[Zawgyi]

ဘာစီလိုနာအသင္းေခါင္းေဆာင္သစ္ ျဖစ္လာတဲ႔ မက္ဆီ Messi

၂၀၁၈ – ၂၀၁၉ ေဘာလံုးရာသီမွာေတာ႔ တိုက္စစ္မႈးမက္ဆီ Messi ဟာ ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူသြားမွာပဲျဖစ္ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္ အင္နီေယစတာ ဟာ ေဂ်လိဂ္ကလပ္ Vissel Kobe အသင္းကို ေျပာင္းေရႊ႕ခဲ႔တာေၾကာင္႔ မက္ဆီ Messi ဟာ ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္သစ္ ျဖစ္လာခဲ႔တာပါ။ မက္ဆီ Messi ဟာ ႏိုင္ငံအသင္းျဖစ္တဲ႔ အာဂ်င္တီးနားအသင္းရဲ႕အသင္းေခါင္းေဆာင္လည္း ျဖစ္တာေၾကာင္႔ ႏိုင္ငံအသင္းမွာေရာ ကလပ္အသင္းမွာပါ အသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူသြားမွာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ဘူးစ္ကြက္စ္ Busquets ၊ တတိယအသင္းေခါင္းေဆာင္အျဖစ္ ပီေကး Pique ၊ စတုတၳအသင္းေခါင္းေဆာင္အျဖစ္ ဆာဂ်ီယို ေရာဘတ္တို Sergi Roberto တို႔က အသီးသီးတာ၀န္ယူသြားၾကမွာလည္း ျဖစ္ပါတယ္။

Messi

Messi

ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္(၄)ဦးစလံုးဟာ လာမာစီယာအကယ္ဒမီထြက္ ကစားသမားေတြလည္းျဖစ္ပါတယ္။ အသက္(၃၁)ႏွစ္အရြယ္ရိွျပီျဖစ္သူ မက္ဆီ Messi ဟာ ဘာစီလိုနာအသင္းမွာ ၂၀၀၄ ခုႏွစ္ကစတင္ပါ၀င္ကစားခဲ႔ျပီး လက္ရိွအခ်ိန္ထိ အသင္းအတြက္ သြင္းဂိုး(၅၅၂)ဂိုးသြင္းယူထားကာ အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆံုးကစားသမားလည္း ျဖစ္ပါတယ္။

မက္ဆီ Messi ရဲ႕ ဘာစီလိုနာကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

La Liga: 2004–05, 2005–06, 2008–09, 2009–10, 2010–11, 2012–13, 2014–15, 2015–16, 2017–18
Copa del Rey: 2008–09, 2011–12, 2014–15, 2015–16, 2016–17, 2017–18
Supercopa de España: 2005, 2006, 2009, 2010, 2011, 2013, 2016
UEFA Champions League: 2005–06, 2008–09, 2010–11, 2014–15
UEFA Super Cup: 2009, 2011, 2015
FIFA Club World Cup: 2009, 2011, 2015

REF: BBC Sport
Photo: MacMadison News 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာအသင်းခေါင်းဆောင်သစ် ဖြစ်လာတဲ့ မက်ဆီ Messi

၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာတော့ တိုက်စစ်မှုးမက်ဆီ Messi ဟာ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူသွားမှာပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် အင်နီယေစတာ ဟာ ဂျေလိဂ်ကလပ် Vissel Kobe အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် မက်ဆီ Messi ဟာ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာခဲ့တာပါ။ မက်ဆီ Messi ဟာ နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းရဲ့အသင်းခေါင်းဆောင်လည်း ဖြစ်တာကြောင့် နိုင်ငံအသင်းမှာရော ကလပ်အသင်းမှာပါ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူသွားမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဘူးစ်ကွက်စ် Busquets ၊ တတိယအသင်းခေါင်းဆောင်အဖြစ် ပီကေး Pique ၊ စတုတ္ထအသင်းခေါင်းဆောင်အဖြစ် ဆာဂျီယို ရောဘတ်တို Sergi Roberto တို့က အသီးသီးတာဝန်ယူသွားကြမှာလည်း ဖြစ်ပါတယ်။

Messi

Messi

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်(၄)ဦးစလုံးဟာ လာမာစီယာအကယ်ဒမီထွက် ကစားသမားတွေလည်းဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီ Messi ဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၄ ခုနှစ်ကစတင်ပါဝင်ကစားခဲ့ပြီး လက်ရှိအချိန်ထိ အသင်းအတွက် သွင်းဂိုး(၅၅၂)ဂိုးသွင်းယူထားကာ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်ပါတယ်။

မက်ဆီ Messi ရဲ့ ဘာစီလိုနာကစားသမားဘ၀ အောင်မြင်မှုများ

La Liga: 2004–05, 2005–06, 2008–09, 2009–10, 2010–11, 2012–13, 2014–15, 2015–16, 2017–18
Copa del Rey: 2008–09, 2011–12, 2014–15, 2015–16, 2016–17, 2017–18
Supercopa de España: 2005, 2006, 2009, 2010, 2011, 2013, 2016
UEFA Champions League: 2005–06, 2008–09, 2010–11, 2014–15
UEFA Super Cup: 2009, 2011, 2015
FIFA Club World Cup: 2009, 2011, 2015

REF: BBC Sport
Photo: MacMadison News 
Ko Kyue(Akhayar)
www.akhayar.com