[Zawgyi]

အနမ္းေျခြတဲ့ ပုံေတြထြက္ေပၚလာတဲ့ One Direction အဖြဲ႕၀င္ေဟာင္း Liam Payne

ႏႈတ္ခမ္းနီမေလးေတြရဲ႕အခ်စ္ေတာ္ One Direction အဖြဲ႕၀င္ေဟာင္း အဆုိေတာ္ Liam Payne ကေတာ့ ရည္းစားသစ္ေလးေတြ႕ေနျပီမုိ႕ ေျခလွမ္းေတြသြက္ေနပုံပါပဲ။ Liam ဟာ နာမည္ေက်ာ္အဆုိေတာ္ Cheryl နဲ႕ (၂)ႏွစ္ေက်ာ္တြဲခဲ့စဥ္ကာလမွာ သားေလးတစ္ေယာက္ထြန္းကားခဲ့ျပီး သူတုိ႕ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးတစ္ခန္းရပ္သြားျပီဆုိတာကုိေတာ့ လြန္ခဲ့တဲ့တစ္လေက်ာ္ေလာက္ကမွ တရား၀င္အသိေပးခဲ့တာပါ။

Liam and cairo-dwek-

Liam and his new girlfriend are kissing in the car

Cheryl နဲ႕လမ္းခြဲေၾကာင္း ေၾကညာျပီးျပီးခ်င္းမွာပဲ အခုလုိ အသက္(၂၀)အရြယ္ အေမရိကန္ေမာ္ဒယ္မေလး Cairo-dwek နဲ႕ တြဲသြားတြဲလာလုပ္ေနတဲ့ ပုံေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ အသက္(၂၄)ႏွစ္အရြယ္ Liam ဟာ အခ်စ္သစ္ေလးနဲ႕ အီတလီႏုိင္ငံ Lake Como မွာ တစ္ေန႕လုံးအတူတူရွိခဲ့ျပီး အနမ္းေျခြေနတဲ့ ပုံေလးေတြကုိ Mirror သတင္းဌာနက အမိအရ ရိုက္ကူးေဖာ္ျပထားပါတယ္။

cairo-dwek

Cheryl and Liam

Cheryl and Liam

Liam တစ္ေယာက္ Cheryl နဲ႕တုန္းကေတာ့ မနဲ႕ေမာင္ အခ်စ္ဇာတ္လမ္းေလးျဖစ္ျပီး လတ္တေလာမွာေတာ့ သူ႕ထက္ငယ္တဲ့ ေမာ္ဒယ္အလန္းနဲ႕တြဲခုတ္ေနတာမုိ႕ ပုိျပီးမ်ား တက္ၾကြလန္းဆန္းေနသလားေတာင္မွတ္ရပါတယ္။Liam ဟာ One Direction အဖြဲ႕ျပဳိကြဲျပီးခ်ိန္ကထဲက တစ္ကုိယ္ေတာ္ေတးသီခ်င္းေတြသီဆုိရင္း ပုိျပီးေအာင္ျမင္ေက်ာ္ၾကားလာတာျဖစ္ပါတယ္။

Stella(Akhayar)

www.akhayar.com

[Unicode]

အနမ်းခြွေတဲ့ ပုံတွေထွက်ပေါ်လာတဲ့ One Direction အဖွဲ့ဝင်ဟောင်း Liam Payne

နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် One Direction အဖွဲ့ဝင်ဟောင်း အဆိုတော် Liam Payne ကတော့ ရည်းစားသစ်လေးတွေ့နေပြီမို့ ခြေလှမ်းတွေသွက်နေပုံပါပဲ။ Liam ဟာ နာမည်ကျော်အဆိုတော် Cheryl နဲ့ (၂)နှစ်ကျော်တွဲခဲ့စဉ်ကာလမှာ သားလေးတစ်ယောက်ထွန်းကားခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးတစ်ခန်းရပ်သွားပြီဆိုတာကိုတော့ လွန်ခဲ့တဲ့တစ်လကျော်လောက်ကမှ တရားဝင်အသိပေးခဲ့တာပါ။

 

Liam and Cairo-dwek

Liam and cairo-dwek-

Liam and his new girlfriend are kissing in the car

ချယ်ရီနဲ့လမ်းခွဲကြောင်း ကြေညာပြီးပြီးချင်းမှာပဲ အခုလို အသက်(၂၀)အရွယ် အမေရိကန်မော်ဒယ်မလေး Cairo-dwek နဲ့ တွဲသွားတွဲလာလုပ်နေတဲ့ ပုံတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွယ် Liam ဟာ အချစ်သစ်လေးနဲ့ အီတလီနိုင်ငံ Lake Como မှာ တစ်နေ့လုံးအတူတူရှိခဲ့ပြီး အနမ်းခြွေနေတဲ့ ပုံလေးတွေကို Mirror သတင်းဌာနက အမိအရ ရိုက်ကူးဖော်ပြထားပါတယ်။

cairo-dwek

Cheryl and Liam

Cheryl and Liam

Liam တစ်ယောက် Cheryl နဲ့တုန်းကတော့ မနဲ့မောင် အချစ်ဇာတ်လမ်းလေးဖြစ်ပြီး လတ်တလောမှာတော့ သူ့ထက်ငယ်တဲ့ မော်ဒယ်အလန်းနဲ့တွဲခုတ်နေတာမို့ ပိုပြီးများ တက်ကြွလန်းဆန်းနေသလားတောင်မှတ်ရပါတယ်။Liam ဟာ One Direction အဖွဲ့ပြိုကွဲပြီးချိန်ကထဲက တစ်ကိုယ်တော်တေးသီချင်းတွေသီဆိုရင်း ပိုပြီးအောင်မြင်ကျော်ကြားလာတာဖြစ်ပါတယ်။

Stella(Akhayar)

www.akhayar.com