[Zawgyi]

(၂၅၆) ႏွစ္အထိ အသက္ရွည္ခဲ့တဲ့ တရုတ္အဖုိးအုိ Li Ching-Yuen

သမုိင္းတစ္ေလ်ွာက္ ကမၻာ့အသက္ရွည္ဆုံးပုဂၢိဳလ္အျဖစ္နဲ႔ Jeanne Calment က (၁၂၂) ႏွစ္ (၁၆၄) ရက္နဲ႔ ဂင္းနစ္စံခ်ိန္တင္ထားပါတယ္။ သူ႕မွာ တိက်ခုိင္လုံတဲ့ ရက္စြဲနဲ႔ အေထာက္အထားေတြ ရွိတာကုိး။ ဒါေပမယ့္ သူ႕ထက္ အသက္ရွည္တဲ့လူတစ္ေယာက္ တရုတ္ႏုိင္ငံမွာ ရွိခဲ့ပါေသးတယ္။ သူ႕နာမည္က Li Ching-Yuen ပါ။ ကမၻာ့အသက္ရွည္ဆုံးလုိ႔ စံခ်ိန္တင္ထားသူထက္ သက္တမ္းႏွစ္ဆေလာက္ အသက္ရွင္သြားခဲ့ပါတယ္။ ဘယ္ေလာက္လဲဆုိေတာ့ ၂၅၆ႏွစ္တဲ့။

Li Ching-Yuen ကုိ Qing အင္ပါယာ (Qing Empire) ေခတ္တုန္းက Sichuan ခရုိင္ Qijiang Xian ျပည္နယ္ ၁၆၇၇ခုႏွစ္မွာ ေမြးဖြားခဲ့တယ္လုိ႔ မွတ္တမ္းေတြအရ သိရပါတယ္။ ၁ဝႏွစ္သားကတည္းက တရုတ္ျပည္ေတာင္တန္းတစ္ေလ်ွာက္မွာ Lingzhi ၊ Goji Berry ၊ Wild Ginseng ၊ He Shou Wu နဲ႔ Gotu Kola တုိ႔လုိ ေဆးဖက္ဝင္ သစ္ဥသစ္ဖုေတြကုိ စုေဆာင္းတဲ့အလုပ္ကုိ လုပ္ခဲ့ပါတယ္။ ပရေဆးစုေဆာင္းသူအျဖစ္ လုပ္ကုိင္ရင္း ဆန္ဝုိင္အရက္ (Rice Wine) နဲ႔ သစ္ဥသစ္ဖုေတြကုိသာ မွီဝဲခဲ့ပါတယ္။ ကုိယ္ခံပညာကုိလည္း လုိက္စားရင္း ႏွစ္ေပါင္းမ်ားစြာ ပရေဆးဝါးေတြကုိ ရွာေဖြခဲ့ပါတယ္။ Li Ching-Yuen ဟာ ၁၇၄၉ခုႏွစ္မွာ ျပည္နယ္စစ္တပ္မွာ ကုိယ္ခံပညာဆရာအျဖစ္ သင္ၾကားေပးခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက သူဟာ ၇၂ႏွစ္ေတာင္ ရွိေနပါၿပီ။ ၆ႏွစ္ၾကာ စစ္မႈထမ္းၿပီး ၇၈ႏွစ္အရြယ္မွာ အၿငိမ္းစားယူခဲ့ပါတယ္။

Li Ching-Yuen ဟာ Gansu ေဒသ၊ Shanxi ေဒသ၊ တိဘတ္ႏုိင္ငံ (Tibet) ၊ ဗီယက္နမ္ႏုိင္ငံ (Vietnam) ၊ ထုိင္းႏုိင္ငံ (Thailand) နဲ႔ ရုရွားနယ္စပ္အထိကုိ သြားေရာက္ၿပီး ေဆးဖက္ဝင္အပင္ေတြကုိ ရွာေဖြစုေဆာင္းခဲ့ပါတယ္။ ပရေဆးဝါးေတြကုိ ရွာေဖြရင္းနဲ႔ကုိ ႏွစ္ေပါင္း၁ဝဝေက်ာ္ ကုန္ဆုံးေစခဲ့ပါတယ္။ Li Ching-Yuen ရဲ႕သြင္ျပင္နဲ႔ ပတ္သက္လုိ႔ ဗုိလ္ခ်ဳပ္ႀကီး Yang Sen က “A Factual Account of the 250 Year Old Good Luck Man” စာအုပ္မွာ အခုလုိသုံးသပ္ထားပါတယ္။

“Li Ching-Yuen ဟာ မ်က္စိလ်င္တယ္။

ေျခလွမ္းက်ဲက်ဲ လွမ္းတတ္တယ္။ အရပ္အျမင့္က

၇ေပေလာက္ရွိတယ္။ အသားအေရာင္က

အနီေရာင္သမ္းတယ္။

လက္သည္းေတြက ေတာ္ေတာ္ရွည္တယ္။”

တရုတ္စစ္ေသနာပတိႀကီး Wu Peifu ဟာ Li Ching-Yuen ကုိေခၚယူၿပီး အသက္ရွည္ေအာင္ ဘယ္လုိေနရမယ္ဆုိတာ အၾကံဥာဏ္ေတာင္းခဲ့ပါတယ္။ သူ႕ရဲ႕အသက္ရွည္နည္လမ္းေကာင္းကေတာ့

“တိတ္ဆိတ္ၿငိမ္သက္တဲ့ ႏွလုံးသားနဲ႔

အသက္ရွင္ပါ။ လိပ္တစ္ေကာင္လုိ ေနထုိင္ပါ။

ေခြးတစ္ေကာင္လုိ အိပ္စက္ပါ။

ပင္ဂြင္းငွက္လုိ လမ္းေလ်ွာက္ပါ။”

၁၉၂၈ခုႏွစ္မွာ Minkuo University က ပါေမာကၡႀကီး Wu Chung Chien ဟာ Li Ching-Yuen ရဲ႕ အသက္ရွည္မႈအေၾကာင္းကုိ သံသယျဖစ္မိပါတယ္။ ၁၈၂၇ခုႏွစ္နဲ႔ ၁၈၇၇ခုႏွစ္ေတြမွာ Li Ching-Yuen ရဲ႕ အသက္၁၅ဝျပည့္နဲ႔ ႏွစ္၂ဝဝျပည့္ေမြးေန႔အတြက္ တရုတ္အစုိးရက ေပးပုိ႔ထားတဲ့ ဝမ္းေျမာက္ေၾကာင္းသဝဏ္လႊာေတြကုိ ေတြ႕ရွိမွသာ အမွန္တကယ္ျဖစ္ေၾကာင္း ယုံၾကည္သြားပါတယ္။

အသက္၂ဝဝေက်ာ္အဖုိးအုိအေၾကာင္းကုိ North China Daily News နဲ႔ Shanghai Declaration News ေတြက အၿပိဳင္အဆုိင္ေရးသားေဖာ္ျပၾကပါတယ္။ ၁၉၂၉ခုႏွစ္မွာ The New York Times နဲ႔ Times မဂၢဇင္းေတြကေတာင္ သက္ေတာ္ရွည္အဖိုးအုိရဲ႕ ကုိယ္ေရးရာဇဝင္ကုိ ေဝေဝဆာဆာေဖာ္ျပၾကပါတယ္။ The New York Times ရဲ႕သတင္းေထာက္ဟာ  Li Ching-Yuen ရဲ႕ အိမ္နီးခ်င္းအဖုိးအုိတစ္ေယာက္ကုိ ေမးျမန္းၾကည့္လုိက္ပါတယ္။

“ရုပ္ရည္အတုိင္း အကဲခတ္မယ္ဆုိရင္

ကြ်န္ေတာ္နဲ႔ Li Ching-Yuen က ရြယ္တူလုိ႔ ထင္ရတာေပါ့ဗ်ာ။

မဟုတ္ဖူးဗ်။ ကြ်န္ေတာ့္အဖုိးအဖြားေတြ အုိးပုတ္ခ်ိဳးရုပ္ေတြနဲ႔

ကစားေနတဲ့အခ်ိန္ကတည္းက Li Ching-Yuen က

လူႀကီးတစ္ေယာက္ျဖစ္ေနၿပီ။

သူ႕အသက္က ႏွစ္၂ဝဝေက်ာ္ေနတာ မယုံမရွိပါနဲ႔”

သက္ေတာ္ရွည္ Li Ching-Yuen ဟာ ၁၉၃၃ခုႏွစ္ ေမလ ၆ရက္ေန႔မွာ လူႀကီးေရာဂါနဲ႔ ကြယ္လြန္ခဲ့ပါတယ္။ (၂၅၆) ႏွစ္အတြင္း ေခတ္အဆက္ဆက္ ဇနီး (၂၄) ေယာက္ကုိ လက္ထက္ခဲ့ၿပီး သားသမီး (၂ဝဝ) ေက်ာ္နဲ႔ မ်ိဳးဆက္ (၁၁)ဆက္ ရွိခဲ့တယ္လုိ႔ သိရပါတယ္။ ကြယ္လြန္တဲ့အခ်ိန္မွာ ေနာက္ဆုံးဇနီးေတာင္ အသက္ (၆ဝ) ရွိပါၿပီ။ Li Ching-Yuen ေမြးေန႔အတြက္ တရုတ္ျပည္အစိုးရက ေပးပုိ႔လုိက္တဲ့ သဝဏ္လႊာေတြအရ ၁၆၇၇ခုႏွစ္မွာ ေမြးဖြားခဲ့တာ ထင္ရွားလြန္းပါတယ္။ ဒါေပမယ့္ Li Ching-Yuen ကေတာ့ ၁၇၃၆ခုႏွစ္မွာ ေမြးခဲ့တယ္လုိ႔ ဆုိပါတယ္။ ၁၇၃၆ခုႏွစ္မွာ ေမြးခဲ့ရင္ေတာင္ ေသဆုံးခ်ိန္မွာ (၁၉၇) ႏွစ္ရွိေနပါၿပီ။ (၁၉၇) ႏွစ္လုိ႔ပဲဆုိဆုိ (၂၅၆) ႏွစ္လုိ႔ပဲေျပာေျပာ ကမၻာ့အသက္ရွည္ဆုံးလုိ႔ စံခ်ိန္တင္ထားတဲ့ Jeanne Calment ထက္ အသက္ပုိရွည္ေနတာ ေသခ်ာပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ မွတ္တမ္းမဝင္တဲ့ ကမၻာ့အသက္ႀကီးဆုံး သက္ေတာ္ရွည္အဖုိးအုိကေတာ့ တရုတ္ႏုိင္ငံသား Li Ching-Yuen ပဲျဖစ္ပါတယ္ခင္ဗ်ာ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

(၂၅၆) နှစ်အထိ အသက်ရှည်ခဲ့တဲ့ တရုတ်အဖိုးအို Li Ching-Yuen

သမိုင်းတစ်လျှောက် ကမ္ဘာ့အသက်ရှည်ဆုံးပုဂ္ဂိုလ်အဖြစ်နဲ့ Jeanne Calment က (၁၂၂) နှစ် (၁၆၄) ရက်နဲ့ ဂင်းနစ်စံချိန်တင်ထားပါတယ်။ သူ့မှာ တိကျခိုင်လုံတဲ့ ရက်စွဲနဲ့ အထောက်အထားတွေ ရှိတာကိုး။ ဒါပေမယ့် သူ့ထက် အသက်ရှည်တဲ့လူတစ်ယောက် တရုတ်နိုင်ငံမှာ ရှိခဲ့ပါသေးတယ်။ သူ့နာမည်က Li Ching-Yuen ပါ။ ကမ္ဘာ့အသက်ရှည်ဆုံးလို့ စံချိန်တင်ထားသူထက် သက်တမ်းနှစ်ဆလောက် အသက်ရှင်သွားခဲ့ပါတယ်။ ဘယ်လောက်လဲဆိုတော့ ၂၅၆နှစ်တဲ့။

Li Ching-Yuen ကို Qing အင်ပါယာ (Qing Empire) ခေတ်တုန်းက Sichuan ခရိုင် Qijiang Xian ပြည်နယ် ၁၆၇၇ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ၁ဝနှစ်သားကတည်းက တရုတ်ပြည်တောင်တန်းတစ်လျှောက်မှာ Lingzhi ၊ Goji Berry ၊ Wild Ginseng ၊ He Shou Wu နဲ့ Gotu Kola တို့လို ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေကို စုဆောင်းတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။ ပရဆေးစုဆောင်းသူအဖြစ် လုပ်ကိုင်ရင်း ဆန်ဝိုင်အရက် (Rice Wine) နဲ့ သစ်ဥသစ်ဖုတွေကိုသာ မှီဝဲခဲ့ပါတယ်။ ကိုယ်ခံပညာကိုလည်း လိုက်စားရင်း နှစ်ပေါင်းများစွာ ပရဆေးဝါးတွေကို ရှာဖွေခဲ့ပါတယ်။ Li Ching-Yuen ဟာ ၁၇၄၉ခုနှစ်မှာ ပြည်နယ်စစ်တပ်မှာ ကိုယ်ခံပညာဆရာအဖြစ် သင်ကြားပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ ၇၂နှစ်တောင် ရှိနေပါပြီ။ ၆နှစ်ကြာ စစ်မှုထမ်းပြီး ၇၈နှစ်အရွယ်မှာ အငြိမ်းစားယူခဲ့ပါတယ်။

Li Ching-Yuen ဟာ Gansu ဒေသ၊ Shanxi ဒေသ၊ တိဘတ်နိုင်ငံ (Tibet) ၊ ဗီယက်နမ်နိုင်ငံ (Vietnam) ၊ ထိုင်းနိုင်ငံ (Thailand) နဲ့ ရုရှားနယ်စပ်အထိကို သွားရောက်ပြီး ဆေးဖက်ဝင်အပင်တွေကို ရှာဖွေစုဆောင်းခဲ့ပါတယ်။ ပရဆေးဝါးတွေကို ရှာဖွေရင်းနဲ့ကို နှစ်ပေါင်း၁ဝဝကျော် ကုန်ဆုံးစေခဲ့ပါတယ်။ Li Ching-Yuen ရဲ့သွင်ပြင်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ကြီး Yang Sen က “A Factual Account of the 250 Year Old Good Luck Man” စာအုပ်မှာ အခုလိုသုံးသပ်ထားပါတယ်။

“Li Ching-Yuen ဟာ မျက်စိလျင်တယ်။

ခြေလှမ်းကျဲကျဲ လှမ်းတတ်တယ်။ အရပ်အမြင့်က

၇ပေလောက်ရှိတယ်။ အသားအရောင်က

အနီရောင်သမ်းတယ်။

လက်သည်းတွေက တော်တော်ရှည်တယ်။”

တရုတ်စစ်သေနာပတိကြီး Wu Peifu ဟာ Li Ching-Yuen ကိုခေါ်ယူပြီး အသက်ရှည်အောင် ဘယ်လိုနေရမယ်ဆိုတာ အကြံဉာဏ်တောင်းခဲ့ပါတယ်။ သူ့ရဲ့အသက်ရှည်နည်လမ်းကောင်းကတော့

“တိတ်ဆိတ်ငြိမ်သက်တဲ့ နှလုံးသားနဲ့

အသက်ရှင်ပါ။ လိပ်တစ်ကောင်လို နေထိုင်ပါ။

ခွေးတစ်ကောင်လို အိပ်စက်ပါ။

ပင်ဂွင်းငှက်လို လမ်းလျှောက်ပါ။”

၁၉၂၈ခုနှစ်မှာ Minkuo University က ပါမောက္ခကြီး Wu Chung Chien ဟာ Li Ching-Yuen ရဲ့ အသက်ရှည်မှုအကြောင်းကို သံသယဖြစ်မိပါတယ်။ ၁၈၂၇ခုနှစ်နဲ့ ၁၈၇၇ခုနှစ်တွေမှာ Li Ching-Yuen ရဲ့ အသက်၁၅ဝပြည့်နဲ့ နှစ်၂ဝဝပြည့်မွေးနေ့အတွက် တရုတ်အစိုးရက ပေးပို့ထားတဲ့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွေကို တွေ့ရှိမှသာ အမှန်တကယ်ဖြစ်ကြောင်း ယုံကြည်သွားပါတယ်။

အသက်၂ဝဝကျော်အဖိုးအိုအကြောင်းကို North China Daily News နဲ့ Shanghai Declaration News တွေက အပြိုင်အဆိုင်ရေးသားဖော်ပြကြပါတယ်။ ၁၉၂၉ခုနှစ်မှာ The New York Times နဲ့ Times မဂ္ဂဇင်းတွေကတောင် သက်တော်ရှည်အဖိုးအိုရဲ့ ကိုယ်ရေးရာဇဝင်ကို ဝေဝေဆာဆာဖော်ပြကြပါတယ်။ The New York Times ရဲ့သတင်းထောက်ဟာ  Li Ching-Yuen ရဲ့ အိမ်နီးချင်းအဖိုးအိုတစ်ယောက်ကို မေးမြန်းကြည့်လိုက်ပါတယ်။

“ရုပ်ရည်အတိုင်း အကဲခတ်မယ်ဆိုရင်

ကျွန်တော်နဲ့ Li Ching-Yuen က ရွယ်တူလို့ ထင်ရတာပေါ့ဗျာ။

မဟုတ်ဖူးဗျ။ ကျွန်တော့်အဖိုးအဖွားတွေ အိုးပုတ်ချိုးရုပ်တွေနဲ့

ကစားနေတဲ့အချိန်ကတည်းက Li Ching-Yuen က

လူကြီးတစ်ယောက်ဖြစ်နေပြီ။

သူ့အသက်က နှစ်၂ဝဝကျော်နေတာ မယုံမရှိပါနဲ့”

သက်တော်ရှည် Li Ching-Yuen ဟာ ၁၉၃၃ခုနှစ် မေလ ၆ရက်နေ့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ (၂၅၆) နှစ်အတွင်း ခေတ်အဆက်ဆက် ဇနီး (၂၄) ယောက်ကို လက်ထက်ခဲ့ပြီး သားသမီး (၂ဝဝ) ကျော်နဲ့ မျိုးဆက် (၁၁)ဆက် ရှိခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်တဲ့အချိန်မှာ နောက်ဆုံးဇနီးတောင် အသက် (၆ဝ) ရှိပါပြီ။ Li Ching-Yuen မွေးနေ့အတွက် တရုတ်ပြည်အစိုးရက ပေးပို့လိုက်တဲ့ သဝဏ်လွှာတွေအရ ၁၆၇၇ခုနှစ်မှာ မွေးဖွားခဲ့တာ ထင်ရှားလွန်းပါတယ်။ ဒါပေမယ့် Li Ching-Yuen ကတော့ ၁၇၃၆ခုနှစ်မှာ မွေးခဲ့တယ်လို့ ဆိုပါတယ်။ ၁၇၃၆ခုနှစ်မှာ မွေးခဲ့ရင်တောင် သေဆုံးချိန်မှာ (၁၉၇) နှစ်ရှိနေပါပြီ။ (၁၉၇) နှစ်လို့ပဲဆိုဆို (၂၅၆) နှစ်လို့ပဲပြောပြော ကမ္ဘာ့အသက်ရှည်ဆုံးလို့ စံချိန်တင်ထားတဲ့ Jeanne Calment ထက် အသက်ပိုရှည်နေတာ သေချာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်တမ်းမဝင်တဲ့ ကမ္ဘာ့အသက်ကြီးဆုံး သက်တော်ရှည်အဖိုးအိုကတော့ တရုတ်နိုင်ငံသား Li Ching-Yuen ပဲဖြစ်ပါတယ်ခင်ဗျာ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com