[Zawgyi]

Linchpin: အစားထုိးမရတဲ့စြမ္းေဆာင္ရည္နဲ႔ လုပ္ငန္းခြင္အႏုပညာ (ပထမပုိင္း)

Linchpin ဆုိတဲ့စကားလုံးဟာ အခရာက်တဲ့ အစိတ္အပိုင္းျဖစ္တယ္လုိ႔ အေမရိကန္စီးပြားပညာ႐ွင္စာေရးဆရာ ဆက္ေဂၚဒင္ (Seth Godin) က အနက္ဖြင့္ဆုိခဲ့ၿပီး Linchpin ဟာ ကၽြန္ေတာ္တုိ႔တေတြ လုပ္ငန္းကိစၥအဝဝလုပ္ေဆာင္တဲ့အခါ သူမတူတဲ့အက်ဳိးရလဒ္ေကာင္းေတြ ျဖစ္ေပၚလာေစဖုိ႔ မသိမျဖစ္လုိအပ္တဲ့ လုပ္ငန္းေရးရာနည္းနာသစ္တစ္ခုျဖစ္ေၾကာင္းကုိလည္း ဆက္ေဂၚဒင္က အတိအလင္းေဖာ္ျပခဲ့ပါတယ္။

ဒီေန႔ေခတ္မွာ ကၽြန္ေတာ္တို႔ေတြဟာ လုပ္ငန္းခြင္မွာ ဒီအတုိင္းအလုပ္လုပ္ေန႐ုံနဲ႔တင္ မလုံေလာက္ေတာ့ပါဘူး။ အခ်ိန္မွန္ လုပ္အားခအတြက္ လုပ္စရာရွိတာေတြကို သမား႐ိုးက် လုပ္ေဆာင္ေနသူေတြဟာ စက္ယႏၲရားႀကီးတစ္ခုရဲ႕ ထင္သာျမင္သာမရွိတဲ့ ေခြးသြားစိပ္ေလးေတြလိုပဲ ျဖစ္လာမွာပါ။ စီမံအုပ္ခ်ဳပ္သူေတြရဲ႕ မ်က္လုံးထဲမွာေတာ့ အဲဒီေခြးသြားစိပ္ေလးေတြက အလြယ္တကူ အစားထိုးႏိုင္ၿပီး အေရးမပါလွတဲ့အရာေတြျဖစ္ပါတယ္။

ဒါေၾကာင့္မုိ႔ ဒီေဆာင္းပါးမွာ လုပ္ငန္းခြင္ဝင္ေနသူတုိင္း လက္ေတြ႔အသုံးခ်ႏိုင္မယ့္ ဆက္ေဂၚဒင္ ေရးသားျပဳစုတဲ့ Linchpin တစ္ေယာက္ျဖစ္လာေစဖို႔နဲ႔ မသိမျဖစ္လုပ္ငန္းခြင္အႏုပညာအေၾကာင္းကုိ အားလုံးဗဟုသုတျဖစ္ဖြယ္ ဖတ္႐ႈႏိုင္ဖုိ႔ ဆီေလ်ာ္ေအာင္ျပင္ဆင္ၿပီး ေရးသားေဖာ္ျပလုိက္ပါတယ္။

Linchpin တစ္ေယာက္ျဖစ္ဖုိ႔ ဘာေၾကာင့္လုိအပ္သလဲ?

လူေတြအပါအဝင္ စက္႐ုံရဲ႕ ဘယ္အစိတ္အပိုင္းမဆို ေနရာခ်င္းအစားထုိးႏိုင္တဲ့ စက္မႈေတာ္လွန္ေရးေခတ္တြင္းက အသုံးျပဳခဲ့တဲ့ Mechanical Turk နည္းဥပေဒသဟာ ေငြကုန္ေၾကးက်မႈကို အလြန္သက္သာေစခဲ့ပါတယ္။ အလုပ္ကိုပုံမွန္လာတဲ့ ဝန္ထမ္းေတြ၊ စည္းကမ္းလိုက္နာတဲ့ ဝန္ထမ္းေတြ၊ သစၥာေစာင့္သိတဲ့ ဝန္ထမ္းေတြေၾကာင့္ လုပ္ငန္းႀကီးတစ္ခုလုံး ေကာင္းေကာင္း လည္ပတ္ခဲ့ၿပီး စီးပြားေရးစနစ္ေဟာင္းက အလုပ္႐ွင္နဲ႔လုပ္သားႏွစ္ဖက္ၾကား သင့္တင့္မွ်တတဲ့ အက်ိဳးခံစားခြင့္ေတြ ေပးခဲ့ပါတယ္။

အခုေခတ္မွာေတာ့ အဲဒီလိုမဟုတ္ေတာ့ပါဘူး။ အလုပ္တက္ရက္မွန္မႈကို အေျခခံၿပီး ဆုေပးတဲ့စနစ္က အတိတ္မွာ က်န္ရစ္ခဲ့ပါၿပီ။ ရာႏႈန္းျပည့္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ေနေပမယ့္ လုပ္ငန္းတစ္ေထာင့္တစ္ေနရာမွာ႐ွိေနတဲ့ လိုအပ္ခ်က္ကို အေသးစိတ္ စစ္ေဆးမျဖည့္စြက္ေပးႏုိင္ေတာ့ပါဘူး။ အခုဆိုရင္ ႐ိုးရွင္းတဲ့ လုပ္ငန္းတာဝန္ေတြကို အလိုအေလ်ာက္စနစ္နဲ႔ လုပ္ေဆာင္ေနၾကသလို ျပင္ပပညာရွင္ေတြဆီ ေပးအပ္လုပ္ေဆာင္ေနၾကပါၿပီ။ အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔ဟာ ကုိယ္က်င္လည္ရာလုပ္ငန္းနယ္ပယ္မွာ ေ႐ွ႕ကေနဦးေဆာင္ဖုိ႔ Linchpin တစ္ေယာက္ ျဖစ္မွရပါေတာ့မယ္။

ဒါဆုိ Linchpin ေတြဆုိတာ ဘယ္သူေတြလဲ?

Linchpin ဆိုတာ ပရမ္းပတာျဖစ္မႈကို အစီအစဥ္က်ေအာင္ ျပင္ဆင္ႏိုင္သူ၊ တီထြင္ဖန္တီးႏိုင္သူ၊ အခုိင္အမာခ်ိတ္ဆက္ႏိုင္သူ၊ အရာရာကို ျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္သူျဖစ္ပါတယ္။

၁. ေျပာင္ေျမာက္တဲ့အႏုပညာကို ျပဳလုပ္ဖန္တီးသူမ်ား

Linchpin ေတြဟာ သူတို႔ရဲ႕အႏုပညာကို ဖန္တီးဖို႔ အဆက္မျပတ္ နည္းေပးလမ္းျပမႈေတြ မလိုအပ္ပါဘူး။ သူတို႔ဟာ ေန႔စဥ္သာမန္အလုပ္မွာ စိတ္ခံစားခ်က္နဲ႔ လုပ္အားကုိေပါင္းစပ္ၿပီး လုပ္ငန္းခြင္အႏုပညာအျဖစ္ ေျပာင္းလဲတတ္ၾကပါတယ္။ အဲဒီလို ေျပာင္ေျမာက္တဲ့ အႏုပညာကေနၿပီး Linchpin ေတြဟာ တျခားသူေတြကို ဦးေဆာင္ၾကတယ္။ စိတ္အားထက္သန္ေစတယ္။ ဒါေၾကာင့္ သူတို႔ေတြကို အစားထိုးဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္ေလာက္ေအာင္ ျဖစ္လာပါတယ္။

၂. အဟန္႔အတားကို ယဥ္ပါးေစသူမ်ား

Linchpin တစ္ေယာက္ဟာ အခ်ိန္မီၿပီးစီးမႈအတြက္ အဟန္႔အတားနဲ႔ အၿမဲတမ္း ပဋိပကၡျဖစ္တတ္ပါတယ္။ အခ်ိန္မီၿပီးစီးဖို႔အတြက္ ေႏွာင့္ေႏွးခံေနျခင္းက အခ်ိန္ကို အက်ိဳးမဲ့ကုန္ေစသလို အေရးမပါတဲ့ အရာေတြကို ေတြးေတာမိေစတတ္ပါတယ္။ ကုိယ္လုပ္ခဲ့တဲ့အလုပ္တစ္ခုေပၚမွာ ဒါဟာ ေျခာက္ျပစ္ကင္းရဲ႕လား? လူေတြ ငါ့ကိုေလွာင္ၾကမွာလား? ငါ့မွာေ႐ွ႕ဆက္ဖုိ႔ အရင္းအႏွီးလုံေလာက္ရဲ႕လား? ငါတို႔မွာ အခ်က္အလက္ အျပည့္အစုံရွိရဲ႕လား? အစ႐ွိတဲ့ စုိးရိမ္ပူပင္မႈအဟန္႔အတားေတြကုိ ဦးေႏွာက္ထဲက သိျမင္လက္ခံေပမယ့္ Linchpin တစ္ေယာက္ဟာ ကမာၻႀကီးအတြက္ သူ႔ရဲ႕လက္ေဆာင္ျဖစ္တဲ့ လုပ္ငန္းခြင္အႏုပညာကို ဖန္တီးထုတ္လုပ္ႏိုင္ဖို႔ အဲဒီအဟန္႔အတားကို ရဲရဲဝံ့ဝံ့ တိုက္ထုတ္ပါတယ္။

၃. အသိုက္အဝန္းကို ပ်ိဳးေထာင္သူမ်ား

Linchpin တစ္ေယာက္ဟာ ၾသဇာေညာင္းဖို႔အတြက္ အခြင့္အာဏာ မလိုအပ္ပါဘူး။ သူဟာ မည္သူနဲ႔မဆုိ စိတ္ရင္းအမွန္အတိုင္း ဆက္ဆံတတ္တာေၾကာင့္ အက်ိဳးဆက္အေနနဲ႔ လႊမ္းမိုးမႈရွိသူ ျဖစ္လာမွာပါ။ အႏုပညာရွင္တစ္ဦးလိုပဲ Linchpin တစ္ေယာက္ဟာလည္း သူ႔ရဲ႕အႏုပညာကို တင္ဆက္ၿပီး သူ႔ရဲ႕ပါရမီကို မွ်ေဝျခင္းအားျဖင့္ အေပါင္းအသင္းေတြ၊ မိတ္ေဆြေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ အလုပ္အပ္သူေတြ၊ ပရိသတ္ေတြနဲ႔ ေနာက္လိုက္ေတြကို ရရွိတတ္ပါတယ္။

၄. လက္ေဆာင္အေပးအကမ္း ရက္ေရာသူမ်ား

Linchpin ေတြဟာ သူတို႔ရဲ႕ လုပ္ငန္းခြင္ အႏုပညာလက္ရာအမ်ားစုကို လက္ေဆာင္ေတြအျဖစ္ေပးၿပီး ေပါက္ေျမာက္ေအာင္ျမင္ၾကပါတယ္။ စီးပြားေရးစနစ္သစ္ဟာ အားထုတ္မႈထက္ အႏုပညာကို ပိုတန္ဖိုးထားတယ္လို႔ ဆက္ေဂၚဒင္က ဆိုပါတယ္။ အဖြဲ႕အစည္းတစ္ခုရဲ႕ အနာဂတ္ဟာ စိတ္အားတက္ႂကြတဲ့ လုပ္သားေတြကေနၿပီး အႏုပညာေျမာက္တဲ့ လုပ္အားလက္ေဆာင္ေတြကို ကိုယ္က်ိဳးမဖက္ဘဲ ေပးအပ္ျခင္းအေပၚ မူတည္ေနပါတယ္။ အဲဒီလုိ အက်ဳိးထိေရာက္မႈအားေကာင္းတဲ့ လုပ္အားလက္ေဆာင္ေတြဟာ Linchpin ေတြနားမွာ အသိုက္အဝန္းတစ္ခုကုိ ျပန္လည္ဖန္တီးေပးၿပီး အဲဒီအသိုက္အဝန္းကတဆင့္ စီးပြားျဖစ္အခြင့္အလမ္းအမ်ားအျပားကို ေဖာ္ေဆာင္ေပးပါတယ္။

၅. အလုပ္ကို မျဖစ္မေနၿပီးေျမာက္ေအာင္ လုပ္ေဆာင္တတ္သူမ်ား

Linchpin တစ္ေယာက္ဟာ ဘာေတြပဲျဖစ္ေနပါေစ အလုပ္ၿပီးေျမာက္ေအာင္ အၿမဲေဆာင္ရြက္တတ္ပါတယ္။ ေျပာင္ေျမာက္တဲ့ အံ့မခမ္းအႏုစိတ္လက္ရာတစ္ခုကို ဖန္တီးဖို႔ တစ္ခုတည္းေသာနည္းလမ္းက ၿပီးစီးေအာင္ျပဳလုပ္ဖို႔ပဲဆိုတာကို ေသခ်ာသိတယ္။ သူဟာ သူ႔အလုပ္ကို လွ်ိဴ႕ဝွက္မထားသလို ေျခာက္ျပစ္ကင္းေနဖို႔ကိုလည္း အာ႐ုံမစိုက္ပါဘူး။ အဲဒီအရာေတြကို သူ ႏွင္ထုတ္ထားပါတယ္။

Linchpin တစ္ေယာက္ဟာ ေငြ သို႔မဟုတ္ အခ်ိန္ကုန္တဲ့အထိ အလုပ္လုပ္တတ္ပါတယ္။ အဲဒါၿပီးရင္ေတာ့ အလုပ္ကို လက္စသတ္ၿပီး ၿပီးေျမာက္ေစတယ္။

အပုိင္း ၂ ကုိ ေနာက္ထပ္ တင္ဆက္ေပးသြားမွာမုိ႔ ေစာင့္ဆုိင္းဖတ္႐ႈႏိုင္ေၾကာင္း ေျပာလုိက္ရပါတယ္။ စာဖတ္ပရိသတ္မ်ားအားလုံးကုိ ေက်းဇူးအထူးတင္႐ွိပါတယ္။

Yan
Ref: Seth Godin’s Linchpin

www.akhayar.com 

[Unicode]

Linchpin: အစားထိုးမရတဲ့စွမ်းဆောင်ရည်နဲ့ လုပ်ငန်းခွင်အနုပညာ (ပထမပိုင်း)

Linchpin ဆိုတဲ့စကားလုံးဟာ အခရာကျတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ အမေရိကန်စီးပွားပညာရှင်စာရေးဆရာ ဆက်ဂေါ်ဒင် (Seth Godin) က အနက်ဖွင့်ဆိုခဲ့ပြီး Linchpin ဟာ ကျွန်တော်တို့တတွေ လုပ်ငန်းကိစ္စအဝဝလုပ်ဆောင်တဲ့အခါ သူမတူတဲ့အကျိုးရလဒ်ကောင်းတွေ ဖြစ်ပေါ်လာစေဖို့ မသိမဖြစ်လိုအပ်တဲ့ လုပ်ငန်းရေးရာနည်းနာသစ်တစ်ခုဖြစ်ကြောင်းကိုလည်း ဆက်ဂေါ်ဒင်က အတိအလင်းဖော်ပြခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ ကျွန်တော်တို့တွေဟာ လုပ်ငန်းခွင်မှာ ဒီအတိုင်းအလုပ်လုပ်နေရုံနဲ့တင် မလုံလောက်တော့ပါဘူး။ အချိန်မှန် လုပ်အားခအတွက် လုပ်စရာရှိတာတွေကို သမားရိုးကျ လုပ်ဆောင်နေသူတွေဟာ စက်ယန္တရားကြီးတစ်ခုရဲ့ ထင်သာမြင်သာမရှိတဲ့ ခွေးသွားစိပ်လေးတွေလိုပဲ ဖြစ်လာမှာပါ။ စီမံအုပ်ချုပ်သူတွေရဲ့ မျက်လုံးထဲမှာတော့ အဲဒီခွေးသွားစိပ်လေးတွေက အလွယ်တကူ အစားထိုးနိုင်ပြီး အရေးမပါလှတဲ့အရာတွေဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီဆောင်ပါးမှာ လုပ်ငန်းခွင်ဝင်နေသူတိုင်း လက်တွေ့အသုံးချနိုင်မယ့် ဆက်ဂေါ်ဒင် ရေးသားပြုစုတဲ့ Linchpin တစ်ယောက်ဖြစ်လာစေဖို့နဲ့ မသိမဖြစ်လုပ်ငန်းခွင်အနုပညာအကြောင်းကို အားလုံးဗဟုသုတဖြစ်ဖွယ် ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင်ပြင်ဆင်ပြီး ရေးသားဖော်ပြလိုက်ပါတယ်။

Linchpin တစ်ယောက်ဖြစ်ဖို့ ဘာကြောင့်လိုအပ်သလဲ?

လူတွေအပါအဝင် စက်ရုံရဲ့ ဘယ်အစိတ်အပိုင်းမဆို နေရာချင်းအစားထိုးနိုင်တဲ့ စက်မှုတော်လှန်ရေးခေတ်တွင်းက အသုံးပြုခဲ့တဲ့ Mechanical Turk နည်းဥပဒေသဟာ ငွေကုန်ကြေးကျမှုကို အလွန်သက်သာစေခဲ့ပါတယ်။ အလုပ်ကိုပုံမှန်လာတဲ့ ဝန်ထမ်းတွေ၊ စည်းကမ်းလိုက်နာတဲ့ ဝန်ထမ်းတွေ၊ သစ္စာစောင့်သိတဲ့ ဝန်ထမ်းတွေကြောင့် လုပ်ငန်းကြီးတစ်ခုလုံး ကောင်းကောင်း လည်ပတ်ခဲ့ပြီး စီးပွားရေးစနစ်ဟောင်းက အလုပ်ရှင်နဲ့လုပ်သားနှစ်ဖက်ကြား သင့်တင့်မျှတတဲ့ အကျိုးခံစားခွင့်တွေ ပေးခဲ့ပါတယ်။

အခုခေတ်မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ အလုပ်တက်ရက်မှန်မှုကို အခြေခံပြီး ဆုပေးတဲ့စနစ်က အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ရာနှုန်းပြည့်ကောင်းမွန်အောင် လုပ်ဆောင်နေပေမယ့် လုပ်ငန်းတစ်ထောင့်တစ်နေရာမှာရှိနေတဲ့ လိုအပ်ချက်ကို အသေးစိတ် စစ်ဆေးမဖြည့်စွက်ပေးနိုင်တော့ပါဘူး။ အခုဆိုရင် ရိုးရှင်းတဲ့ လုပ်ငန်းတာဝန်တွေကို အလိုအလျောက်စနစ်နဲ့ လုပ်ဆောင်နေကြသလို ပြင်ပပညာရှင်တွေဆီ ပေးအပ်လုပ်ဆောင်နေကြပါပြီ။ အဲဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ်ကျင်လည်ရာလုပ်ငန်းနယ်ပယ်မှာ ရှေ့ကနေဦးဆောင်ဖို့ Linchpin တစ်ယောက် ဖြစ်မှရပါတော့မယ်။

ဒါဆို Linchpin တွေဆိုတာ ဘယ်သူတွေလဲ?

Linchpin ဆိုတာ ပရမ်းပတာဖြစ်မှုကို အစီအစဉ်ကျအောင် ပြင်ဆင်နိုင်သူ၊ တီထွင်ဖန်တီးနိုင်သူ၊ အခိုင်အမာချိတ်ဆက်နိုင်သူ၊ အရာရာကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်သူဖြစ်ပါတယ်။

၁. ပြောင်မြောက်တဲ့အနုပညာကို ပြုလုပ်ဖန်တီးသူများ

Linchpin တွေဟာ သူတို့ရဲ့အနုပညာကို ဖန်တီးဖို့ အဆက်မပြတ် နည်းပေးလမ်းပြမှုတွေ မလိုအပ်ပါဘူး။ သူတို့ဟာ နေ့စဉ်သာမန်အလုပ်မှာ စိတ်ခံစားချက်နဲ့ လုပ်အားကိုပေါင်းစပ်ပြီး လုပ်ငန်းခွင်အနုပညာအဖြစ် ပြောင်းလဲတတ်ကြပါတယ်။ အဲဒီလို ပြောင်မြောက်တဲ့ အနုပညာကနေပြီး Linchpin တွေဟာ တခြားသူတွေကို ဦးဆောင်ကြတယ်။ စိတ်အားထက်သန်စေတယ်။ ဒါကြောင့် သူတို့တွေကို အစားထိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်လောက်အောင် ဖြစ်လာပါတယ်။

၂. အဟန့်အတားကို ယဉ်ပါးစေသူများ

Linchpin တစ်ယောက်ဟာ အချိန်မီပြီးစီးမှုအတွက် အဟန့်အတားနဲ့ အမြဲတမ်း ပဋိပက္ခဖြစ်တတ်ပါတယ်။ အချိန်မီပြီးစီးဖို့အတွက် နှောင့်နှေးခံနေခြင်းက အချိန်ကို အကျိုးမဲ့ကုန်စေသလို အရေးမပါတဲ့ အရာတွေကို တွေးတောမိစေတတ်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အလုပ်တစ်ခုပေါ်မှာ ဒါဟာ ခြောက်ပြစ်ကင်းရဲ့လား? လူတွေ ငါ့ကိုလှောင်ကြမှာလား? ငါ့မှာရှေ့ဆက်ဖို့ အရင်းအနှီးလုံလောက်ရဲ့လား? ငါတို့မှာ အချက်အလက် အပြည့်အစုံရှိရဲ့လား? အစရှိတဲ့ စိုးရိမ်ပူပင်မှုအဟန့်အတားတွေကို ဦးနှောက်ထဲက သိမြင်လက်ခံပေမယ့် Linchpin တစ်ယောက်ဟာ ကမ္ဘာကြီးအတွက် သူ့ရဲ့လက်ဆောင်ဖြစ်တဲ့ လုပ်ငန်းခွင်အနုပညာကို ဖန်တီးထုတ်လုပ်နိုင်ဖို့ အဲဒီအဟန့်အတားကို ရဲရဲဝံ့ဝံ့ တိုက်ထုတ်ပါတယ်။

၃. အသိုက်အဝန်းကို ပျိုးထောင်သူများ

Linchpin တစ်ယောက်ဟာ သြဇာညောင်းဖို့အတွက် အခွင့်အာဏာ မလိုအပ်ပါဘူး။ သူဟာ မည်သူနဲ့မဆို စိတ်ရင်းအမှန်အတိုင်း ဆက်ဆံတတ်တာကြောင့် အကျိုးဆက်အနေနဲ့ လွှမ်းမိုးမှုရှိသူ ဖြစ်လာမှာပါ။ အနုပညာရှင်တစ်ဦးလိုပဲ Linchpin တစ်ယောက်ဟာလည်း သူ့ရဲ့အနုပညာကို တင်ဆက်ပြီး သူ့ရဲ့ပါရမီကို မျှဝေခြင်းအားဖြင့် အပေါင်းအသင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်အပ်သူတွေ၊ ပရိသတ်တွေနဲ့ နောက်လိုက်တွေကို ရရှိတတ်ပါတယ်။

၄. လက်ဆောင်အပေးအကမ်း ရက်ရောသူများ

Linchpin တွေဟာ သူတို့ရဲ့ လုပ်ငန်းခွင် အနုပညာလက်ရာအများစုကို လက်ဆောင်တွေအဖြစ်ပေးပြီး ပေါက်မြောက်အောင်မြင်ကြပါတယ်။ စီးပွားရေးစနစ်သစ်ဟာ အားထုတ်မှုထက် အနုပညာကို ပိုတန်ဖိုးထားတယ်လို့ ဆက်ဂေါ်ဒင်က ဆိုပါတယ်။ အဖွဲ့အစည်းတစ်ခုရဲ့ အနာဂတ်ဟာ စိတ်အားတက်ကြွတဲ့ လုပ်သားတွေကနေပြီး အနုပညာမြောက်တဲ့ လုပ်အားလက်ဆောင်တွေကို ကိုယ်ကျိုးမဖက်ဘဲ ပေးအပ်ခြင်းအပေါ် မူတည်နေပါတယ်။ အဲဒီလို အကျိုးထိရောက်မှုအားကောင်းတဲ့ လုပ်အားလက်ဆောင်တွေဟာ Linchpin တွေနားမှာ အသိုက်အဝန်းတစ်ခုကို ပြန်လည်ဖန်တီးပေးပြီး အဲဒီအသိုက်အဝန်းကတဆင့် စီးပွားဖြစ်အခွင့်အလမ်းအများအပြားကို ဖော်ဆောင်ပေးပါတယ်။

၅. အလုပ်ကို မဖြစ်မနေပြီးမြောက်အောင် လုပ်ဆောင်တတ်သူများ

Linchpin တစ်ယောက်ဟာ ဘာတွေပဲဖြစ်နေပါစေ အလုပ်ပြီးမြောက်အောင် အမြဲဆောင်ရွက်တတ်ပါတယ်။ ပြောင်မြောက်တဲ့ အံ့မခမ်းအနုစိတ်လက်ရာတစ်ခုကို ဖန်တီးဖို့ တစ်ခုတည်းသောနည်းလမ်းက ပြီးစီးအောင်ပြုလုပ်ဖို့ပဲဆိုတာကို သေချာသိတယ်။ သူဟာ သူ့အလုပ်ကို လျှိူ့ဝှက်မထားသလို ခြောက်ပြစ်ကင်းနေဖို့ကိုလည်း အာရုံမစိုက်ပါဘူး။ အဲဒီအရာတွေကို သူ နှင်ထုတ်ထားပါတယ်။

Linchpin တစ်ယောက်ဟာ ငွေ သို့မဟုတ် အချိန်ကုန်တဲ့အထိ အလုပ်လုပ်တတ်ပါတယ်။ အဲဒါပြီးရင်တော့ အလုပ်ကို လက်စသတ်ပြီး ပြီးမြောက်စေတယ်။

အပိုင်း ၂ ကို နောက်ထပ် တင်ဆက်ပေးသွားမှာမို့ စောင့်ဆိုင်းဖတ်ရှုနိုင်ကြောင်း ပြောလိုက်ရပါတယ်။ စာဖတ်ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Yan
Ref: Seth Godin’s Linchpin

www.akhayar.com