၁၉၉၄ ခုနှစ်က ထွက်ရှိထားတာကို ပြန်ရိုက်ထားတဲ့ The Lion King ကတော့ အခုချိန်မှာဆိုရင် International Box Office မှာ ဒေါ်လာ ၁.၃ ဘီလီယံ ရရှိနေပြီဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ Frozen ကို  ကျော်လွန်သွားပြီလို့ ဆိုရမှာပါ။ Frozen ကတော့ ဒေါ်လာ ၁.၂၇ ဘီလီယံရရှိခဲ့ပါတယ်။

တွေ့နေကျ ရိုးရိုးကာတွန်းမဟုတ်ဘဲ တကယ့်အကောင်တွေနဲ့ ရိုက်ကူးထားသလို အသက်ဝင်နေတဲ့ ဒီ Lion King  အခုလို ဝင်ငွေအကောင်းဆုံးဖြစ်လာတဲ့အကြောင်းအရင်းက ကြည့်ရသူတွေရဲ့ မျက်စိအမြင်မှာ ပိုအသက်ဝင်လို့ပဲလား။ ဒါမှမဟုတ် The Lion King ရဲ့ အရင်က နာမည်ကြီးခဲ့တဲ့ အခံတွေကြောင့်ပဲလား စသဖြင့် အကြောင်းရင်းကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

အခုချိန်မှာ The Lion King ရဲ့ ပြိုင်ဘက်ဖြစ်နေတာက Frozen 2 လို့ ပြောနိုင်ပါတယ်။  အခု The Lion King မထွက်ခင်အချိန်မှာ Disney ရဲ့ Animated Film တွေမှာ ဗိုလ်စွဲထားတဲ့ Frozen 1 က အခုချိန်မှာ နံပါတ် ၁ နေရာက ဆင်းလိုက်ရပေမယ့် Frozen 2 က ၂၀၁၉၊ နိုဝင်ဘာ မှာ ထွက်လာဦးမှာဆိုတော့ The Lion King က အခုအနေအထားမှာ ဆက်ရှိနေနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

NSC

www.akhayar.com