This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

C.Ronaldo နဲ႔ Messi တို႔အတြက္ ေနာက္ဆုံးကမၻာ႔ဖလားခ်န္ပီယံ ေမွ်ာ္လင့္ခ်က္ျဖစ္လာႏုိင္တယ္လုိ႔ ခန္႔မွန္းခဲ့တဲ့ Mourinho

မန္ယူအသင္းနည္းျပေမာ္ရင္ဟုိ Mourinho က စီေရာ္နယ္လ္ဒုိ C.Ronaldo နဲ႔ မက္ဆီ Messi တို႔ရဲ႕ ကမၻာ႔ဖလားခ်န္ပီယံဆုအတြက္ ၂၀၁၈ ကမၻာ႔ဖလားဟာ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ျဖစ္လာႏုိင္တယ္လုိ႔ ခန္႔မွန္းေျပာဆုိခဲ့တယ္။ အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒုိ၊ အသက္(၃၀)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မက္ဆီတို႔ဟာ သူတို႔ရဲ႕ကလပ္အသငး္ေတြနဲ႔အတူ ဆုဖလားေပါင္းမ်ားစြာ ရယူႏုိင္ခဲ့ေပမယ့္ ႏွစ္ေယာက္စလုံးက ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ႏုိင္ျခင္းမရွိေသးပါဘူး။ စီေရာ္နယ္လ္ဒုိထက္ ပုိဆုိးတာက မက္ဆီပါပဲ။ စီေရာ္နယ္လ္ဒုိဟာ ယူ႐ုိ-၂၀၁၆ ၿပိဳင္ပဲြမွာ ေပၚတူဂီအသင္းနဲ႔အတူ ခ်န္ပီယံဆုရရွိခဲ့ေပမယ့္ မက္ဆီကေတာ့ အခုအခ်ိန္အထိ ႏုိင္ငံအသင္းအတြက္ ဘာ ဆုဖလားမွ မရယူေပးႏုိင္ေသးပါဘူး။

C-Ronaldo-and-Messi

C-Ronaldo-and-Messi

အခုကမၻာ႔ဖလားက ႏွစ္ေယာက္စလုံးအတြက္ (၅)ႀကိမ္ေျမာက္ကမၻာ႔ဖလားျဖစ္ၿပီး သူတို႔ရဲ႕အသက္အရြယ္အရ လက္ေရြးစင္ကစားသမားဘ၀ အဆုံးသတ္ဖုိ႔အခ်ိန္က တျဖည္းျဖည္း နီးစပ္လာပါၿပီ။ ဒါေၾကာင့္ပဲ ေမာ္ရင္ဟုိက”အခုကမၻာ႔ဖလားၿပိဳင္ပဲြက သူတို႔ႏွစ္ဦးစလုံးအတြက္ ေနာက္ဆုံး ဆင္ႏႊဲရမယ့္ၿပိဳင္ပဲြျဖစ္လာႏုိင္ပါတယ္။ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒုိတို႔အေနနဲ႔လည္း ကစားသမားဘ၀မွာ ရာႏႈန္းျပည့္ေအာင္ျမင္မႈရဖုိ႔က ကမၻာ႔ဖလားခ်န္ပီယံဆုပဲ က်န္ရွိပါေတာ့တယ္။ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္း စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီတို႔ဟာ ကမၻာေပၚမွာ အေကာင္းဆုံးကစားသမား(၂)ဦးဆုိတာ လူတိုင္းသိၿပီးသားပါပဲ။ သူတို႔ႏွစ္ဦးစလုံးဟာ ကုိယ့္ရဲ႕ ႏုိင္ငံအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသြားၾကမွာပါ”လုိ႔ ေျပာၾကားခ့ဲတယ္။

REF:BBC
Photo:Getty Images,The Sun
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

C.Ronaldo နဲ့ Messi တို့အတွက် နောက်ဆုံးကမ္ဘာ့ဖလားချန်ပီယံ မျှော်လင့်ချက်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့တဲ့ Mourinho

မန်ယူအသင်းနည်းပြမော်ရင်ဟို Mourinho က စီရော်နယ်လ်ဒို C.Ronaldo နဲ့ မက်ဆီ Messi တို့ရဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် ၂၀၁၈ ကမ္ဘာ့ဖလားဟာ နောက်ဆုံးမျှော်လင့်ချက်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုခဲ့တယ်။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒို၊ အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီတို့ဟာ သူတို့ရဲ့ကလပ်အသင်းတွေနဲ့အတူ ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့ပေမယ့် နှစ်ယောက်စလုံးက ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခြင်းမရှိသေးပါဘူး။ စီရော်နယ်လ်ဒိုထက် ပိုဆိုးတာက မက်ဆီပါပဲ။ စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ ချန်ပီယံဆုရရှိခဲ့ပေမယ့် မက်ဆီကတော့ အခုအချိန်အထိ နိုင်ငံအသင်းအတွက် ဘာ ဆုဖလားမှ မရယူပေးနိုင်သေးပါဘူး။

C-Ronaldo-and-Messi

C-Ronaldo-and-Messi

အခုကမ္ဘာ့ဖလားက နှစ်ယောက်စလုံးအတွက် (၅)ကြိမ်မြောက်ကမ္ဘာ့ဖလားဖြစ်ပြီး သူတို့ရဲ့အသက်အရွယ်အရ လက်ရွေးစင်ကစားသမားဘ၀ အဆုံးသတ်ဖို့အချိန်က တဖြည်းဖြည်း နီးစပ်လာပါပြီ။ ဒါကြောင့်ပဲ မော်ရင်ဟိုက”အခုကမ္ဘာ့ဖလားပြိုင်ပွဲက သူတို့နှစ်ဦးစလုံးအတွက် နောက်ဆုံး ဆင်နွှဲရမယ့်ပြိုင်ပွဲဖြစ်လာနိုင်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့အနေနဲ့လည်း ကစားသမားဘဝမှာ ရာနှုန်းပြည့်အောင်မြင်မှုရဖို့က ကမ္ဘာ့ဖလားချန်ပီယံဆုပဲ ကျန်ရှိပါတော့တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမား(၂)ဦးဆိုတာ လူတိုင်းသိပြီးသားပါပဲ။ သူတို့နှစ်ဦးစလုံးဟာ ကိုယ့်ရဲ့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားကြမှာပါ”လို့ ပြောကြားခဲ့တယ်။

REF:BBC
Photo:Getty Images,The Sun
Naing Linn(Akhayar)
www.akhayar.com