[Zawgyi]

မက္ဆီ Messi ကုိ ျပင္းျပင္းထန္ထန္ ေ၀ဖန္လုိက္တဲ့ အာဂ်င္တီးနား ဂႏၳ၀င္ႀကီး မာရာဒုိနာ Maradona

အာဂ်င္တီးနား ဂႏၳ၀င္ကစားသမား မာရာဒုိနာ Maradona ဟာ အာဂ်င္တီးနားအသင္းရဲ႕ အဓိက ကစားသမားျဖစ္တဲ့ မက္ဆီ Messi ကုိ ျပင္းျပင္းထန္ထန္ ေ၀ဖန္လုိက္ၿပီး မက္ဆီဟာ ေခါင္းေဆာင္တစ္ဦး မဟုတ္ဘူးလုိ႔ ဆုိခဲ့ပါတယ္။ အသက္(၃၁)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေျခစြမ္းျပႏုိင္ခဲ့ျခင္း မရွိဘဲ သူ႔အသင္းဟာလည္း ႐ႈံးထြက္(၁၆)သင္းအဆင့္ကေန လွည့္ျပန္ခဲ့ရတယ္။ မက္ဆီအေနနဲ႔ ဘာစီလုိနာအသင္းမွာလုိ ႏုိင္ငံအသင္းအတြက္ အာ႐ုံစုိက္ မကစားဘူးလုိ႔ အရင္ကတည္းက ေ၀ဖန္ခံခဲ့ရၿပီး အခု မာရာဒုိနာကုိယ္တိုင္က မက္ဆီကုိ ေ၀ဖန္ျပစ္လုိက္တာျဖစ္ပါတယ္။

Lionel-Messi-has-been-slammed-by-Argentinian-legend-Diego-Maradona

Lionel-Messi-has-been-slammed-by-Argentinian-legend-Diego-Maradona

မာရာဒုိနာက “မက္ဆီဟာ Great Player ျဖစ္ပါတယ္။ ဒါေပမဲ့ သူဟာ ေခါင္းေဆာင္ေကာင္းေတာ့ မဟုတ္ပါဘူး။ သူက ကြင္းထဲမွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြ ျပသေပမယ့္လည္း ကြင္းျပင္ပမွာေတာ့ အသင္းေဖာ္ေတြနဲ႔ ရင္းရငး္ႏွီးႏွီးေနတာ မရွိဘဲ Play Station ကစားေနတတ္သူပါ။ ကြင္းထဲက်ရင္ေတာ့ မက္ဆီက ေခါင္းေဆာင္တစ္ဦး ျဖစ္ခ်င္ေနပါတယ္။ ဘာစီလုိနာက မက္ဆီနဲ႔ အာဂ်င္တီးနားက မက္ဆီ မတူပါဘူး။ ကၽြန္ေတာ္သာဆုိရင္ လက္ေရြးစင္အသင္းအတြက္ သူ႔ကုိ ေရြးခ်ယ္မွာ မဟုတ္ပါဘူး”လုိ႔ ဆုိခဲ့တယ္။ မက္ဆီဟာ ၂၀၁၈ ကမၻာ႔ဖလားမွာ ေအာင္ျမင္မႈမရခဲ့တဲ့အတြက္ လက္ေရြးစင္အသင္းက အနားယူဖုိ႔ စဥ္းစားေနၿပီလုိ႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

REF:The Sun
Photo:10z Soccer,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မက်ဆီ Messi ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ အာဂျင်တီးနား ဂန္ထဝင်ကြီး မာရာဒိုနာ Maradona

အာဂျင်တီးနား ဂန္ထဝင်ကစားသမား မာရာဒိုနာ Maradona ဟာ အာဂျင်တီးနားအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ မက်ဆီ Messi ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မက်ဆီဟာ ခေါင်းဆောင်တစ်ဦး မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိဘဲ သူ့အသင်းဟာလည်း ရှုံးထွက်(၁၆)သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတယ်။ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာလို နိုင်ငံအသင်းအတွက် အာရုံစိုက် မကစားဘူးလို့ အရင်ကတည်းက ဝေဖန်ခံခဲ့ရပြီး အခု မာရာဒိုနာကိုယ်တိုင်က မက်ဆီကို ဝေဖန်ပြစ်လိုက်တာဖြစ်ပါတယ်။

Lionel-Messi-has-been-slammed-by-Argentinian-legend-Diego-Maradona

Lionel-Messi-has-been-slammed-by-Argentinian-legend-Diego-Maradona

မာရာဒိုနာက “မက်ဆီဟာ Great Player ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ခေါင်းဆောင်ကောင်းတော့ မဟုတ်ပါဘူး။ သူက ကွင်းထဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသပေမယ့်လည်း ကွင်းပြင်ပမှာတော့ အသင်းဖော်တွေနဲ့ ရင်းရင်းနှီးနှီးနေတာ မရှိဘဲ Play Station ကစားနေတတ်သူပါ။ ကွင်းထဲကျရင်တော့ မက်ဆီက ခေါင်းဆောင်တစ်ဦး ဖြစ်ချင်နေပါတယ်။ ဘာစီလိုနာက မက်ဆီနဲ့ အာဂျင်တီးနားက မက်ဆီ မတူပါဘူး။ ကျွန်တော်သာဆိုရင် လက်ရွေးစင်အသင်းအတွက် သူ့ကို ရွေးချယ်မှာ မဟုတ်ပါဘူး”လို့ ဆိုခဲ့တယ်။ မက်ဆီဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုမရခဲ့တဲ့အတွက် လက်ရွေးစင်အသင်းက အနားယူဖို့ စဉ်းစားနေပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

REF:The Sun
Photo:10z Soccer,The Sun
Naing Linn(Akhayar)
www.akhayar.com