Life is Strange
Life is Strange
Ref : Android Authority
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Life is Strange ဂိမ်းကို PC မှာ အရင်တုန်းက ဆော့ဖူးတဲ့သူတွေရှိကြမှာပါ။ အခု Life is Strange ဂိမ်းကို တူညီတဲ့ဇတ်လမ်းသွားနဲ့ ကိုယ့်ရဲ့ Android စမတ်ဖုန်းမှာပဲ တော့ကစားနိုင်တော့မှာဖြစ်ပါတယ်။
Life is Strange ဂိမ်း Developer ဖြစ်တဲ့ Square Enix ကနေ ပြီးခဲ့တဲ့ လတုန်းက Life is Strange ဂိမ်းကို ဇူလိုင်လအတွင်းမှာ Android Devices တွေအတွက် ထုတ်ပေးမယ်လို့ ကြေညာခဲ့ပြီး Pre-register ပြုလုပ်ခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။
Life is Strange
အခုအချိန်မှာတော့ Life is Strange ဂိမ်းကို Android Devices တွေမှာ Google Play Store ကနေ Download ပြုလုပ်နိုင်ပြီဖြစ်ပြီးတော့ File Size အနေနဲ့ 1GB ဝန်းကျင်ရှိမှာပဲဖြစ်ပါတယ်။ Download ပြုလုပ်ပြီးဆော့ကစားမယ်ဆိုရင်တော့ Episode 1 ကို အခမဲ့ဆော့ကစားနိုင်မှာဖြစ်ပြီး Second Episode ကို 0.99$ ၊ ကျန်တဲ့ Episode တစ်ခုစီကို $4.99 နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Season 2 ကနေ Season 4 အထိကို $8.99 နဲ့ Bundle အနေနဲ့ ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။
Life is Strange ဂိမ်းဟာ အဓိကဇတ်ကောင် Max က သူ့ရဲ့မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာပြီး အတိတ်ကို ပြန်သွားနိုင်တဲ့ စွမ်းအားတွေရရှိလာပြီး သူရဲ့ ဇာတိမြို့ကို မုန်တိုင်းအန္တရာယ်ကနေ လွတ်မြောက်အောင် သူငယ်ချင်းဖြစ်တဲ့ Chloe Price နဲ့အတူ ဆောင်ရွက်တာပဲဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက Life is Strange ဂိမ်းမှာ ရွေးချယ်လိုက်တဲ့အရာတွေက ကိုယ်နောက်ပိုင်းမှာ ဖြစ်ပွားမယ့်ကိစ္စတွေကိုပါ Effect ဖြစ်နိုင်တဲ့အတွက် ဆော့ကစားရတာက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ဂိမ်းတစ်ခုပါ။
Life is Strange
ဘာပဲဖြစ်ဖြစ် Storyline ကောင်းကောင်းနဲ့ Android ဂိမ်းတစ်ခုကို ဆော့ချင်တယ်ဆိုရင်တော့ Life is Strange ဂိမ်းက လောလောဆယ်မှာ ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။
Ref : Android Authority
Zawyè (Akhayar) 
www.akhayar.com