ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အောင်မြင်တဲ့ ဘောလုံးဆွဲပြေးမှု (Best Dribbler) အများဆုံး ကစားသမား စာရင်းကို နာမည်ကျော် ဘောလုံးသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES နဲ့ Opta အဖွဲ့တို့ ပူးပေါင်းပြီး စစ်တမ်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအဖွဲ့(၂)ခုဟာ ၁၈-၂-၂၀၁၈ ကနေ ၁၇-၂-၂၀၁၉ ကာလအတွင်း ဥရောပထိပ်သီးလိဂ်(၅)ခုမှာ သက်ဆိုင်ရာကလပ်တွေအတွက် အနည်းဆုံး (၁၈၀၀)မိနစ်ကစားခဲ့တဲ့ ကစားသမားတွေကိုသာ ရွေးချယ်ပြီး သူတို့ရဲ့ မိနစ်အလိုက် အောင်မြင်တဲ့ဘောလုံးဆွဲပြေးမှုကို တွက်ချက်ထားတာဖြစ်ပါတယ်။ ထိပ်ဆုံး(၁၀)စာရင်းမှာ မက်ဆီ Lionel Messi ၊ ဟာဇက် Eden Hazard ၊ ဆန်ချို Jadon Sancho စတဲ့ နာမည်ကျော် ကစားသမားတွေ ပါဝင်ခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီထိပ်သီး စီရော်နယ်လ်ဒို Cristiano Ronaldo ကတော့ အံ့အားသင့်စရာကောင်းလောက်အောင် အယောက်(၅၀)စာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။

နံပါတ်(၁)နေရာကို ထုံးစံအတိုင်း ဘာစီလိုနာအသင်း နာမည်ကျော်တိုက်စစ်မှူး မက်ဆီက သိမ်းပိုက်ခဲ့ပါတယ်။ မက်ဆီဟာ ပျမ်းမျှ (၁၉.၂)မိနစ်တိုင်းမှာ ပြိုင်ဘက်ကို ကျော်ဖြတ်ပြီး ဘောလုံးဆွဲပြေးမှု ပြုလုပ်နိုင်ခဲ့တယ်။ မက်ဆီလို Gifted Player တစ်ဦးအတွက် ဒီလိုစွမ်းဆောင်ရည်မျိုး ပြသနိုင်တာက သိပ်မဆန်းဘူးလို့ ပြောရမှာပါ။ သူ့နောက်မှာတော့ နိုက်စ်အသင်းကစားသမား မက်ဆီမင် Allan Saint-Maximin က (၁၉.၈)မိနစ်နဲ့ ဒုတိယနေရာရနေပြီး ချယ်လ်ဆီးအသင်း အဓိက ကစားသမား ဟာဇက်ကတော့ တတိယနေရာမှာ ရှိနေတယ်။ ဟာဇက်ရဲ့ Dribbling Skill က အားရကောင်းတဲ့ အနေအထားမှာရှိနေပြီး ဘောလုံးဆွဲပြေးမှု အနည်းဆုံးအကြိမ်(၁၀၀)ပြုလုပ်ခဲ့တဲ့ ကစားသမားတွေထဲမှာ အောင်မြင်တဲ့ရာခိုင်နှုန်းက (၇၃)ရာခိုင်နှုန်းအထိ ရှိနေတယ်။

ဒီစာရင်းရဲ့ အယောက်(၅၀)စာရင်းမှာ စီရော်နယ်လ်ဒို မပါတာက ထူးခြားမှုဖြစ်ပေမယ့် CIES နဲ့ Opta တို့ရဲ့ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ ရီးယဲလ်ကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥရောပထိပ်သီးလိဂ်(၅)ခုရဲ့ မိနစ်အလိုက် အောင်မြင်တဲ့ ဘောလုံးဆွဲပြေးမှု ပြုလုပ်ခဲ့သူ ကစားသမားစာရင်းကို ကြည့်လိုက်ရအောင် . . .

Lowest minutes per successful dribble in the top five European leagues

1. Lionel Messi (Barcelona) 19.2
2. Allan Saint-Maximin (Nice) 19.8
3. Eden Hazard (Chelsea) 21
4. Naim Sliti (Dijon) 21.4
5. Ousmane Dembele (Barcelona) 21.7
6. Jadon Sancho (Borussia Dortmund) 24.1
7. Marcus Thuram (Guingamp) 24.2
8. Jeff Reine-Adelaide (Angers) 24.7
9. Wilfried Zaha (Crystal Palace) 25.6
10. Angel Correa (Atletico Madrid) 27.1

ကစားသမားစာရင်း အပြည့်အစုံကြည့်ရန် လင့်ခ်

REF:football-observatory
Photo:Getty Images,NBC News,Twitter,Planet Football
Naing Linn(Akhayar)
www.akhayar.com