This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဂိုးေပါက္ေပ်ာက္ဆံုးခဲ့တာ (၆၇၅)မိနစ္အထိ ၾကာျမင့္လာတဲ့ မက္ဆီ

ရုရွားေျမမွာ က်င္းပေနတဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ေျခစြမ္းျပသႏိုင္ျခင္းမရွိလို႔ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အာဂ်င္တီးနားအသင္းရဲ႕ နာမည္ေက်ာ္ တိုက္စစ္မွဴး မက္ဆီ Messi ဟာ ေနာက္ထပ္ မွတ္တမ္းဆိုးတစ္ခုထြက္ေပၚလာခဲ့ပါတယ္။ ကမၻာ႔အေကာင္းဆံုး တိုက္စစ္မွဴးတစ္ဦးျဖစ္ေပမယ့္ မက္ဆီ Messi အေနနဲ႔ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဂိုးေပါက္ေပ်ာက္ဆံုးခဲ့တာ (၆၇၅)မိနစ္အထိ ၾကာျမင့္လာခဲ့ၿပီဆိုတဲ့ မွတ္တမ္းဆိုးပဲ ျဖစ္ပါတယ္။ အခုလက္ရွိ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ကစားၿပီးခဲ့တဲ့ (၂)ပြဲအပါအဝင္ မွတ္တမ္းေတြအရ (၆၇၅)မိနစ္အထိ ရွိလာခဲ့တာျဖစ္ပါတယ္။ ခရိုေအးရွားအသင္းကို ဂိုးျပတ္ရံႈးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွာ မက္ဆီ Messi အေပၚ ပရိသတ္ေတြရဲ႕ ေဝဖန္သံေတြ ပိုမိုထြက္ေပၚလာခဲ့ၿပီး အဓိက ၿပိဳင္ဘက္ ေပၚတူဂီတိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo ေလာက္ ႏိုင္ငံအသင္းအေပၚ ေပးဆပ္လိုစိတ္မရွိတဲ့ ကစားသမားလို႔ ႏႈိင္းယွဥ္ေဝဖန္မႈေတြနဲ႔ပါ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

Messi-had-just-20-touches-in-the-first-half

Messi-had-just-20-touches-in-the-first-half

ခရိုေအးရွားအသင္းနဲ႔ ပထမပိုင္း ပြဲခ်ိန္ကစားခ်ိန္အတြင္းမွာဆိုရင္ မထင္မရွား ကစားသမားတစ္ဦးေလာက္သာ ကစားျပႏိုင္ခဲ့ၿပီး (၄၅)မိနစ္အတြင္း ေဘာလံုးထိခ်က္ေပါင္းက အႀကိမ္ (၂၀)သာ ရွိခဲ့ပါတယ္။ ခရိုေအးရွားနဲ႔ ကစားခဲ့တဲ့ပြဲမွာ မက္ဆီ Messi ထက္ ေဘာလံုးထိခ်က္နည္းတဲ့ ကစားသမားဆိုလို႔ အဂြဲရိုး Aguero တစ္ဦးသာ ရွိခဲ့ၿပီး သူ႔ရဲ႕ ေဘာလံုးထိခ်က္က ပထမပိုင္းတစ္ပိုင္းလံုးမွာ (၉)ႀကိမ္သာ ရွိခဲ့ပါတယ္။ ခရိုေအးရွားနဲ႔ ပြဲမွာ အမွားေတြ က်ဴးလြန္ခဲ့တဲ့ အာဂ်င္တီးနားအသင္း ဂိုးသမား ကာဘယ္လာရို Caballero ေတာင္ ေဘာလံုးထိခ်က္ (၂၂)ႀကိမ္ရွိခဲ့ၿပီး မက္ဆီ Messi ထက္ မွတ္တမ္းေတြအရ အနည္းငယ္ အသာရခဲ့ပါတယ္။

ခရိုေအးရွားနဲ႔ ပြဲစဥ္မွာ မက္ဆီ Messi ရဲ႕ စြမ္းေဆာင္ရည္ေတြက စိတ္ပ်က္ဖို႔ေကာင္းခဲ့ၿပီး ပထမဆံုး ဂိုးေပါက္တည့္ကန္ခ်က္ျဖစ္သလို တစ္ပြဲလံုးမွာ တစ္ႀကိမ္ပဲရွိခဲ့တဲ့ သူ႔ရဲ႕ဂိုးေပါက္ၿခိမ္းေျခာက္မႈကို (၆၄)မိနစ္မွာ ကန္ခဲ့တဲ့ ကန္ခ်က္ တစ္ႀကိမ္သာရွိခဲ့ပါတယ္။ ပြဲၿပီးဆံုးခ်ိန္မွာ မက္ဆီ Messi ရဲ႕ ေဘာလံုးထိခ်က္ေပါင္းက (၄၇)ႀကိမ္သာရွိခဲ့ၿပီး ေဘာလံုးေပးပို႔မႈေပါင္း (၂၃)ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တယ္။ အာဂ်င္တီးနားအသင္းေဖာ္ေတြရဲ႕ အေထာက္အပံ့ေပးႏိုင္စြမ္းမရွိတာကလည္း မက္ဆီ Messi ေျခစြမ္းမျပႏိုင္တဲ့ အေၾကာင္းအရင္းတစ္ခုလိုျဖစ္ခဲ့ပါတယ္။ ပထမပိုင္းမွာ ပြဲထြက္ပါဝင္လာတဲ့ အာဂ်င္တီးနားအသင္းရဲ႕ ဘယ္ကစားသမားကမွ မက္ဆီ Messi ထံ (၂)ႀကိမ္ထက္ပိုတဲ့ ေဘာလံုးေပးပို႔မႈ မျပဳလုပ္ႏိုင္ခဲ့တာကို စစ္တမ္းေတြက ေဖာ္ျပေနခဲ့ပါတယ္။

Argentina-Captain-Lionel-Messi

Argentina-Captain-Lionel-Messi

မက္ဆီ Messi အျပင္ အာဂ်င္တီးနားအသင္းကလည္း မွတ္တမ္းဆိုးတစ္ခုကို ပုိင္ဆိုင္ေနၿပီး ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖလား ကြာတားဖိုင္နယ္အဆင့္မွာ ဘယ္လ္ဂ်ီယံအသင္းကို အႏိုင္ရၿပီးတဲ့ေနာက္ပိုင္း ကမၻာ႔ဖလားၿပိဳင္ပြဲ ေနာက္ဆံုး (၄)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးေနခဲ့တာျဖစ္ပါတယ္(ဘယ္လ္ဂ်ီယံအသင္းကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္အဆင့္မွာ နယ္သာလန္အသင္းကို အႏိုင္ရခဲ့ေပမယ့္ ပယ္နယ္တီ အဆံုးအျဖတ္နဲ႔ အႏိုင္ရခဲ့ျခင္းျဖစ္သည္)။ ခရိုေအးရွားကို ဂိုးျပတ္ရံႈးနိမ့္ခဲ့လို႔ ႏိုက္ဂ်ီးရီးယားအသင္းနဲ႔ ကစားမယ့္ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ အာဂ်င္တီးနားအသင္း ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ ရုန္းကန္ရေတာ့မွာျဖစ္ၿပီး မျဖစ္မေန ႏိုင္ပြဲရယူရေတာ့မွာ ျဖစ္ပါတယ္။ ၂၀၀၂ ကမၻာ႔ဖလားေနာက္ပိုင္း ပထမဆံုးအႀကိမ္ အုပ္စုအဆင့္ကလွည့္ျပန္ရမယ့္ အေျခအေနဆိုးတစ္ရပ္နဲ႔ ရင္ဆိုင္ေနရတဲ့ အာဂ်င္တီးနားအသင္းကို ေဝဖန္မႈေတြၾကားကေန မက္ဆီ Messi ဘယ္ေလာက္အတိုင္းအတာအထိ ဆြဲတင္ေပးႏိုင္မလဲဆိုတာ ေစာင့္ၾကည့္သြားရေတာ့မွာပါ . . .

REF:The Sun
Photo:Toronto Sun, Evening Standard, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့တာ (၆၇၅)မိနစ်အထိ ကြာမြင့်လာတဲ့ မက်ဆီ

ရုရှားမြေမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဂျင်တီးနားအသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး မက်ဆီ Messi ဟာ နောက်ထပ် မှတ်တမ်းဆိုးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ပေမယ့် မက်ဆီ Messi အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့တာ (၆၇၅)မိနစ်အထိ ကြာမြင့်လာခဲ့ပြီဆိုတဲ့ မှတ်တမ်းဆိုးပဲ ဖြစ်ပါတယ်။ အခုလက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားပြီးခဲ့တဲ့ (၂)ပွဲအပါအဝင် မှတ်တမ်းတွေအရ (၆၇၅)မိနစ်အထိ ရှိလာခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ မက်ဆီ Messi အပေါ် ပရိသတ်တွေရဲ့ ဝေဖန်သံတွေ ပိုမိုထွက်ပေါ်လာခဲ့ပြီး အဓိက ပြိုင်ဘက် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo လောက် နိုင်ငံအသင်းအပေါ် ပေးဆပ်လိုစိတ်မရှိတဲ့ ကစားသမားလို့ နှိုင်းယှဉ်ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Messi-had-just-20-touches-in-the-first-half

Messi-had-just-20-touches-in-the-first-half

ခရိုအေးရှားအသင်းနဲ့ ပထမပိုင်း ပွဲချိန်ကစားချိန်အတွင်းမှာဆိုရင် မထင်မရှား ကစားသမားတစ်ဦးလောက်သာ ကစားပြနိုင်ခဲ့ပြီး (၄၅)မိနစ်အတွင်း ဘောလုံးထိချက်ပေါင်းက အကြိမ် (၂၀)သာ ရှိခဲ့ပါတယ်။ ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ပွဲမှာ မက်ဆီ Messi ထက် ဘောလုံးထိချက်နည်းတဲ့ ကစားသမားဆိုလို့ အဂွဲရိုး Aguero တစ်ဦးသာ ရှိခဲ့ပြီး သူ့ရဲ့ ဘောလုံးထိချက်က ပထမပိုင်းတစ်ပိုင်းလုံးမှာ (၉)ကြိမ်သာ ရှိခဲ့ပါတယ်။ ခရိုအေးရှားနဲ့ ပွဲမှာ အမှားတွေ ကျူးလွန်ခဲ့တဲ့ အာဂျင်တီးနားအသင်း ဂိုးသမား ကာဘယ်လာရို Caballero တောင် ဘောလုံးထိချက် (၂၂)ကြိမ်ရှိခဲ့ပြီး မက်ဆီ Messi ထက် မှတ်တမ်းတွေအရ အနည်းငယ် အသာရခဲ့ပါတယ်။

ခရိုအေးရှားနဲ့ ပွဲစဉ်မှာ မက်ဆီ Messi ရဲ့ စွမ်းဆောင်ရည်တွေက စိတ်ပျက်ဖို့ကောင်းခဲ့ပြီး ပထမဆုံး ဂိုးပေါက်တည့်ကန်ချက်ဖြစ်သလို တစ်ပွဲလုံးမှာ တစ်ကြိမ်ပဲရှိခဲ့တဲ့ သူ့ရဲ့ဂိုးပေါက်ခြိမ်းခြောက်မှုကို (၆၄)မိနစ်မှာ ကန်ခဲ့တဲ့ ကန်ချက် တစ်ကြိမ်သာရှိခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာ မက်ဆီ Messi ရဲ့ ဘောလုံးထိချက်ပေါင်းက (၄၇)ကြိမ်သာရှိခဲ့ပြီး ဘောလုံးပေးပို့မှုပေါင်း (၂၃)ကြိမ်သာ ပြုလုပ်နိုင်ခဲ့တယ်။ အာဂျင်တီးနားအသင်းဖော်တွေရဲ့ အထောက်အပံ့ပေးနိုင်စွမ်းမရှိတာကလည်း မက်ဆီ Messi ခြေစွမ်းမပြနိုင်တဲ့ အကြောင်းအရင်းတစ်ခုလိုဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ပွဲထွက်ပါဝင်လာတဲ့ အာဂျင်တီးနားအသင်းရဲ့ ဘယ်ကစားသမားကမှ မက်ဆီ Messi ထံ (၂)ကြိမ်ထက်ပိုတဲ့ ဘောလုံးပေးပို့မှု မပြုလုပ်နိုင်ခဲ့တာကို စစ်တမ်းတွေက ဖော်ပြနေခဲ့ပါတယ်။

Argentina-Captain-Lionel-Messi

Argentina-Captain-Lionel-Messi

မက်ဆီ Messi အပြင် အာဂျင်တီးနားအသင်းကလည်း မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်နေပြီး ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်မှာ ဘယ်လ်ဂျီယံအသင်းကို အနိုင်ရပြီးတဲ့နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်(ဘယ်လ်ဂျီယံအသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ နယ်သာလန်အသင်းကို အနိုင်ရခဲ့ပေမယ့် ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ခြင်းဖြစ်သည်)။ ခရိုအေးရှားကို ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ နိုက်ဂျီးရီးယားအသင်းနဲ့ ကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ အာဂျင်တီးနားအသင်း နောက်တစ်ဆင့်တက်ရောက်ဖို့ ရုန်းကန်ရတော့မှာဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲရယူရတော့မှာ ဖြစ်ပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်ကလှည့်ပြန်ရမယ့် အခြေအနေဆိုးတစ်ရပ်နဲ့ ရင်ဆိုင်နေရတဲ့ အာဂျင်တီးနားအသင်းကို ဝေဖန်မှုတွေကြားကနေ မက်ဆီ Messi ဘယ်လောက်အတိုင်းအတာအထိ ဆွဲတင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်သွားရတော့မှာပါ . . .

REF:The Sun
Photo:Toronto Sun, Evening Standard, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com