[Zawgyi]

ထိပ္ဆုံးေနရာက ဖယ္ေပးလုိက္ရရင္ လက္ခုပ္တီးၿပီး ႀကိဳဆုိတတ္ပါေစ

လူဆုိတဲ့ အမ်ိဳးက ထိပ္ဆုံးေနရာကုိ တက္လွမ္းခ်င္ၾကတယ္၊ သူ႔ထက္ ငါ လူေဇာ္ျဖစ္ခ်င္ၾကတာက ထုံးစံပဲ။ ထိပ္ဆုံးေနရာကုိ ေရာက္ဖုိ႔ အားကုန္ထုတ္ ႀကိဳးစားခဲ့ရသလုိ၊ ထိပ္ဆုံးေနရာေရာက္ရင္လည္း အဲဒီေနရာမွာ တည္ၿမဲေအာင္ ႀကိဳးစားရျပန္တယ္။ ဒီကန္႔သတ္ခ်က္ထဲမွာ ကြဲျပားသြားတာက တခ်ိဳ႕လူေတြက ထိပ္ဆုံးေနရာ ေရာက္တဲ့အခ်ိန္မွာ ဂုဏ္ျပဳလက္ခုပ္သံေတြကုိ ခံယူခဲ့သလုိ ထိပ္ဆုံးေနရာက ဖယ္ေပးလုိက္ရရင္လည္း သူ႔ထက္သာတဲ့ လူတစ္ေယာက္ကုိ လက္ခုပ္တီးႀကိဳဆုိဖုိ႔ ၀န္မေလးတတ္ပါဘူး။ တခ်ိဳ႕က်ေတာ့လည္း ထိပ္ဆုံးေနရာကေန ဖယ္ေပးလုိက္ရရင္ အဲဒါကုိ အလြယ္တကူ လက္မခံဘဲ ကုိယ့္ထက္သာတဲ့သူ တစ္ေယာက္ကုိ လႈိက္လႈိက္လွဲလွဲ ႀကိဳဆုိဖုိ႔ တုန္႔ဆုိင္းေနတတ္တယ္။

Modric

Modric

အခုလုိ အစပ်ိဳးေနရတဲ့ အဓိက အေၾကာင္းရင္းက FIFA The Best ဆု ေပးပဲြအခမ္းအနားကုိ မတက္ခဲ့တဲ့ မက္ဆီ Messi နဲ႔ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo တို႔ကုိ အဓိက ေျပာခ်င္လုိ႔ပါ။ သူတို႔ႏွစ္ေယာက္ လက္ရွိေဘာလုံးေလာကရဲ႕ အေကာင္းဆုံးကစားသမား ႏွစ္ေယာက္၊ က်န္တဲ့ ကစားသမားေတြအတြက္ စံျပထားရမယ့္သူေတြ။ ဒါေပမဲ့ ေဘာလုံးေလာကရဲ႕ ဂုဏ္သိကၡာအျမင့္ဆုံးလုိ႔ ဆုိရမယ့္ FIFA The Best ဆုေပးပဲြ အခမ္းအနားကုိ ခုိင္လုံတဲ့အေၾကာင္းျပခ်က္ မရွိဘဲ မတက္ခဲ့တာကေတာ့ အရမ္း အ႐ုပ္ဆုိးလြန္းတယ္။ သူတို႔ရဲ႕ လုပ္ရပ္က FIFA အတြက္ မ်က္ႏွာပ်က္စရာျဖစ္ခဲ့ရသလုိ FIFA ကုိ မေလးစားရာလည္း ေရာက္တယ္။ ေနာက္ၿပီး ဆုရတဲ့ကစားသမားကုိလည္း အသိအမွတ္ မျပဳသလုိျဖစ္သြားတယ္။

Messi-and-Cristiano-Ronaldo

Messi-and-Cristiano-Ronaldo

ဒီေနရာမွာ တစ္ခုသတိထားမိတာက FIFA The Best ဆုဟာ အခမ္းအနား မတိုင္ခင္ကတည္းက ဆုရမယ့္သူ ဘယ္သူဆုိတာ ႀကိဳတင္ေပါက္ၾကားေနၿပီသလားလုိ႔ပါ။ မေန႔က သတင္းတစ္ပုဒ္တက္ခဲ့တယ္။ စီေရာ္နယ္လ္ဒုိဟာ ဒီဆုေပးပဲြကုိ တက္မွာ မဟုတ္ဘူး၊ သူ ဆုမရရင္ ပဲြတက္ေလ့မရွိဘူးဆုိတာပါပဲ။ ၿပီးခဲ့တဲ့ UEFA ဥေရာပ အေကာင္းဆုံးဆုေပးပဲြကုိလည္း စီေရာ္နယ္လ္ဒုိ မတက္ပါဘူး။ မက္ဆီကေတာ့ မ်ားေသာအားျဖင့္ ဆုရရ၊ မရရ ဆုေပးပဲြေတြကုိ တက္ေလ့ရွိပါတယ္။ ဒါေပမဲ့ ဒီႏွစ္မွာေတာ့ မထင္မွတ္ေလာက္ေအာင္ဘဲ ကမၻာ႔အေကာင္းဆုံး ကစားသမားႏွစ္ေယာက္စလုံး ဆုေပးပဲြ မတက္ခဲ့ပါဘူး။

FIFA-FIFPro-World-11

FIFA-FIFPro-World-11

ဆုေပးပဲြမွာ ကမၻာ႔အေကာင္းဆုံး (၁၁)ဦးစာရင္းကုိ ေၾကညာၿပီး ေရြးခ်ယ္ခံရတဲ့ ကစားသမားေတြကုိ ဆုေပးခ်ိန္မွာ စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီ မပါေတာ့ အစီအစဥ္တင္ဆက္သူ Idris Elba က အခုလုိ အရႊန္းေဖာက္ခဲ့တယ္။ ” စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီက လဲြၿပီး က်န္တဲ့ကစားသမားေတြေတာ့ အစုံအလင္ပါပဲ။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ကလည္း ကၽြန္ေတာ္တို႔ သိတဲ့ကစားသမားေတြေတာ့ မဟုတ္ပါဘူး”

Cristiano-Ronaldo-and-messi1

Cristiano-Ronaldo-and-messi

FIFA The Best ဆုေပးပဲြ မတက္ခဲ့လုိ႔ ေဘာလုံးေလာကရဲ႕ နာမည္ႀကီး နည္းျပေတြ၊ ဂႏၳ၀င္ကစားသမားေတြက အစ စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီကုိ ေ၀ဖန္ျပစ္တင္ေနၾကၿပီ။ သူတို႔ႏွစ္ဦး ဘာလုိ႔ ဒီဆုေပးပဲြကုိ မတက္တာလည္းဆုိေတာ့ ကာယကံရွင္ေတြပဲ သိမွာပါ။ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒုိတို႔ဆုိတာက ေဘာလုံးေလာကရဲ႕ ေလးစားေလာက္တဲ့ Figure ေတြျဖစ္ၿပီး သူတို႔လုိ ကြင္းတြင္းကြင္းျပင္မွာ ေအာင္ျမင္ထင္ရွားတဲ့ ေဘာလုံးသမားဆုိတာက လက္ခ်ိဳးေရလုိ႔ ရတယ္။ အခုအခ်ိန္မွာ မီဒီယာေတြက ေဘာလုံးေလာကကုိ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒုိတို႔ လႊမ္းမုိးေနမႈက အဆုံးသတ္သြားၿပီးလုိ႔ ခန္႔မွန္းေနၾကၿပီ။ အတက္ရွိရင္ အက်ရွိမယ္၊ အျမင့္ဆုံးကုိ ေရာက္ရင္ ျပန္က်မယ္ဆုိတာက ေလာကရဲ႕ ဘယ္ေတာ့မေျပာင္းလဲမယ့္ နိယာမတရားပဲ။ ဒီသေဘာတရားေတြကုိ စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီ လက္ခံႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။ ထိပ္ဆုံးေနရာက ဖယ္ေပးလုိက္ရရင္ လက္ခုပ္တီးၿပီး ႀကိဳဆုိတတ္ပါေစ . . .

Photo:The Independent,Bljesak.info,goal,Stadium Astro
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ထိပ်ဆုံးနေရာက ဖယ်ပေးလိုက်ရရင် လက်ခုပ်တီးပြီး ကြိုဆိုတတ်ပါစေ

လူဆိုတဲ့ အမျိုးက ထိပ်ဆုံးနေရာကို တက်လှမ်းချင်ကြတယ်၊ သူ့ထက် ငါ လူဇော်ဖြစ်ချင်ကြတာက ထုံးစံပဲ။ ထိပ်ဆုံးနေရာကို ရောက်ဖို့ အားကုန်ထုတ် ကြိုးစားခဲ့ရသလို၊ ထိပ်ဆုံးနေရာရောက်ရင်လည်း အဲဒီနေရာမှာ တည်မြဲအောင် ကြိုးစားရပြန်တယ်။ ဒီကန့်သတ်ချက်ထဲမှာ ကွဲပြားသွားတာက တချို့လူတွေက ထိပ်ဆုံးနေရာ ရောက်တဲ့အချိန်မှာ ဂုဏ်ပြုလက်ခုပ်သံတွေကို ခံယူခဲ့သလို ထိပ်ဆုံးနေရာက ဖယ်ပေးလိုက်ရရင်လည်း သူ့ထက်သာတဲ့ လူတစ်ယောက်ကို လက်ခုပ်တီးကြိုဆိုဖို့ ဝန်မလေးတတ်ပါဘူး။ တချို့ကျတော့လည်း ထိပ်ဆုံးနေရာကနေ ဖယ်ပေးလိုက်ရရင် အဲဒါကို အလွယ်တကူ လက်မခံဘဲ ကိုယ့်ထက်သာတဲ့သူ တစ်ယောက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ တုန့်ဆိုင်းနေတတ်တယ်။

Modric

Modric

အခုလို အစပျိုးနေရတဲ့ အဓိက အကြောင်းရင်းက FIFA The Best ဆု ပေးပွဲအခမ်းအနားကို မတက်ခဲ့တဲ့ မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ကို အဓိက ပြောချင်လို့ပါ။ သူတို့နှစ်ယောက် လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမား နှစ်ယောက်၊ ကျန်တဲ့ ကစားသမားတွေအတွက် စံပြထားရမယ့်သူတွေ။ ဒါပေမဲ့ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအမြင့်ဆုံးလို့ ဆိုရမယ့် FIFA The Best ဆုပေးပွဲ အခမ်းအနားကို ခိုင်လုံတဲ့အကြောင်းပြချက် မရှိဘဲ မတက်ခဲ့တာကတော့ အရမ်း အရုပ်ဆိုးလွန်းတယ်။ သူတို့ရဲ့ လုပ်ရပ်က FIFA အတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရသလို FIFA ကို မလေးစားရာလည်း ရောက်တယ်။  နောက်ပြီး ဆုရတဲ့ကစားသမားကိုလည်း အသိအမှတ် မပြုသလိုဖြစ်သွားတယ်။

Messi-and-Cristiano-Ronaldo

Messi-and-Cristiano-Ronaldo

ဒီနေရာမှာ တစ်ခုသတိထားမိတာက FIFA The Best ဆုဟာ အခမ်းအနား မတိုင်ခင်ကတည်းက ဆုရမယ့်သူ ဘယ်သူဆိုတာ ကြိုတင်ပေါက်ကြားနေပြီသလားလို့ပါ။ မနေ့က သတင်းတစ်ပုဒ်တက်ခဲ့တယ်။ စီရော်နယ်လ်ဒိုဟာ ဒီဆုပေးပွဲကို တက်မှာ မဟုတ်ဘူး၊ သူ ဆုမရရင် ပွဲတက်လေ့မရှိဘူးဆိုတာပါပဲ။ ပြီးခဲ့တဲ့ UEFA ဥရောပ အကောင်းဆုံးဆုပေးပွဲကိုလည်း စီရော်နယ်လ်ဒို မတက်ပါဘူး။ မက်ဆီကတော့ များသောအားဖြင့် ဆုရရ၊ မရရ ဆုပေးပွဲတွေကို တက်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ မထင်မှတ်လောက်အောင်ဘဲ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ယောက်စလုံး ဆုပေးပွဲ မတက်ခဲ့ပါဘူး။

FIFA-FIFPro-World-11

FIFA-FIFPro-World-11

ဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံး (၁၁)ဦးစာရင်းကို ကြေညာပြီး ရွေးချယ်ခံရတဲ့ ကစားသမားတွေကို ဆုပေးချိန်မှာ စီရော်နယ်လ်ဒိုနဲ့ မက်ဆီ မပါတော့ အစီအစဉ်တင်ဆက်သူ Idris Elba က အခုလို အရွှန်းဖောက်ခဲ့တယ်။ ” စီရော်နယ်လ်ဒိုနဲ့ မက်ဆီက လွဲပြီး ကျန်တဲ့ကစားသမားတွေတော့ အစုံအလင်ပါပဲ။ ဒါပေမဲ့ သူတို့နှစ်ယောက်ကလည်း ကျွန်တော်တို့ သိတဲ့ကစားသမားတွေတော့ မဟုတ်ပါဘူး”

Cristiano-Ronaldo-and-messi1

Cristiano-Ronaldo-and-messi

FIFA The Best ဆုပေးပွဲ မတက်ခဲ့လို့ ဘောလုံးလောကရဲ့ နာမည်ကြီး နည်းပြတွေ၊ ဂန္ထဝင်ကစားသမားတွေက အစ စီရော်နယ်လ်ဒိုနဲ့ မက်ဆီကို ဝေဖန်ပြစ်တင်နေကြပြီ။ သူတို့နှစ်ဦး ဘာလို့ ဒီဆုပေးပွဲကို မတက်တာလည်းဆိုတော့ ကာယကံရှင်တွေပဲ သိမှာပါ။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ဆိုတာက ဘောလုံးလောကရဲ့ လေးစားလောက်တဲ့ Figure တွေဖြစ်ပြီး သူတို့လို ကွင်းတွင်းကွင်းပြင်မှာ အောင်မြင်ထင်ရှားတဲ့ ဘောလုံးသမားဆိုတာက လက်ချိုးရေလို့ ရတယ်။ အခုအချိန်မှာ မီဒီယာတွေက ဘောလုံးလောကကို မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ လွှမ်းမိုးနေမှုက အဆုံးသတ်သွားပြီးလို့ ခန့်မှန်းနေကြပြီ။ အတက်ရှိရင် အကျရှိမယ်၊ အမြင့်ဆုံးကို ရောက်ရင် ပြန်ကျမယ်ဆိုတာက လောကရဲ့ ဘယ်တော့မပြောင်းလဲမယ့် နိယာမတရားပဲ။ ဒီသဘောတရားတွေကို စီရော်နယ်လ်ဒိုနဲ့ မက်ဆီ လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ထိပ်ဆုံးနေရာက ဖယ်ပေးလိုက်ရရင် လက်ခုပ်တီးပြီး ကြိုဆိုတတ်ပါစေ . . .

Photo:The Independent,Bljesak.info,goal,Stadium Astro
Naing Linn(Akhayar)
www.akhayar.com