[Zawgyi]



LG Logo


LG


V40 ThinQ


www.akhayar.com

[Unicode]

$130 မီလီယံအထိ အရှုံးပေါ်နေပေမယ့် အပြုံးမပျက်သေးတဲ့ LG’s Mobile Division

LG ကတော့ ၂၀၁၈ တတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) ဝင်ငွေနဲ့ ဝမ်းသာရနိုးနိုး မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ဘူးလို့ ဆိုရပါတော့မယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကုမ္ပဏီကြေညာပေးလိုက်တဲ့ ဝင်ငွေရလာဒ်ဟာ $668 သန်းနဲ့ ဦးဆောင်နေပါတယ်။

LG Logo

ဒီပမာဏဟာ ပြီးခဲ့တဲ့ ပထမနဲ့ ဒုတိယသုံးလပတ်ဝင်ငွေထက် ပိုများနေခဲ့တယ်ဆိုပေမယ့်လို့ LG ကုမ္ပဏီအောက်က Mobile Division ကတော့ အရှုံးတွေနဲ့ တဝဲဝဲလည်နေရတုန်းပါတယ်။ ပြောရမယ်ဆိုရင် မိကောင်းဖခင် သားသမီးတွေထဲက ဆင်းသက်လာတဲ့ အမွေဆိုးကလေးလို့ တင်စားရမယ်ပေါ့။

LG

၂၀၁၈ တစ်နှစ်တာလုံးရဲ့ ၃ လပတ်ဝင်ငွေကို ပြန်သုံးသပ်ကြည့်ရမယ်ဆိုရင် $1.82 ဘီလီယံအထိ Mobile Division တခုထဲ အရှုံးပေါ်နေတယ်။ ပြီးခဲ့တဲ့နှစ်တွေနဲ့ Compare လုပ်ကြည့်မယ်ဆိုရင်တော့ ပိုနည်းသွားတယ်လို့ပြောနိုင်ပေမယ့်လို့ Strategy ပြောင်းလဲထားတဲ့ Mobile Divison ဥက္ကဌအသစ်နဲ့ R&D ဌာနတို့က လာမယ့် စတုတ္ထလေးပတ်ကို ဘယ်လိုဦးဆောင်မလဲ? အခုချိန်အထိတော့ လောလောလတ်လတ် မိတ်ဆက်ထားတဲ့ V40 ThinQ စမတ်ဖုန်းနဲ့ Holiday Season မှာ ရောင်းအားတက်လာအောင် ဆွဲဆောင်သွားမယ်လို့တော့ ပြောဆိုနေပါတယ်။

V40 ThinQ

LG’s 2018 Quarter 3 Results
Home Applicane & Air Solution = $365 Million
Home Entertainment                   = $3.31 Billion
Vehicle Components Industry.   = $38 Million (Increased from 35% to 41%)

www.akhayar.com