ဘာစီလိုနာအသင်း အဓိကတိုက်စစ်မှူး မက်ဆီ Lionel Messi ဟာ ခြေသလုံးဒဏ်ရာကနေ ရာနှုန်းပြည့်သက်သာလာဖို့က ထင်ထားတာထက် ပိုကြာနေပြီး အခုတစ်ပတ်ကစားမယ့် ဗလင်စီယာနဲ့ လာလီဂါပွဲကို ဆက်လက်လွဲချော်ဦးမှာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီက အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲ ကစားရင်းနဲ့ ခြေသလုံးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့် အခုရာသီအစပွဲတွေ အားလုံး လွဲချော်ခဲ့ပါတယ်။ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေက ဗလင်စီယာနဲ့ပွဲမတိုင်ခင် မက်ဆီ ကြံ့ခိုင်မှုပြည့်ဝလာဖို့ မျှော်လင့်ခဲ့ပေမယ့် အခုအချိန်မှာတော့ မသေချာတော့ပါဘူး။

ဘာစီလိုနာအသင်းဟာ မက်ဆီ မပါနိုင်တဲ့ လာလီဂါရာသီအစ (၃)ပွဲမှာ ရလဒ်မကောင်းခဲ့ဘဲ (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် လာမယ့်ဗလင်စီယာနဲ့ပွဲမှာလည်း ရုန်းကန်ရဖို့ရှိနေပါပြီ။ နောက်ထပ် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆွာရက်ဇ် Luis Suarez ကလည်း ခြေသလုံးဒဏ်ရာရှိနေပေမယ့် နိုင်ငံတကာပွဲကစားတဲ့ ရက်ပိုင်းအတွင်းမှာ ကြံ့ခိုင်မှုပြည့်ဝလာဖို့ ရှိနေတာကြောင့် ဗလင်စီယာနဲ့ပွဲမှာ ပါဝင်နိုမယ့်အနေအထားပါပဲ။ မက်ဆီအနေနဲ့ ဗလင်စီယာပွဲကို လွဲချော်မယ်ဆိုရင် အဖြစ်နိုင်ဆုံးက စက်တင်ဘာ(၁၇)ရက်မှာ ဒေါ့မွန်နဲ့ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာပဲ အသင်းအတွက် ပြန်ကစားဖို့ရှိနေပါပြီ။

REF:Daily Mail
Photo:Leo Messi Facebook
Naing Linn(Akhayar)
www.akhayar.com