာက Goal Machine Players တွေဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ တစ်ရာသီအတွင်း ဂိုး (၄၀)၊ (၅၀)သွင်းဖို့ဆိုတာက သူတို့အတွက် ခက်ခဲတဲ့အရာ မဟုတ်ဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ မက်ဆီလို (၂)ရာသီဆက် ပြိုင်ပွဲစုံ ဂိုး(၆၀)နဲ့အထက် မသွင်းနိုင်သေးပါဘူး။ မက်ဆီက ၂၀၁၁-၁၂ မှာ (၇၃)ဂိုး၊ ၂၀၁၂-၁၃ မှာ ဂိုး(၆၀)သွင်းယူခဲ့တယ်။ စီရော်နယ်လ်ဒိုဟာ ၂၀၁၁-၁၂ ရာသီတုန်းက ဂိုး(၆၀)၊ ၂၀၁၄-၁၅ ရာသီမှာ (၆၁)ဂိုးသွင်းခဲ့ပေမယ့် (၂)ရာသီဆက်တော့ မဟုတ်ခဲ့ပါဘူး။

ဒီမှတ်တမ်းတွေကတော့ စီရော်နယ်လ်ဒို ကျော်ဖြတ်ဖို့ ခက်နေတဲ့ မက်ဆီရဲ့ စံချိန်တချို့ပဲဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီပရိသတ်တွေလည်း ဒီ Article ကို ဖတ်ပြီးရင် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ငြင်းခုံလို့ ပိုကောင်းသွားတာပေါ့ . .

မက်ဆီ Messi ကျော်ဖြတ်ဖို့ ကြိုးပမ်းရမယ့် စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ စံချိန်မှတ်တမ်းများ

REF:sportskeeda
Photo:YouTube,These Football Times,Pursuit Of Dopeness
Naing Linn(Akhayar)
www.akhayar.com