[Zawgyi]

Cristiano Ronaldo တင္ထားတဲ့ စံခ်ိန္ကုိ ခ်ိဳးဖ်က္ခဲ့တဲ့ Lionel Messi

ဗလင္စီယာအသင္းကုိ အႏုိင္ရခဲ့တဲ့ပြဲမွာ ခ်န္ပီယံလိဂ္ႏုိင္ပြဲ (၁ဝဝ) ျပည့္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့တဲ့ Cristiano Ronaldo ကုိ အားက်မခံဘဲ Lionel Messi ဟာ စံခ်ိန္သစ္တစ္ခု တင္ခဲ့ျပန္ပါတယ္။ PSV အသင္းကုိ အႏုိင္ရခဲ့တဲ့ပြဲမွာ ဘာစီလုိနာအသင္းအတြက္ ဂုိးသြင္းယူခဲ့တဲ့ Lionel Messi ဟာ ခ်န္ပီယံလိဂ္သြင္းဂုိး (၁ဝ၆) ဂုိးရွိလာၿပီး ခ်န္ပီယံလိဂ္မွာ ကလပ္တစ္သင္းတည္းအတြက္ ဂုိးအမ်ားဆုံးသြင္းတဲ့ ကစားသမားျဖစ္လာခဲ့ပါတယ္။ Cristiano Ronaldo ဟာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ ခ်န္ပီယံလိဂ္သြင္းဂုိး (၁ဝ၅) ဂုိးစံခ်ိန္ကုိ Lionel Messi က (၁ဝ၆) ဂိုးနဲ႔ ခ်ိဳးဖ်က္လုိက္တာပဲျဖစ္ပါတယ္။

Cristiano Ronaldo ဟာ လက္ရွိအခ်ိန္မွာ ဂ်ဴဗင္တပ္အသင္းကုိ ေရာက္ရွိေနတာေၾကာင့္ Lionel Messi ခ်ိဳးဖ်က္သြားတဲ့ ခ်န္ပီယံလိဂ္မွာ ကလပ္တစ္သင္းတည္းအတြက္ ဂုိးအမ်ားဆုံးသြင္းတဲ့စံခ်ိန္ကုိ ျပန္လည္ခ်ိဳးဖ်က္လုိ႔ အလွမ္းေဝးၿပီလုိ႔ဆုိႏုိင္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ (၉) ရာသီၾကာ ကစားၿပီး တင္ထားတဲ့ Cristiano Ronaldo ရဲ႕ စံခ်ိန္ကုိ Lionel Messi က ဘာစီလုိနာအသင္းနဲ႔ (၁၃) ရာသီကစားၿပီး ခ်ိဳးဖ်က္ခဲ့တာပါ။

Lionel Messi ခ်ိဳးဖ်က္ရမယ့္ စံခ်ိန္တစ္ခုရွိပါေသးတယ္။ အဲဒါကေတာ့ Cristiano Ronaldo ရဲ႕ ခ်န္ပီယံလိဂ္သြင္းဂုိးအမ်ားဆုံးစံခ်ိန္ပါ။ Cristiano Ronaldo ဟာ (၁၂၁) ဂုိးနဲ႔ ခ်န္ပီယံလိဂ္သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ေနၿပီး Lionel Messi က (၁ဝ၆) ဂုိးသာ ရွိပါေသးတယ္။ Cristiano Ronaldo ရဲ႕ ခ်န္ပီယံလိဂ္သြင္းဂုိးအမ်ားဆုံးစံခ်ိန္ကုိ Lionel Messi ခ်ိဳးဖ်က္ႏုိင္မယ္ထင္လား ပရိသတ္ႀကီး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Cristiano Ronaldo တင်ထားတဲ့ စံချိန်ကို ချိုးဖျက်ခဲ့တဲ့ Lionel Messi

ဗလင်စီယာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ချန်ပီယံလိဂ်နိုင်ပွဲ (၁ဝဝ) ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တဲ့ Cristiano Ronaldo ကို အားကျမခံဘဲ Lionel Messi ဟာ စံချိန်သစ်တစ်ခု တင်ခဲ့ပြန်ပါတယ်။ PSV အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းအတွက် ဂိုးသွင်းယူခဲ့တဲ့ Lionel Messi ဟာ ချန်ပီယံလိဂ်သွင်းဂိုး (၁ဝ၆) ဂိုးရှိလာပြီး ချန်ပီယံလိဂ်မှာ ကလပ်တစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ Cristiano Ronaldo ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်သွင်းဂိုး (၁ဝ၅) ဂိုးစံချိန်ကို Lionel Messi က (၁ဝ၆) ဂိုးနဲ့ ချိုးဖျက်လိုက်တာပဲဖြစ်ပါတယ်။

Cristiano Ronaldo ဟာ လက်ရှိအချိန်မှာ ဂျူဗင်တပ်အသင်းကို ရောက်ရှိနေတာကြောင့် Lionel Messi ချိုးဖျက်သွားတဲ့ ချန်ပီယံလိဂ်မှာ ကလပ်တစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းတဲ့စံချိန်ကို ပြန်လည်ချိုးဖျက်လို့ အလှမ်းဝေးပြီလို့ဆိုနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ (၉) ရာသီကြာ ကစားပြီး တင်ထားတဲ့ Cristiano Ronaldo ရဲ့ စံချိန်ကို Lionel Messi က ဘာစီလိုနာအသင်းနဲ့ (၁၃) ရာသီကစားပြီး ချိုးဖျက်ခဲ့တာပါ။

Lionel Messi ချိုးဖျက်ရမယ့် စံချိန်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Cristiano Ronaldo ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးစံချိန်ပါ။ Cristiano Ronaldo ဟာ (၁၂၁) ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေပြီး Lionel Messi က (၁ဝ၆) ဂိုးသာ ရှိပါသေးတယ်။ Cristiano Ronaldo ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးစံချိန်ကို Lionel Messi ချိုးဖျက်နိုင်မယ်ထင်လား ပရိသတ်ကြီး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com