[Zawgyi]

ဘာစီလိုနာအသင္းရဲ႕ ခ်န္ပီယံလိဂ္လူစာရင္းမွာ ပါ၀င္လာခဲ႔တဲ႔ မက္ဆီ Messi

လက္ေမာင္း႐ိုးက်ိဳး ဒဏ္ရာေၾကာင္႔ အနားယူေနရတဲ႔ ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္တိုက္စစ္မွဴး မက္ဆီ Messi ဟာ အင္တာမီလန္အသင္းနဲ႔ ကစားမယ္႔ အသင္းရဲ႕ခ်န္ပီယံလိဂ္လူစာရင္းမွာ ပါ၀င္လာခဲ႔တယ္လို႔ သိရပါတယ္။ မက္ဆီဟာ ဆီီဗီလာအသင္းနဲ႔ ကစားခဲ႔တဲ႔ လာလီဂါပြဲစဥ္မွာ လက္ေမာင္း႐ိုးက်ိဳး ဒဏ္ရာ ရရိွခဲ႔တာျဖစ္ျပီး အင္တာမီလန္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ပါ၀င္ကစားႏိုင္ျခင္းရိွ မရိွကိုေတာ႔ ဆက္လက္ေစာင္႔ၾကည္႔ရဦးမွာပါ။

Barcelona striker Lionel Messi broke his arm during a 4-2 win over Sevilla in October

Barcelona striker Lionel Messi broke his arm during a 4-2 win over Sevilla in October

မက္ဆီ ဟာ လက္ေမာင္း႐ိုးက်ိဳး ဒဏ္ရာေၾကာင္႔ (၃)ပတ္ခန္႔ အနားယူရဖို႔ ရိွတယ္လို႔ သတင္းေတြထြက္ေပၚခဲ႔ေပမယ္႔ လက္ေတြ႕မွာေတာ႔ ဒဏ္ရာကေန ေစာစီးစြာ သက္သာလာခဲ႔တာပဲျဖစ္ပါတယ္။ ဒီဒဏ္ရာေၾကာင္႔ မက္ဆီ ဟာ ဘာစီလိုနာအသင္းရဲ႕ ပြဲစဥ္(၄)ပြဲကို လြဲေခ်ာ္ခဲ႔ပါတယ္။

Messi

Messi

မက္ဆီ ဟာ ျပီးခဲ႔တဲ႔ တစ္ပတ္ထဲက အသင္းနဲ႔ ေလ႔က်င္႔ခန္းျပန္ဆင္းေနျပီပဲျဖစ္ပါတယ္။ အသက္(၃၁)ႏွစ္ အရြယ္ရိွျပီျဖစ္သူ မက္ဆီ ဟာ ဒီႏွစ္ေဘာလံုးရာသီမွာ လက္ရိွအခ်ိန္ထိ ဘာစီလိုနာအသင္းအတြက္ ျပိဳင္ပြဲစံု(၁၂)ပြဲကစား (၁၂)ဂိုးသြင္းယူထားပါတယ္။

Ref: BBC Sport
Photo: CGTN , W3LiveNews.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာအသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းမှာ ပါဝင်လာခဲ့တဲ့ မက်ဆီ Messi

လက်မောင်းရိုးကျိုး ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး မက်ဆီ Messi ဟာ အင်တာမီလန်အသင်းနဲ့ ကစားမယ့် အသင်းရဲ့ချန်ပီယံလိဂ်လူစာရင်းမှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ မက်ဆီဟာ ဆီဗီလာအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လက်မောင်းရိုးကျိုး ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားနိုင်ခြင်းရှိ မရှိကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Barcelona striker Lionel Messi broke his arm during a 4-2 win over Sevilla in October

Barcelona striker Lionel Messi broke his arm during a 4-2 win over Sevilla in October

မက်ဆီ ဟာ လက်မောင်းရိုးကျိုး ဒဏ်ရာကြောင့် (၃)ပတ်ခန့် အနားယူရဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့မှာတော့ ဒဏ်ရာကနေ စောစီးစွာ သက်သာလာခဲ့တာပဲဖြစ်ပါတယ်။ ဒီဒဏ်ရာကြောင့် မက်ဆီ ဟာ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်(၄)ပွဲကို လွဲချော်ခဲ့ပါတယ်။

Messi

Messi

မက်ဆီ ဟာ ပြီးခဲ့တဲ့ တစ်ပတ်ထဲက အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီပဲဖြစ်ပါတယ်။ အသက်(၃၁)နှစ် အရွယ်ရှိပြီဖြစ်သူ မက်ဆီ ဟာ ဒီနှစ်ဘောလုံးရာသီမှာ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၁၂)ပွဲကစား (၁၂)ဂိုးသွင်းယူထားပါတယ်။

Ref: BBC Sport
Photo: CGTN , W3LiveNews.com
Ko Kyue(Akhayar)
www.akhayar.com