ဒီနေ့ခေတ်မှာတော့ စမတ်ဖုန်းတွေ မှိုလိုပေါက်လာတဲ့အတွက် Facebook သုံးတဲ့ လူပေါင်းဟာ မြန်မာနိုင်ငံမှာတင်ပဲ ၁၁သန်းနီးပါး ရှိလာပါပြီ။ မိန်းကလေးတွေဆိုရင်လည်း နှုတ်ခမ်းလေး စူလိုက် ၊ မျက်လုံးလေး ပြူးလိုက် ၊ ပါးလေး ဖောင်းလိုက်နဲ့ Facebook ပေါ် ဓာတ်ပုံလေးတင်ဖို့ အမူအရာအမျိုးမျိုးကို စိတ်ကြိုက်လုပ်နေတော့တာပဲ။ Camera 360 ၊ B612 ၊ Prisma Camera တွေနဲ့ စိတ်ကြိုက်ရိုက်ပြီးတော့မှ Photo Wonder ၊ Pics Art ဟာမျိုးတွေနဲ့ လှပသွားအောင် ၊ ကြည့်ကောင်းသွားအောင် Effect ထည့်ပြီးမှ Facebook ပေါ်မှာ တင်တာဗျ။

ဓာတ်ပုံကို စိတ်ကြိုက်ပြင်ပြီးသွားမှ Facebook ပေါ်တင်လိုက်ပြီဆို Like တွေများ တက်လာရင် ပီတိဖြစ်လို့ မဆုံးပါဘူး။  “ အရမ်း Cute တယ်နော် ၊ ကြွေပြီ ခေးရယ် ၊ ချစ်တုံးကြီး အရမ်းလှနေပါလား ၊ လေတိုက်တိုင်း လှလာတယ်နော်”  လို့များ Comment ရေုးထားတယ်ဆိုရင် ပီတိကိုစား အားရှိကြတဲ့ အမျိုးတွေပါ။ Facebook ပေါ်မှာ တင်ဖို့ဆိုရင် အိမ်သာထဲကအစ အိပ်ယာထဲမှာအဆုံး Selfie ဆွဲပြီး တင်ဖို့ဝန်မလေးကြပါဘူး။

Facebook ပေါ်တင်ဖို့ ဓာတ်ပုံတစ်ပုံကိုတောင် စိတ်ကြိုက်ပြုပြင်ကြသေးတယ်ဆိုရင် ဘဝပုံရိပ်ကိုလည်း စိတ်ကြိုက်မချယ်မှုန်းသင့်ဘူးလား။ ဓာတ်ပုံတစ်ပုံကို အမူအရာအမျိုးမျိုးနဲ့ စိတ်ကြိုက်ရိုက်သလိုမျိုး လူ့ဘဝမှာလည်း စိတ်ကြိုက်ရာထူး ၊ စိတ်ကြိုက်နေရာရအောင် မကြိုးစားသင့်ဘူးလား ။ ရိုက်ပြီးသား ဓာတ်ပုံကို စိတ်ကြိုက် Effect ထည့်သလိုမျိုး လူ့ဘဝအတွက် အရေးကြီးလှတဲ့ အသိပညာ ၊ အတတ်ပညာ ၊ ဗဟုသုတ ၊ အတွေးအခေါ်တွေနဲ့ စိတ်ကြိုက် Effect ထည့်လိုက်မယ်ဆိုရင် ကိုယ့်ဘဝပုံရိပ်လေးဟာ လူကြားထဲမှာ Like နဲ့အသိအမှတ်ပြုခံရနိုင်သလို “အရမ်းတော်လိုက်တာ အရွယ်နဲ့တောင် မလိုက်ဖူး”  ဆိုပြီး Comment တွေနဲ့ ချီးကျူးထောပနာပြုခံရမှာ သေချာပါတယ်။ Facebook ပေါ်တင်မယ့် ဓာတ်ပုံတစ်ပုံကိုတောင် စိတ်ကြိုက်ချယ်မှုန်းပြီးမှ တင်လေ့ရှိတယ်ဆိုရင် ကိုယ့်ဘဝပုံရိပ်လည်း တစ်သက်လုံးလှပစေဖို့ အသိပညာ ၊ အတတ်ပညာတွေနဲ့ အလှဆင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com