[Zawgyi]

Linchpin: အစားထုိးမရတဲ့စြမ္းေဆာင္ရည္နဲ႔ လုပ္ငန္းခြင္အႏုပညာ (ဒုတိယပုိင္း)

Linchpin ေတြဟာ ဘယ္လုိသေဘာသဘာဝ႐ွိေၾကာင္းနဲ႔ သူတုိ႔အလုပ္အေပၚထား႐ွိတဲ့ စ႐ုိက္လကၡဏာနဲ႔ စိတ္ေနစိတ္ထားကုိ အပုိင္း (၁) မွာေဖာ္ျပေပးခဲ့ပါတယ္။ မဖတ္႐ႈရေသးတဲ့ စာဖတ္ပရိသတ္မ်ားကုိ ဝင္ေရာက္ဖတ္ၾကည့္ဖုိ႔ တုိက္တြန္းရင္း အလုပ္လုပ္တဲ့အခါ အက်ဳိး႐ွိထိေရာက္မႈအားေကာင္းတဲ့ အမ်ားအားကုိးအားထားရာ Linchpin တစ္ေယာက္ျဖစ္လာေစဖုိ႔အတြက္ အေရးပါၿပီး သိသင့္တဲ့အေၾကာင္းအရာတစ္ခ်ိဳ႕ကုိ ေကာက္ႏႈတ္ၿပီး အခုအပုိင္း (၂) မွာ ျပဳစုတင္ဆက္ေပးလုိက္ပါတယ္။ အဆင္သင့္ျဖစ္ၿပီဆုိရင္ ဆက္လက္ဖတ္႐ႈလုိက္ၾကစုိ႔ဗ်ာ။

မွတ္သားဖြယ္ရာ အဓိကေကာက္ႏုတ္ခ်က္မ်ား

ဒါေတြကေတာ့ Seth Godin ရဲ႕ Linchpin ထဲက အဓိက ေကာက္ႏုတ္ခ်က္တခ်ိဳ႕ျဖစ္ပါတယ္။

စက္မႈေတာ္လွန္ေရးေခတ္ မတိုင္မီက ပါရမီရင့္သန္တဲ့ ကၽြမ္းက်င္သူေတြဟာ အရာမ်ားစြာကို ျပဳလုပ္ခဲ့ၾကတယ္။ လက္ရာက သူမတူေအာင္ ထူးျခားေလေလ တန္ဖိုးႀကီးမားေလျဖစ္ပါတယ္။

စက္မႈေတာ္လွန္ေရးေၾကာင့္ အမ်ိဳးအစားတူထုတ္ကုန္ေတြကို ျမန္ျမန္ဆန္ဆန္နဲ႔ ေစ်းသက္သက္သာသာ ထုတ္လုပ္ႏိုင္ခဲ့တယ္။

စက္႐ုံေတြက အလုပ္သမားေတြကို ကမ္လွမ္းခ်က္တစ္ခု ေပးခဲ့တယ္ – သူတို႔ရဲ႕ ကၽြမ္းက်င္တဲ့ လုပ္ေဆာင္ရည္ေတြနဲ႔ စိတ္ကူးစိတ္သန္းေတြကို ေလာက္ငွေျပလည္ေစေလာက္မယ့္ ပုံမွန္လုပ္ခေငြနဲ႔ လဲလွယ္ဖို႔ျဖစ္ပါတယ္။ စာသင္ေက်ာင္းေတြနဲ႔ ေကာ္ပိုေရးရွင္းေတြကေတာ့ အမ်ားနဲ႔မတူဘဲ တစ္မူထူးေနမယ့္အစား အမ်ားသူငါလိုျဖစ္ဖို႔အတြက္ပဲ ဗဟိုျပဳခဲ့ၾကတယ္။ အမ်ိဳးအစားတူတဲ့ ထုတ္ကုန္ေတြကို ေစ်းေပါေပါနဲ႔ ခပ္ျမန္ျမန္ ထုတ္လုပ္ေနတဲ့ စက္႐ုံေတြမွာ အမ်ိဳးအစားတူရာလူေတြကို အလြယ္တကူ အစားထိုးႏိုင္တဲ့ ေခြးသြားစိပ္ေတြအျဖစ္ လိုအပ္ခဲ့ၾကတယ္။

အဲဒီလိုလုပ္ေဆာင္မႈဟာ အခ်ိန္တိုတိုအတြင္းမွာ အက်ိဳးျဖစ္ထြန္းျခင္းနဲ႔ ထုတ္ကုန္စြမ္းအားရဲ႕ အျမင့္ဆုံးကာလကို ေရာက္ခဲ့တဲ့ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကအထိေတာ့ ေကာင္းေကာင္းအလုပ္ျဖစ္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ေစ်းသက္သာတဲ့ ထုတ္ကုန္ေတြကို တရၾကမ္းထုတ္လုပ္ေနမႈက အလုပ္မျဖစ္ေတာ့ပါဘူး။ ဒီလိုနဲ႔ပဲ အလုပ္သမားေတြနဲ႔ အေပးအယူက ၿပိဳပ်က္သြားပါေတာ့တယ္။

အခုဆိုရင္ စီးပြားေရးစနစ္က စနစ္ႀကီးကိုယ္တိုင္ ျပန္တီထြင္ရပါေတာ့မယ္ (အလုပ္သမားေတြလည္း အပါအဝင္ေပါ့)။ ေရွ႕ကိုတက္လွမ္းတဲ့အခါမွာ ေအာင္ျမင္တဲ့သူေတြက “Linchpin”ေတြ . . . အမ်ားသူငါလိုမဟုတ္ဘဲ ထူးျခားေနတဲ့သူေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။

ဆီးႏွင္းပြင့္ တစ္ပြင့္နဲ႔တစ္ပြင့္ မတူၾကသလိုပဲ လူႏွစ္ေယာက္ဟာလည္း မတူႏိုင္ၾကပါဘူး။ လူတစ္ေယာက္ခ်င္းစီမွာ ကိုယ္စီကိုယ္ငွ ကၽြမ္းကၽြမ္းက်င္က်င္လုပ္ႏိုင္တဲ့ အရာေတြရွိပါတယ္။ အဲဒီအရာေတြဟာ ကၽြန္ေတာ္တို႔ရဲ႕ “ပါရမီ”ပါပဲ။

ကၽြန္ေတာ္တို႔ရဲ႕ ပါရမီနဲ႔ အေကာင္းဆုံးလုပ္ႏိုင္တဲ့ အရာကေတာ့ ေပးကမ္းပစ္ဖို႔ပါပဲ။ ျပန္လည္ရယူလိုတဲ့ ေမွ်ာ္လင့္ခ်က္မပါဘဲနဲ႔ လက္ေဆာင္ေပးၾကတဲ့အခါမွာ လူလူခ်င္း ဆက္သြယ္မႈနဲ႔ ပတ္သက္ဆက္ဆံမႈေတြကို ဖန္တီးေပးပါတယ္။

Linchpin ေတြဟာ သူတို႔ရဲ႕ တမူထူးျခားတဲ့ အားသာခ်က္ေတြကို အျမင့္မားဆုံးမွာ ထားရွိႏိုင္႐ုံမကဘဲ လူလူခ်င္း ဆက္သြယ္မႈကိုလည္း ဖန္တီးႏိုင္စြမ္းရွိသူေတြ ျဖစ္ၾကပါတယ္။ သူတို႔ေတြဟာ စိတ္ကူးစိတ္သန္းတစ္ခုကို အစပ်ိဳးတတ္ၾကသလို အလုပ္ႀကိဳးစားၿပီး သူတို႔ရဲ႕အဖြဲ႕အစည္း သို႔မဟုတ္ သူတို႔ရဲ႕ ကိုယ္ပိုင္လုပ္ငန္းမွာ မရွိမျဖစ္တဲ့သူေတြျဖစ္လာေအာင္ လုပ္ႏိုင္ၾကပါတယ္။

ကၽြန္ေတာ္တို႔ရဲ႕ေခါင္းမွာ အၾကမ္းသုံးအပိုင္းတစ္ခုရွိပါတယ္။ အဲဒါကို ေဂၚဒင္ က ဖြတ္ဦးေႏွာက္လို႔ ေခၚပါတယ္။ အဲဒီအပိုင္းဟာ ကၽြန္ေတာ္တို႔ အသက္ရွင္သန္ဖို႔ ပကတိအသိဉာဏ္နဲ႔ အဓိကအားျဖင့္ အေၾကာက္တရားကတဆင့္ ကၽြန္ေတာ္တို႔ကို အသက္ရွင္သန္ေနေစတယ္။ ဖြတ္ဦးေႏွာက္ဟာ ကၽြန္ေတာ္တို႔စိတ္ရဲ႕ ပိုမိုေကာင္းမြန္တဲ့အပိုင္းေတြထက္ မရွိမျဖစ္လိုအပ္ခ်က္တစ္ခုအျဖစ္ အခရာပိုက်ေနပါတယ္။

ကၽြန္ေတာ္တို႔ရဲ႕ပါရမီကို ၾကားျမင္ႏိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႔ရဲ႕ ဖြတ္ဦးေႏွာက္က ပို႔လႊတ္လိုက္တဲ့ အေၾကာက္တရားေတြကို ဥေပကၡာျပဳတတ္ဖို႔လိုပါတယ္။ ဒါဟာ စက္မႈေတာ္လွန္ေရးအလြန္ စီးပြားေရးစနစ္မွာ ကၽြန္ေတာ္တို႔ကို အဖိုးတန္ေစတဲ့ အရာပါပဲ။

အတိုခ်ဳံးေျပာရရင္ Linchpin ဟာ ကၽြန္ေတာ္တို႔ကို အုတ္ေရာေရာေက်ာက္ေရာေရာ ျဖစ္မေနဘဲ အမ်ားၾကားက ထိုးထြက္ေနဖို႔အတြက္ အားေပးထားပါတယ္။ ကၽြန္ေတာ္တို႔ဟာ သူမတူဘဲ ထူးျခားေနဖို႔ ကိုယ့္ရဲ႕အားသာခ်က္ေတြကို အသုံးျပဳရမွာျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ားနဲ႔မတူဘဲ ထူးျခားတဲ့လုပ္သားဝန္ထမ္းတစ္ေယာက္ကုိ စီးပြားေရးအက်ပ္အတည္းဆိုက္ခ်ိန္ေတြမွာေတာင္ အလြယ္တကူ အစားထိုးမရႏိုင္လို႔ပါပဲ။

Linchpin တစ္ေယာက္အျဖစ္ ေျပာင္းလဲလုိသူမ်ားအတြက္ အိုင္ဒီယာေကာင္း ငါးခု

၁. ကိုယ့္အတြက္ ဘာျပန္ရမလဲဆိုတာ မေမးဘဲ ဘဝေတြကို ေျပာင္းလဲေပးမယ့္ လက္ေဆာင္ေတြကို ေပးေဝပါ။
၂. ထုတ္လုပ္မႈစြမ္းအားနဲ႔ ရက္ေရာမႈက ေစ်းကြက္ေတြကို ပိုမိုႀကီးမားေစၿပီး အခ်ိန္တိုတိုနဲ႔ ပိုအက်ိဳးျဖစ္ထြန္းေစတယ္။
၃. အကန္႔အသတ္ေတြမရွိတဲ့ ေအာင္ျမင္မႈေတြကို ရွာေဖြပါ။
၄. ေၾကာက္စိတ္ကိုခံစားၿပီး ေက်ာ္လႊားလုပ္ေဆာင္ပါ။
၅. ေျခာက္ျပစ္ကင္းသဲလဲစင္ဆိုတာ အမႊမ္းတင္လြန္ေနတဲ့အရာပါ။ ျပည့္စုံမႈဆိုတာ တကယ္မရွိတဲ့အေၾကာင္းကို Benjamin Franklin က ရွာေဖြေတြ႕ရွိခဲ့ၿပီးၿပီ။

လူေတြဟာ စြန္႔စြန္႔စားစားမရွိဘဲ အမ်ားနဲ႔ လိုက္ေလ်ာညီေထြ ေနတတ္ၾကတာေၾကာင့္ ကၽြန္ေတာ္တို႔ဟာ သူလိုကိုယ္လိုပဲ တိရစာၦန္အုပ္တစ္အုပ္ရဲ႕ စိတ္သေဘာထားမ်ိဳးနဲ႔ ေနထိုင္ေနၾကပါတယ္။

Linchpin ထဲမွာ ဆက္ေဂၚဒင္ဟာ အႏုပညာသည္ေတြဆိုတဲ့ အသုံးအႏႈန္းကို သုံးစြဲထားေပမယ့္ အႏုပညာသည္ဆိုတာဟာ သူတို႔ရဲ႔အရင္းခံပါရမီေတြနဲ႔ လူေတြကို ေျပာင္းလဲေပးတဲ့သူလို႔ ဆိုလိုရင္းျဖစ္ပါတယ္။

လူအမ်ားစုဟာ အမ်ားၾကားထဲကေန ထိုးထြက္မေနခ်င္တဲ့အတြက္ေၾကာင့္ ဒီစာေစာင္ကိုဖတ္တဲ့အခါမွာ လူအေတာ္မ်ားမ်ားကို စိတ္မသက္မသာ ျဖစ္ေစပါလိမ့္မယ္။ ဘာေၾကာင့္လဲ? ဘာေၾကာင့္လဲဆိုေတာ့ အဲဒီလိုျဖစ္ဖို႔အတြက္ အင္မတန္ႀကိဳးစားရၿပီး အင္မတန္အားစိုက္ထုတ္ရလို႔ပါပဲ။ လူေတာ္ေတာ္မ်ားမ်ားက ကိုယ္ဘာလုပ္ရမယ္ဆိုတာကို အၿမဲတမ္း ေျပာဆိုျခင္းခံလာရတဲ့အတြက္ သူတို႔ေတြအတြက္ သက္ေသာင့္သက္သာရွိတဲ့ အေျခအေနမွာပဲ တြယ္ကပ္ေနလိုၾကၿပီး လုပ္သင့္တာကို မလုပ္ၾကပါဘူး။

ဟိုအရင္တုန္းကေတာ့ လူေတြဟာ ခိုင္းသမွ်ကို ႐ို႐ိုက်ိဳးက်ိဳးနဲ႔လုပ္ၿပီး အလုပ္ကို အခ်ိန္မွန္ေရာက္မယ္၊ အလုပ္ႀကိဳးစားမယ္၊ ျပႆနာမရွာဘူးဆိုရင္ သူတို႔ရဲ႕အလုပ္မွာ ေအာင္ျမင္သြားၾကပါလိမ့္မယ္။ ဒါေပမဲ့ အဲဒီေခတ္ႀကီးက ကုန္ခဲ့ပါၿပီ။ ဒီေန႔ေခတ္မွာ ေအာင္ျမင္ဖို႔ဆိုရင္ေတာ့ အမ်ားထက္ထူးျခားၿပီး ရက္ေရာဖို႔၊ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်တတ္ဖို႔၊ အႏုပညာကို ဖန္တီးတတ္ၿပီး လူေတြနဲ႔ အႏုပညာကို ခ်ိတ္ဆက္ေပးတတ္ဖို႔ လိုအပ္လာပါၿပီ။ ဒါေတြဟာ ကမာၻ႕ေစ်းကြက္ႀကီးက ခ်မွတ္ေပးလိုက္တဲ့ အရာေတြပါပဲ။ လူေတြအေနနဲ႔ လုပ္စရာရွိတာေတြကို ဦးစီးဦးေဆာင္ျပဳၿပီး ေဆာင္ရြက္မွျဖစ္ေတာ့မယ့္ ေခတ္ပါ။ အႏုပညာသည္တစ္ေယာက္အေနနဲ႔ အႏုပညာလက္ရာ မ်ားမ်ားျပဳလုပ္ေလ ပိုမိုလက္ရည္တက္လာေလပါပဲ။

Seth Godin

Seth Godin

ဒီေတာ့ Linchpin တစ္ေယာက္ျဖစ္လာေအာင္ ဘယ္လိုလုပ္ရမလဲ?

အဲဒီအတြက္ ရွင္းလင္းတဲ့လမ္းေၾကာင္း မရွိပါဘူး။ ဘယ္သူကမွ ေမြးရာပါ Linchpin မဟုတ္ပါဘူး။ Linchpin တစ္ေယာက္ျဖစ္ဖို႔အတြက္ သင့္အေနနဲ႔ အရင္ဆုံးျဖတ္ရမွာျဖစ္ၿပီး အဲဒီေနာက္မွ ျဖည္းျဖည္းခ်င္း လုပ္ယူရမွာျဖစ္ပါတယ္။

Linchpin တုိ႔ရဲ႕ထူးကဲတဲ့စြမ္းရည္ခုနစ္မ်ိဳး

၁. အဖြဲ႕အစည္းရွိ ဝန္ထမ္းမ်ားၾကားတြင္ ထူးျခားသည့္ဘုံနယ္ပယ္တစ္ခု စီစဥ္ျပဳလုပ္ျခင္း။
၂. သူမတူဘဲထူးျခားသည့္ ဖန္တီးမႈစြမ္းရည္ အသုံးျပဳျခင္း။
၃. ႐ႈပ္ေထြးနက္နဲသည့္ အေျခအေနတစ္ခု သို႔မဟုတ္ အဖြဲ႕အစည္းတစ္ခုကို စီမံခန္႔ခြဲျခင္း။
၄. Customer မ်ားကို ဦးေဆာင္ျခင္း။
၅. ဝန္ထမ္းမ်ားကို စိတ္အားထက္သန္မႈျဖစ္ေစျခင္း။
၆. သက္ဆိုင္ရာနယ္ပယ္အေၾကာင္း ဂဃနဏ သိရွိမႈရွိျခင္း။
၇. အမ်ားႏွင့္မတူ ထူးျခားသည့္စြမ္းရည္ ပိုင္ဆိုင္ျခင္း။

ႏွိမ့္ခ်မႈရွိတဲ့ စိတ္ေနစိတ္ထားက ျပႆနာတစ္ခုကို ေမာက္မာမႈနဲ႔မဟုတ္ဘဲ ညင္သာမႈနဲ႔ ခ်ဥ္းကပ္ႏိုင္ေစပါတယ္။

Linchpin တစ္ေယာက္ျဖစ္လိုတယ္ဆိုရင္ စတင္လို႔ေကာင္းတဲ့ေနရာကေတာ့ ေအာက္ကေမးခြန္းငါးခုကို အမွန္အတိုင္းေျဖဆိုၿပီး လက္ေတြ႕လုပ္ဖို႔ပါပဲ။

ပထမအႀကိမ္မွာေတာ့ ေအာင္ျမင္ခ်င္မွ ေအာင္ျမင္ပါလိမ့္မယ္။ စကားဝိုင္းက ျဖစ္ခ်င္မွျဖစ္လိမ့္မယ္။ ထုတ္ကုန္က ေရာင္းရခ်င္မွ ေရာင္းရလိမ့္မယ္။ သင့္အလုပ္ရွင္က ေက်နပ္ခ်င္မွ ေက်နပ္လိမ့္မယ္။ သင့္ရဲ႕အႏုပညာကို လူေတြမခံစားမိၾကဘူး။ ဒါမ်ိဳးေတြျဖစ္တဲ့အခါမွာ အေကာင္းဆုံးလုပ္ေဆာင္ႏိုင္တာကေတာ့ အႏုပညာမ်ားမ်ား ပိုဖန္တီးၿပီး လက္ေဆာင္မ်ားမ်ား ပိုေပးဖို႔ပါပဲ။ သင္ခန္းစာယူၿပီး ေရွ႕ဆက္ပါ။

အႏုပညာသည္တစ္ေယာက္အျဖစ္နဲ႔ ျပည့္ျပည့္ဝဝ ရွင္သန္ႏိုင္ေအာင္ႀကိဳးစားၿပီး ပုန္းေအာင္းေနတဲ့ အရည္အေသြးေတြ ေပၚထြက္လာေအာင္ ျပဳလုပ္ပါ။ ဘဝကို ေနာင္တကင္းမဲ့စြာ ေနထိုင္ပါဆုိတဲ့ ဆက္ေဂၚဒင္ရဲ႕သိမွတ္ဖြယ္ရာေရးသားခ်က္ကုိ အႏွစ္ခ်ဴပ္ၿပီး ပထမပုိင္းနဲ႔ ဒုတိယပုိင္းအျဖစ္ တင္ဆက္ေပးလုိက္ပါတယ္။ Linchpin တစ္ေယာက္ျဖစ္ခ်င္တယ္ဆုိရင္ေတာ့ ဒီေန႔ကစၿပီး မိမိကုိယ္ကုိနဲ႔ ကုိယ့္ရဲ႕ပတ္ဝန္းက်င္ကုိ စတင္ေျပာင္းလဲပါလုိ႔ ေျပာၾကားရင္း ေဆာင္းပါးကို အဆုံးသတ္လုိက္ရပါတယ္။

Yan
Ref: Seth Godin’s Linchpin

www.akhayar.com

[Unicode]

Linchpin: အစားထိုးမရတဲ့စွမ်းဆောင်ရည်နဲ့ လုပ်ငန်းခွင်အနုပညာ (ဒုတိယပိုင်း)

Linchpin တွေဟာ ဘယ်လိုသဘောသဘာဝရှိကြောင်းနဲ့ သူတို့အလုပ်အပေါ်ထားရှိတဲ့ စရိုက်လက္ခဏာနဲ့ စိတ်နေစိတ်ထားကို အပိုင်း (၁) မှာဖော်ပြပေးခဲ့ပါတယ်။ မဖတ်ရှုရသေးတဲ့ စာဖတ်ပရိသတ်များကို ဝင်ရောက်ဖတ်ကြည့်ဖို့ တိုက်တွန်းရင်း အလုပ်လုပ်တဲ့အခါ အကျိုးရှိထိရောက်မှုအားကောင်းတဲ့ အများအားကိုးအားထားရာ Linchpin တစ်ယောက်ဖြစ်လာစေဖို့အတွက် အရေးပါပြီး သိသင့်တဲ့အကြောင်းအရာတစ်ချို့ကို ကောက်နှုတ်ပြီး အခုအပိုင်း (၂) မှာ ပြုစုတင်ဆက်ပေးလိုက်ပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် ဆက်လက်ဖတ်ရှုလိုက်ကြစို့ဗျာ။

မှတ်သားဖွယ်ရာ အဓိကကောက်နုတ်ချက်များ

ဒါတွေကတော့ Seth Godin ရဲ့ Linchpin ထဲက အဓိက ကောက်နုတ်ချက်တချို့ဖြစ်ပါတယ်။

စက်မှုတော်လှန်ရေးခေတ် မတိုင်မီက ပါရမီရင့်သန်တဲ့ ကျွမ်းကျင်သူတွေဟာ အရာများစွာကို ပြုလုပ်ခဲ့ကြတယ်။ လက်ရာက သူမတူအောင် ထူးခြားလေလေ တန်ဖိုးကြီးမားလေဖြစ်ပါတယ်။

စက်မှုတော်လှန်ရေးကြောင့် အမျိုးအစားတူထုတ်ကုန်တွေကို မြန်မြန်ဆန်ဆန်နဲ့ ဈေးသက်သက်သာသာ ထုတ်လုပ်နိုင်ခဲ့တယ်။

စက်ရုံတွေက အလုပ်သမားတွေကို ကမ်လှမ်းချက်တစ်ခု ပေးခဲ့တယ် – သူတို့ရဲ့ ကျွမ်းကျင်တဲ့ လုပ်ဆောင်ရည်တွေနဲ့ စိတ်ကူးစိတ်သန်းတွေကို လောက်ငှပြေလည်စေလောက်မယ့် ပုံမှန်လုပ်ခငွေနဲ့ လဲလှယ်ဖို့ဖြစ်ပါတယ်။ စာသင်ကျောင်းတွေနဲ့ ကော်ပိုရေးရှင်းတွေကတော့ အများနဲ့မတူဘဲ တစ်မူထူးနေမယ့်အစား အများသူငါလိုဖြစ်ဖို့အတွက်ပဲ ဗဟိုပြုခဲ့ကြတယ်။ အမျိုးအစားတူတဲ့ ထုတ်ကုန်တွေကို ဈေးပေါပေါနဲ့ ခပ်မြန်မြန် ထုတ်လုပ်နေတဲ့ စက်ရုံတွေမှာ အမျိုးအစားတူရာလူတွေကို အလွယ်တကူ အစားထိုးနိုင်တဲ့ ခွေးသွားစိပ်တွေအဖြစ် လိုအပ်ခဲ့ကြတယ်။

အဲဒီလိုလုပ်ဆောင်မှုဟာ အချိန်တိုတိုအတွင်းမှာ အကျိုးဖြစ်ထွန်းခြင်းနဲ့ ထုတ်ကုန်စွမ်းအားရဲ့ အမြင့်ဆုံးကာလကို ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအထိတော့ ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဈေးသက်သာတဲ့ ထုတ်ကုန်တွေကို တရကြမ်းထုတ်လုပ်နေမှုက အလုပ်မဖြစ်တော့ပါဘူး။ ဒီလိုနဲ့ပဲ အလုပ်သမားတွေနဲ့ အပေးအယူက ပြိုပျက်သွားပါတော့တယ်။

အခုဆိုရင် စီးပွားရေးစနစ်က စနစ်ကြီးကိုယ်တိုင် ပြန်တီထွင်ရပါတော့မယ် (အလုပ်သမားတွေလည်း အပါအဝင်ပေါ့)။ ရှေ့ကိုတက်လှမ်းတဲ့အခါမှာ အောင်မြင်တဲ့သူတွေက “Linchpin”တွေ . . . အများသူငါလိုမဟုတ်ဘဲ ထူးခြားနေတဲ့သူတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဆီးနှင်းပွင့် တစ်ပွင့်နဲ့တစ်ပွင့် မတူကြသလိုပဲ လူနှစ်ယောက်ဟာလည်း မတူနိုင်ကြပါဘူး။ လူတစ်ယောက်ချင်းစီမှာ ကိုယ်စီကိုယ်ငှ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့ အရာတွေရှိပါတယ်။ အဲဒီအရာတွေဟာ ကျွန်တော်တို့ရဲ့ “ပါရမီ”ပါပဲ။

ကျွန်တော်တို့ရဲ့ ပါရမီနဲ့ အကောင်းဆုံးလုပ်နိုင်တဲ့ အရာကတော့ ပေးကမ်းပစ်ဖို့ပါပဲ။ ပြန်လည်ရယူလိုတဲ့ မျှော်လင့်ချက်မပါဘဲနဲ့ လက်ဆောင်ပေးကြတဲ့အခါမှာ လူလူချင်း ဆက်သွယ်မှုနဲ့ ပတ်သက်ဆက်ဆံမှုတွေကို ဖန်တီးပေးပါတယ်။

Linchpin တွေဟာ သူတို့ရဲ့ တမူထူးခြားတဲ့ အားသာချက်တွေကို အမြင့်မားဆုံးမှာ ထားရှိနိုင်ရုံမကဘဲ လူလူချင်း ဆက်သွယ်မှုကိုလည်း ဖန်တီးနိုင်စွမ်းရှိသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ စိတ်ကူးစိတ်သန်းတစ်ခုကို အစပျိုးတတ်ကြသလို အလုပ်ကြိုးစားပြီး သူတို့ရဲ့အဖွဲ့အစည်း သို့မဟုတ် သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းမှာ မရှိမဖြစ်တဲ့သူတွေဖြစ်လာအောင် လုပ်နိုင်ကြပါတယ်။

ကျွန်တော်တို့ရဲ့ခေါင်းမှာ အကြမ်းသုံးအပိုင်းတစ်ခုရှိပါတယ်။ အဲဒါကို ဂေါ်ဒင် က ဖွတ်ဦးနှောက်လို့ ခေါ်ပါတယ်။ အဲဒီအပိုင်းဟာ ကျွန်တော်တို့ အသက်ရှင်သန်ဖို့ ပကတိအသိဉာဏ်နဲ့ အဓိကအားဖြင့် အကြောက်တရားကတဆင့် ကျွန်တော်တို့ကို အသက်ရှင်သန်နေစေတယ်။ ဖွတ်ဦးနှောက်ဟာ ကျွန်တော်တို့စိတ်ရဲ့ ပိုမိုကောင်းမွန်တဲ့အပိုင်းတွေထက် မရှိမဖြစ်လိုအပ်ချက်တစ်ခုအဖြစ် အခရာပိုကျနေပါတယ်။

ကျွန်တော်တို့ရဲ့ပါရမီကို ကြားမြင်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဖွတ်ဦးနှောက်က ပို့လွှတ်လိုက်တဲ့ အကြောက်တရားတွေကို ဥပေက္ခာပြုတတ်ဖို့လိုပါတယ်။ ဒါဟာ စက်မှုတော်လှန်ရေးအလွန် စီးပွားရေးစနစ်မှာ ကျွန်တော်တို့ကို အဖိုးတန်စေတဲ့ အရာပါပဲ။

အတိုချုံးပြောရရင် Linchpin ဟာ ကျွန်တော်တို့ကို အုတ်ရောရောကျောက်ရောရော ဖြစ်မနေဘဲ အများကြားက ထိုးထွက်နေဖို့အတွက် အားပေးထားပါတယ်။ ကျွန်တော်တို့ဟာ သူမတူဘဲ ထူးခြားနေဖို့ ကိုယ့်ရဲ့အားသာချက်တွေကို အသုံးပြုရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အများနဲ့မတူဘဲ ထူးခြားတဲ့လုပ်သားဝန်ထမ်းတစ်ယောက်ကို စီးပွားရေးအကျပ်အတည်းဆိုက်ချိန်တွေမှာတောင် အလွယ်တကူ အစားထိုးမရနိုင်လို့ပါပဲ။

Linchpin တစ်ယောက်အဖြစ် ပြောင်းလဲလိုသူများအတွက် အိုင်ဒီယာကောင်း ငါးခု

၁. ကိုယ့်အတွက် ဘာပြန်ရမလဲဆိုတာ မမေးဘဲ ဘဝတွေကို ပြောင်းလဲပေးမယ့် လက်ဆောင်တွေကို ပေးဝေပါ။
၂. ထုတ်လုပ်မှုစွမ်းအားနဲ့ ရက်ရောမှုက ဈေးကွက်တွေကို ပိုမိုကြီးမားစေပြီး အချိန်တိုတိုနဲ့ ပိုအကျိုးဖြစ်ထွန်းစေတယ်။
၃. အကန့်အသတ်တွေမရှိတဲ့ အောင်မြင်မှုတွေကို ရှာဖွေပါ။
၄. ကြောက်စိတ်ကိုခံစားပြီး ကျော်လွှားလုပ်ဆောင်ပါ။
၅. ခြောက်ပြစ်ကင်းသဲလဲစင်ဆိုတာ အမွှမ်းတင်လွန်နေတဲ့အရာပါ။ ပြည့်စုံမှုဆိုတာ တကယ်မရှိတဲ့အကြောင်းကို Benjamin Franklin က ရှာဖွေတွေ့ရှိခဲ့ပြီးပြီ။

လူတွေဟာ စွန့်စွန့်စားစားမရှိဘဲ အများနဲ့ လိုက်လျောညီထွေ နေတတ်ကြတာကြောင့် ကျွန်တော်တို့ဟာ သူလိုကိုယ်လိုပဲ တိရစ္ဆာန်အုပ်တစ်အုပ်ရဲ့ စိတ်သဘောထားမျိုးနဲ့ နေထိုင်နေကြပါတယ်။

Linchpin ထဲမှာ ဆက်ဂေါ်ဒင်ဟာ အနုပညာသည်တွေဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲထားပေမယ့် အနုပညာသည်ဆိုတာဟာ သူတို့ရဲ့အရင်းခံပါရမီတွေနဲ့ လူတွေကို ပြောင်းလဲပေးတဲ့သူလို့ ဆိုလိုရင်းဖြစ်ပါတယ်။

လူအများစုဟာ အများကြားထဲကနေ ထိုးထွက်မနေချင်တဲ့အတွက်ကြောင့် ဒီစာစောင်ကိုဖတ်တဲ့အခါမှာ လူအတော်များများကို စိတ်မသက်မသာ ဖြစ်စေပါလိမ့်မယ်။ ဘာကြောင့်လဲ? ဘာကြောင့်လဲဆိုတော့ အဲဒီလိုဖြစ်ဖို့အတွက် အင်မတန်ကြိုးစားရပြီး အင်မတန်အားစိုက်ထုတ်ရလို့ပါပဲ။ လူတော်တော်များများက ကိုယ်ဘာလုပ်ရမယ်ဆိုတာကို အမြဲတမ်း ပြောဆိုခြင်းခံလာရတဲ့အတွက် သူတို့တွေအတွက် သက်သောင့်သက်သာရှိတဲ့ အခြေအနေမှာပဲ တွယ်ကပ်နေလိုကြပြီး လုပ်သင့်တာကို မလုပ်ကြပါဘူး။

ဟိုအရင်တုန်းကတော့ လူတွေဟာ ခိုင်းသမျှကို ရိုရိုကျိုးကျိုးနဲ့လုပ်ပြီး အလုပ်ကို အချိန်မှန်ရောက်မယ်၊ အလုပ်ကြိုးစားမယ်၊ ပြဿနာမရှာဘူးဆိုရင် သူတို့ရဲ့အလုပ်မှာ အောင်မြင်သွားကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီခေတ်ကြီးက ကုန်ခဲ့ပါပြီ။ ဒီနေ့ခေတ်မှာ အောင်မြင်ဖို့ဆိုရင်တော့ အများထက်ထူးခြားပြီး ရက်ရောဖို့၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်ဖို့၊ အနုပညာကို ဖန်တီးတတ်ပြီး လူတွေနဲ့ အနုပညာကို ချိတ်ဆက်ပေးတတ်ဖို့ လိုအပ်လာပါပြီ။ ဒါတွေဟာ ကမ္ဘာ့ဈေးကွက်ကြီးက ချမှတ်ပေးလိုက်တဲ့ အရာတွေပါပဲ။ လူတွေအနေနဲ့ လုပ်စရာရှိတာတွေကို ဦးစီးဦးဆောင်ပြုပြီး ဆောင်ရွက်မှဖြစ်တော့မယ့် ခေတ်ပါ။ အနုပညာသည်တစ်ယောက်အနေနဲ့ အနုပညာလက်ရာ များများပြုလုပ်လေ ပိုမိုလက်ရည်တက်လာလေပါပဲ။

Seth Godin

Seth Godin

ဒီတော့ Linchpin တစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ?

အဲဒီအတွက် ရှင်းလင်းတဲ့လမ်းကြောင်း မရှိပါဘူး။ ဘယ်သူကမှ မွေးရာပါ Linchpin မဟုတ်ပါဘူး။ Linchpin တစ်ယောက်ဖြစ်ဖို့အတွက် သင့်အနေနဲ့ အရင်ဆုံးဖြတ်ရမှာဖြစ်ပြီး အဲဒီနောက်မှ ဖြည်းဖြည်းချင်း လုပ်ယူရမှာဖြစ်ပါတယ်။

Linchpin တို့ရဲ့ထူးကဲတဲ့စွမ်းရည်ခုနစ်မျိုး

၁. အဖွဲ့အစည်းရှိ ဝန်ထမ်းများကြားတွင် ထူးခြားသည့်ဘုံနယ်ပယ်တစ်ခု စီစဉ်ပြုလုပ်ခြင်း။
၂. သူမတူဘဲထူးခြားသည့် ဖန်တီးမှုစွမ်းရည် အသုံးပြုခြင်း။
၃. ရှုပ်ထွေးနက်နဲသည့် အခြေအနေတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို စီမံခန့်ခွဲခြင်း။
၄. Customer များကို ဦးဆောင်ခြင်း။
၅. ဝန်ထမ်းများကို စိတ်အားထက်သန်မှုဖြစ်စေခြင်း။
၆. သက်ဆိုင်ရာနယ်ပယ်အကြောင်း ဂဃနဏ သိရှိမှုရှိခြင်း။
၇. အများနှင့်မတူ ထူးခြားသည့်စွမ်းရည် ပိုင်ဆိုင်ခြင်း။

နှိမ့်ချမှုရှိတဲ့ စိတ်နေစိတ်ထားက ပြဿနာတစ်ခုကို မောက်မာမှုနဲ့မဟုတ်ဘဲ ညင်သာမှုနဲ့ ချဉ်းကပ်နိုင်စေပါတယ်။

Linchpin တစ်ယောက်ဖြစ်လိုတယ်ဆိုရင် စတင်လို့ကောင်းတဲ့နေရာကတော့ အောက်ကမေးခွန်းငါးခုကို အမှန်အတိုင်းဖြေဆိုပြီး လက်တွေ့လုပ်ဖို့ပါပဲ။

ပထမအကြိမ်မှာတော့ အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။ စကားဝိုင်းက ဖြစ်ချင်မှဖြစ်လိမ့်မယ်။ ထုတ်ကုန်က ရောင်းရချင်မှ ရောင်းရလိမ့်မယ်။ သင့်အလုပ်ရှင်က ကျေနပ်ချင်မှ ကျေနပ်လိမ့်မယ်။ သင့်ရဲ့အနုပညာကို လူတွေမခံစားမိကြဘူး။ ဒါမျိုးတွေဖြစ်တဲ့အခါမှာ အကောင်းဆုံးလုပ်ဆောင်နိုင်တာကတော့ အနုပညာများများ ပိုဖန်တီးပြီး လက်ဆောင်များများ ပိုပေးဖို့ပါပဲ။ သင်ခန်းစာယူပြီး ရှေ့ဆက်ပါ။

အနုပညာသည်တစ်ယောက်အဖြစ်နဲ့ ပြည့်ပြည့်ဝဝ ရှင်သန်နိုင်အောင်ကြိုးစားပြီး ပုန်းအောင်းနေတဲ့ အရည်အသွေးတွေ ပေါ်ထွက်လာအောင် ပြုလုပ်ပါ။ ဘဝကို နောင်တကင်းမဲ့စွာ နေထိုင်ပါဆိုတဲ့ ဆက်ဂေါ်ဒင်ရဲ့သိမှတ်ဖွယ်ရာရေးသားချက်ကို အနှစ်ချူပ်ပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်းအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ Linchpin တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီနေ့ကစပြီး မိမိကိုယ်ကိုနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို စတင်ပြောင်းလဲပါလို့ ပြောကြားရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။

Yan
Ref: Seth Godin’s Linchpin

www.akhayar.com