[Zawgyi]

၂ဝ၁၈ခုႏွစ္ရဲ႕  အဆိုးဝါးဆုံးေလယာဥ္မေတာ္တဆမႈ ျဖစ္သြားတဲ့ Lion Air Flight 610

အင္ဒုိနီးရွားႏုိင္ငံ Jakarta ၿမိဳ႕ ရဲ႕ Soekarno–Hatta International Airport ကေန Pangkal Pinang ၿမိဳ႕ ရဲ႕ Depati Amir Airport ကုိ ပ်ံသန္းလာတဲ့ Lion Air Flight 610 ျပည္တြင္းေလယာဥ္ဟာ ေအာက္တုိဘာလ (၂၉) ရက္ ေဒသစံေတာ္ခ်ိန္ ၆:၃၃ မိနစ္မွာ ဂ်ာဗားပင္လယ္ထဲကုိ ပ်က္က်သြားခဲ့တာ အားလုံးသိၾကမယ္ထင္ပါတယ္။ မနက္ ၆:၂ဝ မိနစ္မွာ Soekarno–Hatta International Airport ကေန ထြက္ခြာလာတဲ့ Lion Air Flight 610 ေလယာဥ္ဟာ ၁၃ မိနစ္ၾကာၿပီးေနာက္မွာ ပင္လယ္ထဲကုိ ပ်က္က်သြားတယ္လုိ႔ ယူဆရပါတယ္။

ေရအနက္ ၃၅မီတာ (၁၁၅ ေပ) မွာ ပ်က္က်သြားခဲ့ၿပီး ၁၈၉ ဦး (ခရီးသည္ ၁၈၁ ဦး + ေလယာဥ္ဝန္ထမ္း ၆ ဦး + ပုိင္းေလာ့ ၂ ဦး) ေသဆုံးခဲ့တယ္လုိ႔ သိရပါတယ္။ ခရီးသည္ ၁၈၁ ဦးထဲမွာ ကေလး ၁ ဦးနဲ႔ ေမြးကင္းစကေလးငယ္ ၂ ဦး ပါဝင္သြားတယ္လုိ႔ သိရပါတယ္။ ေရငုပ္သမား ၃ဝ ဦး အပါအဝင္ ကယ္ဆယ္ေရးသမား ၁၅ဝ ဦးဟာ ရွာေဖြေရးလုပ္ငန္းစဥ္ စတင္ေနေပမယ့္ ေလယာဥ္ပ်က္က်တဲ့အေၾကာင္းအရင္းကုိေတာ့ မသိရေသးပါဘူး။ ၁၈၉ ဦးအထိ ကြယ္လြန္ခဲ့တဲ့ Lion Air Flight 610 ေလယာဥ္ပ်က္က်မႈႀကီးဟာ ၂ဝ၁၈ခုႏွစ္မွာ အဆုိးရြားဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ၂ဝ၁၈ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ ေလယာဥ္မေတာ္တဆမႈေတြကုိ ၾကည့္ရေအာင္။

၂ဝ၁၈ခုႏွစ္ ေမလ (၁၈) ရက္ေန႔တုန္းက Cubana Airlines Flight 972 ေလယာဥ္ဟာ ပ်က္က်သြားခဲ့ၿပီး ၁၁၂ ဦး ကြယ္လြန္ခဲ့ပါတယ္။ ပ်က္က်တဲ့အခ်ိန္မွာ ၄ ဦးဟာ အသက္ရွိေသးၿပီး ေဆရုံတင္ခဲ့ရာ ၁ ဦးသာ အသက္ရွင္ခဲ့ပါတယ္။

Moscow Domodedovo Airport ကေန Orsk Airport ကုိ ထြက္ခြာလာတဲ့ ျပည္တြင္းေလယာဥ္ Saratov Airlines Flight 703 ဟာ ေဖေဖာ္ဝါရီလ (၁၁) ရက္ေန႔မွာ ပ်က္က်သြားခဲ့ၿပီး ၇၁ ဦး (ခရီးသည္ ၆၅ ဦး + ေလယာဥ္ဝန္ထမ္း ၆ ဦး) ကြယ္လြန္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီ (၁၈) ရက္ေန႔တုန္းက Mehrabad International Airport ကေန Yasuj Airport ကုိ ထြက္ခြာလာတဲ့ ျပည္တြင္းေလယာဥ္ Iran Aseman Airlines Flight 3704 ဟာ အီရန္ႏုိင္ငံ Dena ေတာင္တန္းမွာ ပ်က္က်သြားခဲ့ၿပီး ၆၆ ဦး (ခရီးသည္ ၆ဝ ဦး + ေလယာဥ္ဝန္ထမ္း ၆ ဦး) ကြယ္လြန္ခဲ့ပါတယ္။

မတ္လ (၁၂) ရက္ေန႔တုန္းက ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဒါကာၿမိဳ႕ရဲ႕  Shahjalal International Airport ကေန နီေပါႏုိင္ငံ Tribhuvan International Airport ကုိ ဦးတည္ေနတဲ့ US-Bangla Airlines Flight 211 ေလယာဥ္ဟာ အဆင္းေျပးလမ္းမွာ ပ်က္က်သြားခဲ့ၿပီး ၅၂ ဦး ေသဆုံးခဲ့ပါတယ္။

ေလယာဥ္မေတာ္တဆမႈသမုိင္းမွာ အေသအေပ်ာက္အမ်ားဆုံးကေတာ့ Tenerife Airport Disaster ျဖစ္ရပ္ပါပဲ။ ၁၉၇၇ခုႏွစ္ မတ္လ (၂၇) ရက္ေန႔တုန္းက KLM Flight 4805 နဲ႔ Pan Am Flight 1736 ေလယာဥ္ႏွစ္စင္းဟာ စပိန္ႏုိင္ငံ Los Rodeos Airport ရဲ႕ ေျပးလမ္းမွာ တုိက္မိခဲ့ၿပီး ၅၈၃ ဦးအထိ ေသဆုံးခဲ့ပါတယ္။

၂ဝ၁၈ခုႏွစ္အတြင္းမွာ ျဖစ္ပြားခဲ့တဲ့ ေလယာဥ္မေတာ္တဆမႈေတြကေန ေသဆုံးသူေတြကုိ ေဖာ္ျပခဲ့ေပမယ့္ လက္ရွိႏွစ္ဟာ တျခားႏွစ္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ ေဘးကင္းတယ္လုိ႔ ယူဆႏုိင္ပါတယ္။ လူဦးေရ ၄.၁ ဘီလီယံ (၄,၁ဝဝ သန္း) ဟာ ေလေၾကာင္းခရီးကုိ အသုံးျပဳေနၾကေပမယ့္ ေသဆုံးသြားခဲ့တဲ့ ခရီးသည္အေရအတြက္ဟာ တျခားသယ္ယူပုိ႔ေဆာင္ေရးေတြနဲ႔ ႏႈိင္းစာရင္ အေတာ္နည္းပါးတဲ့အတြက္ ျဖစ္ပါတယ္။ ခရီးသည္အားလုံး သြားလမ္းသာလုိ႔ လာလမ္းေျဖာင့္ၾကပါေစ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ခုနှစ်ရဲ့  အဆိုးဝါးဆုံးလေယာဉ်မတော်တဆမှု ဖြစ်သွားတဲ့ Lion Air Flight 610

အင်ဒိုနီးရှားနိုင်ငံ Jakarta မြို့ ရဲ့ Soekarno–Hatta International Airport ကနေ Pangkal Pinang မြို့ ရဲ့ Depati Amir Airport ကို ပျံသန်းလာတဲ့ Lion Air Flight 610 ပြည်တွင်းလေယာဉ်ဟာ အောက်တိုဘာလ (၂၉) ရက် ဒေသစံတော်ချိန် ၆:၃၃ မိနစ်မှာ ဂျာဗားပင်လယ်ထဲကို ပျက်ကျသွားခဲ့တာ အားလုံးသိကြမယ်ထင်ပါတယ်။ မနက် ၆:၂ဝ မိနစ်မှာ Soekarno–Hatta International Airport ကနေ ထွက်ခွာလာတဲ့ Lion Air Flight 610 လေယာဉ်ဟာ ၁၃ မိနစ်ကြာပြီးနောက်မှာ ပင်လယ်ထဲကို ပျက်ကျသွားတယ်လို့ ယူဆရပါတယ်။

ရေအနက် ၃၅မီတာ (၁၁၅ ပေ) မှာ ပျက်ကျသွားခဲ့ပြီး ၁၈၉ ဦး (ခရီးသည် ၁၈၁ ဦး + လေယာဉ်ဝန်ထမ်း ၆ ဦး + ပိုင်းလော့ ၂ ဦး) သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ခရီးသည် ၁၈၁ ဦးထဲမှာ ကလေး ၁ ဦးနဲ့ မွေးကင်းစကလေးငယ် ၂ ဦး ပါဝင်သွားတယ်လို့ သိရပါတယ်။ ရေငုပ်သမား ၃ဝ ဦး အပါအဝင် ကယ်ဆယ်ရေးသမား ၁၅ဝ ဦးဟာ ရှာဖွေရေးလုပ်ငန်းစဉ် စတင်နေပေမယ့် လေယာဉ်ပျက်ကျတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ ၁၈၉ ဦးအထိ ကွယ်လွန်ခဲ့တဲ့ Lion Air Flight 610 လေယာဉ်ပျက်ကျမှုကြီးဟာ ၂ဝ၁၈ခုနှစ်မှာ အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂ဝ၁၈ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်မတော်တဆမှုတွေကို ကြည့်ရအောင်။

၂ဝ၁၈ခုနှစ် မေလ (၁၈) ရက်နေ့တုန်းက Cubana Airlines Flight 972 လေယာဉ်ဟာ ပျက်ကျသွားခဲ့ပြီး ၁၁၂ ဦး ကွယ်လွန်ခဲ့ပါတယ်။ ပျက်ကျတဲ့အချိန်မှာ ၄ ဦးဟာ အသက်ရှိသေးပြီး ဆေရုံတင်ခဲ့ရာ ၁ ဦးသာ အသက်ရှင်ခဲ့ပါတယ်။

Moscow Domodedovo Airport ကနေ Orsk Airport ကို ထွက်ခွာလာတဲ့ ပြည်တွင်းလေယာဉ် Saratov Airlines Flight 703 ဟာ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ ပျက်ကျသွားခဲ့ပြီး ၇၁ ဦး (ခရီးသည် ၆၅ ဦး + လေယာဉ်ဝန်ထမ်း ၆ ဦး) ကွယ်လွန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ (၁၈) ရက်နေ့တုန်းက Mehrabad International Airport ကနေ Yasuj Airport ကို ထွက်ခွာလာတဲ့ ပြည်တွင်းလေယာဉ် Iran Aseman Airlines Flight 3704 ဟာ အီရန်နိုင်ငံ Dena တောင်တန်းမှာ ပျက်ကျသွားခဲ့ပြီး ၆၆ ဦး (ခရီးသည် ၆ဝ ဦး + လေယာဉ်ဝန်ထမ်း ၆ ဦး) ကွယ်လွန်ခဲ့ပါတယ်။

မတ်လ (၁၂) ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရဲ့  Shahjalal International Airport ကနေ နီပေါနိုင်ငံ Tribhuvan International Airport ကို ဦးတည်နေတဲ့ US-Bangla Airlines Flight 211 လေယာဉ်ဟာ အဆင်းပြေးလမ်းမှာ ပျက်ကျသွားခဲ့ပြီး ၅၂ ဦး သေဆုံးခဲ့ပါတယ်။

လေယာဉ်မတော်တဆမှုသမိုင်းမှာ အသေအပျောက်အများဆုံးကတော့ Tenerife Airport Disaster ဖြစ်ရပ်ပါပဲ။ ၁၉၇၇ခုနှစ် မတ်လ (၂၇) ရက်နေ့တုန်းက KLM Flight 4805 နဲ့ Pan Am Flight 1736 လေယာဉ်နှစ်စင်းဟာ စပိန်နိုင်ငံ Los Rodeos Airport ရဲ့ ပြေးလမ်းမှာ တိုက်မိခဲ့ပြီး ၅၈၃ ဦးအထိ သေဆုံးခဲ့ပါတယ်။

၂ဝ၁၈ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်မတော်တဆမှုတွေကနေ သေဆုံးသူတွေကို ဖော်ပြခဲ့ပေမယ့် လက်ရှိနှစ်ဟာ တခြားနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ဘေးကင်းတယ်လို့ ယူဆနိုင်ပါတယ်။ လူဦးရေ ၄.၁ ဘီလီယံ (၄,၁ဝဝ သန်း) ဟာ လေကြောင်းခရီးကို အသုံးပြုနေကြပေမယ့် သေဆုံးသွားခဲ့တဲ့ ခရီးသည်အရေအတွက်ဟာ တခြားသယ်ယူပို့ဆောင်ရေးတွေနဲ့ နှိုင်းစာရင် အတော်နည်းပါးတဲ့အတွက် ဖြစ်ပါတယ်။ ခရီးသည်အားလုံး သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com