[Zawgyi]

ဘဝကို အလွပဆံုးပံုေဖာ္နိုင္ခဲ့ၾကၿပီး လူစိတ္ဝင္စားမႈအမ်ားဆံုးရရွိထားတဲ့ျမန္မာျပည္မွ  LGBTမ်ား

LGBT( Lesbian, Gay, Bisexual, and Transgender) ကိုလႈပ္ရွားလုပ္ေဆာင္ေနၿပီျဖစ္သလို တန္းတူအခြင့္အေရးေတြလည္း အရင္ထက္ကိုပိုမိုရရွိလာၿပီ ျဖစ္တဲ့ ျမန္မာနိုင္ငံမွာ လွပၿပီးကိုယ့္ေျခေထာက္ေပၚကို ကိုယ္တိုင္ရပ္တည္ကာႀကိဳးစားေနတဲ့ LGBT ေတြထဲကမွ အလွပေဂးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ သူတို႕ေတြကေတာ့ …. ေမသစၥာေမာင္ ၊ မ်ိဳးကိုကိုစန္း ၊ မထက္(pop soul) ၊ သုသု(ညီညီေမာင္) ၊ စစ္ပိုးအိမ္ တို႔ပဲျဖစ္ပါတယ္။

ေမသစၥာေမာင္

ေမသစၥာေမာင္ ဟာဆိုရင္ အသက္အငယ္ဆံုး LGBT အလွမယ္တစ္ေယာက္လို႔ေတာင္ေျပာလို႔ရပါတယ္။ သူ႔ကိုျမင္ရင္ မိန္းကေလးတစ္ေယာက္ လားလို႔ေတာင္ထင္ရမွာျဖစ္ပါတယ္။ အသားအေရ ၊ ရုပ္ရည္ လွပမႈေတြဟာ ဆိုရင္မိန္းမေတြေတာင္ လည္ျပန္ေငးရေလာက္တဲ့ အလွအပမ်ိဳးပါ။

ကိုယ္တိုင္လည္း လွလွပပေနထိုင္သလို အလွမယ္တစ္ဦး အေနနဲ႔ သူရဲ ႔ ဘဝကို ျဖတ္သန္းေနထိုင္ၿပီး မိတ္ကပ္ေၾကာ္ျငာေတြ ၊ အလွဝတ္စံု ေၾကာ္ျငာေတြကို တာဝန္ယူ ရိုက္ကူးေပးေနသူတစ္ဦးလည္း ျဖစ္ပါတယ္။ အလွမယ္ ပြဲေတြမွာလည္း အခါအားေလ်ာ္စြာ ပါဝင္ယွဥ္ၿပိဳင္ၿပီး ခ်စ္စရာေကာင္းတဲ့ ေမသစၥာေမာင္ျဖစ္ပါတယ္။

မ်ိဳးကိုကိုစန္း

မ်ိဳးကိုကိုစန္း ကိုေတာ့ မသိတဲ့သူခပ္ရွားရွားပါ။ သူကလည္း Transgender အလွမယ္တစ္ဦးျဖစ္ၿပီး ပရိသတ္ရဲ ႔ခ်စ္ခင္မႈ ကို အျပည့္အဝရရွိထားသူတစ္ဦးျဖစ္ပါတယ္။ သူ႔ကိုဆိုရင္ ပရိသတ္ေတြက ခ်စ္စနိုးနဲ႔ ကိုကို လို႔ေခၚၾကပါတယ္။ မိန္းကေလးတစ္ေယာက္လိုလွပႏူးညံတဲ့ ပံုစံသြင္ျပင္ အျပည့္အဝရွိသူတစ္ဦးလည္း ျဖစ္ပါတယ္။

လိင္အဂၤါခြဲစိတ္ျပဳျပင္ထားၿပီးျဖစ္တဲ့ အလွမယ္တစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔အေနနဲ႔လည္း ေၾကာ္ျငာအတြက္ အလွဓါတ္ပံုရိုက္ကူးျခင္းေတြနဲ႔ ဝတ္စံုဒီဇိုင္း ျပပြဲေတြအတြက္ Show ေလွ်ာက္ရတာေတြအျပင္ တခါတေလမွာလည္း အနုပညာလုပ္ငန္းျဖစ္တဲ့ သရုပ္ေဆာင္ျခင္းေတြ ကိုပါလုပ္ေဆာင္ေနသူတစ္ဦး လည္းျဖစ္ပါတယ္။

သုသု (ညီညီေမာင္)

မသုသု ဆိုၿပီး ခ်စ္စနိုးေခၚ ၾကတဲ့လူမႈကြန္ရက္ပရိသတ္ေတြရဲ ႔ အခ်စ္ေတာ္ သုသု ကေတာ့အျမဲ ကို လန္းဆန္းတက္ၾကြၿပီး အမ်ားသူေတြကိုရယ္ေမာေအာင္လုပ္နုိင္သူတစ္ဦးလည္း ျဖစ္ပါတယ္။ အခုေခတ္ႀကီးမွာလူမႈကြန္ရက္ ကို အသံုးမ်ားၾကတာနဲ႔အတူတူ ဒီအရာေၾကာင့္ပဲနာမည္ႀကီးခဲ့တဲ့ ပုဂၢိဳလ္ေတြထဲမွာဆိုရင္ မမသုကလည္း ပါဝင္လို႔ေနပါတယ္။ သုသုဟာ သူ႔ရဲ ႔ မ်က္နွာပိုင္း ဆိုင္ရာကို အဓိကခြဲစိတ္ျပဳျပင္ၿပီးတဲ့ေနာက္မွာ လူအမ်ားရဲ ႔ဂရုစိုက္ျခင္းကိုပိုလို႔ရရွိခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။

အခုဆိုရင္ သူ႔ကိုစိတ္ဝင္စားၾကသူတိုင္း သူ႔ရဲ ႔အခ်စ္ေရး ၊ သူ႔ရဲ ႔ေနပံုထိုင္ပံု ၊ သူ႔ရဲ ႔ေျပာပံုဆိုပံု ေတြကအစ ဂရုစိုက္ၾကတဲ့ အတြက္ လူမႈကြန္ရက္သံုးသူတိုင္း သူ႔အေကာင့္ ကို Follow ၾကတာလည္း ျဖစ္ပါတယ္။ မမသုဟာဆိုရင္လည္း သူ႔ရဲ႕ ကြ်မ္းက်င္တဲ့ ပညာရပ္ဟာမိတ္ကပ္ျပင္ျခင္းျဖစ္ေပမယ့္ အခုေနာက္ပိုင္းမွာေၾကာ္ျငာရိုက္ကူးျခင္းေတြ အျပင္ အနုပညာလုပ္ငန္းေတြကိုပါတိုးခ်ဲ႕လုပ္ေဆာင္လာတာကိုေတြ႕ရပါတယ္။

စစ္ပိုးအိမ္

LGBT အလွမယ္ေနာက္တစ္ဦး ကေတာ့စစ္ပိုးအိမ္ပဲျဖစ္ပါတယ္။ လက္ရွိမွာလည္း ေၾကာ္ျငာအတြက္ ဓါတ္ပံုအလွရိုက္ကူးျခင္းေတြ ကိုလုပ္ေဆာင္ေနရသလို အက်ႌခ်ဳပ္တာကလည္း သူ႔ရဲ ႔ကြ်မ္းက်င္တဲ့လုပ္ငန္းတစ္ခုျဖစ္ပါတယ္။ သူ႔ရဲ ႔အလွအပ ကလည္း ညိွဳ႕အားျပင္းၿပီး မိန္းကေလးတစ္ေယာက္လိုလွပတဲ့အလွတရားကို ပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္ပါတယ္။

ငယ္ငယ္က စစ္ပိုးအိမ္ရဲ ႔ ပံု နဲ႔ အခုပံု

လူမႈကြန္ရက္မွာ တင္ထားတဲ့ပံုေတြကို အားေပးၾကသလို အမ်ားကဂရုစိုက္ၿပီးစိတ္ဝင္စားျခင္း ကို အျပည့္အဝရရွိထားသူ ေဂးအလွမယ္တစ္ဦးျဖစ္ပါတယ္။

မထက္(Pop Soul)

မထက္ ကေတာ့ သူ႔ကိုခ်စ္တဲ့ပရိသတ္ဆိုတာ သီးသန္႔ရွိၿပီးသားပါ။ စကားေျပာရာမွာ ခ်စ္စရာေကာင္းသလို သူ႕ရဲ႕ ကိုယ္ပိုင္ကြ်မ္းက်င္မႈျဖစ္တဲ့မိတ္ကပ္ပညာနဲ႔ အသက္ေမြးဝမ္းေၾကာင္းလုပ္ေဆာင္ေနသူတစ္ဦး လည္းျဖစ္ပါတယ္။

လိင္အဂၤါေျပာင္းလဲလိုက္တဲ့ အခ်ိန္ကစလို႔ပရိသတ္ရဲ ႔အသိမွတ္ျပဳျခင္းကို ပိုလို႔ရရွိခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။ အလွအပ နဲ႔မိတ္ကပ္အေၾကာင္းေတြ ကိုအခါးအားေလ်ာ္စြာ လူမႈကြန္ရက္ေပၚ ကေနမွ်ေဝေျပာျပတတ္သူတစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြရဲ ႔အားေပးေထာက္ခံမႈ ကိုအျပည့္အဝရရွိထားတဲ့ သူတစ္ဦးျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Ma Htet Facebook၊ Sitt Poe Eain Facebook ၊ Myo Ko Ko San Facebook၊ Nyi Nyi Maung Facebook ၊ May Thitsar Maung Facebook

www.akhayar.com
[Unicode]

ဘဝကို အလှပဆုံးပုံဖော်နိုင်ခဲ့ကြပြီး လူစိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့မြန်မာပြည်မှ LGBTများ

LGBT( Lesbian, Gay, Bisexual, and Transgender) ကိုလှုပ်ရှားလုပ်ဆောင်နေပြီဖြစ်သလို တန်းတူအခွင့်အရေးတွေလည်း အရင်ထက်ကိုပိုမိုရရှိလာပြီ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ လှပပြီးကိုယ့်ခြေထောက်ပေါ်ကို ကိုယ်တိုင်ရပ်တည်ကာကြိုးစားနေတဲ့ LGBT တွေထဲကမှ အလှပဂေးတွေကို ဖော်ပြပေးချင်ပါတယ်။ သူတို့တွေကတော့ …. မေသစ္စာမောင် ၊ မျိုးကိုကိုစန်း ၊ မထက်(pop soul) ၊ သုသု(ညီညီမောင်) ၊ စစ်ပိုးအိမ် တို့ပဲဖြစ်ပါတယ်။

မေသစ္စာမောင်

မေသစ္စာမောင် ဟာဆိုရင် အသက်အငယ်ဆုံး LGBT အလှမယ်တစ်ယောက်လို့တောင်ပြောလို့ရပါတယ်။ သူ့ကိုမြင်ရင် မိန်းကလေးတစ်ယောက် လားလို့တောင်ထင်ရမှာဖြစ်ပါတယ်။ အသားအရေ ၊ ရုပ်ရည် လှပမှုတွေဟာ ဆိုရင်မိန်းမတွေတောင် လည်ပြန်ငေးရလောက်တဲ့ အလှအပမျိုးပါ။

ကိုယ်တိုင်လည်း လှလှပပနေထိုင်သလို အလှမယ်တစ်ဦး အနေနဲ့ သူရဲ့ ဘဝကို ဖြတ်သန်းနေထိုင်ပြီး မိတ်ကပ်ကြော်ငြာတွေ ၊ အလှဝတ်စုံ ကြော်ငြာတွေကို တာဝန်ယူ ရိုက်ကူးပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အလှမယ် ပွဲတွေမှာလည်း အခါအားလျော်စွာ ပါဝင်ယှဉ်ပြိုင်ပြီး ချစ်စရာကောင်းတဲ့ မေသစ္စာမောင်ဖြစ်ပါတယ်။

မျိုးကိုကိုစန်း

မျိုးကိုကိုစန်း ကိုတော့ မသိတဲ့သူခပ်ရှားရှားပါ။ သူကလည်း Transgender အလှမယ်တစ်ဦးဖြစ်ပြီး ပရိသတ်ရဲ့ချစ်ခင်မှု ကို အပြည့်အဝရရှိထားသူတစ်ဦးဖြစ်ပါတယ်။ သူ့ကိုဆိုရင် ပရိသတ်တွေက ချစ်စနိုးနဲ့ ကိုကို လို့ခေါ်ကြပါတယ်။ မိန်းကလေးတစ်ယောက်လိုလှပနူးညံတဲ့ ပုံစံသွင်ပြင် အပြည့်အဝရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

လိင်အင်္ဂါခွဲစိတ်ပြုပြင်ထားပြီးဖြစ်တဲ့ အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ကြော်ငြာအတွက် အလှဓါတ်ပုံရိုက်ကူးခြင်းတွေနဲ့ ဝတ်စုံဒီဇိုင်း ပြပွဲတွေအတွက် Show လျှောက်ရတာတွေအပြင် တခါတလေမှာလည်း အနုပညာလုပ်ငန်းဖြစ်တဲ့ သရုပ်ဆောင်ခြင်းတွေ ကိုပါလုပ်ဆောင်နေသူတစ်ဦး လည်းဖြစ်ပါတယ်။

သုသု (ညီညီမောင်)

မသုသု ဆိုပြီး ချစ်စနိုးခေါ် ကြတဲ့လူမှုကွန်ရက်ပရိသတ်တွေရဲ့ အချစ်တော် သုသု ကတော့အမြဲ ကို လန်းဆန်းတက်ကြွပြီး အများသူတွေကိုရယ်မောအောင်လုပ်နိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုခေတ်ကြီးမှာလူမှုကွန်ရက် ကို အသုံးများကြတာနဲ့အတူတူ ဒီအရာကြောင့်ပဲနာမည်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာဆိုရင် မမသုကလည်း ပါဝင်လို့နေပါတယ်။ သုသုဟာ သူ့ရဲ့ မျက်နှာပိုင်း ဆိုင်ရာကို အဓိကခွဲစိတ်ပြုပြင်ပြီးတဲ့နောက်မှာ လူအများရဲ့ဂရုစိုက်ခြင်းကိုပိုလို့ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

အခုဆိုရင် သူ့ကိုစိတ်ဝင်စားကြသူတိုင်း သူ့ရဲ့အချစ်ရေး ၊ သူ့ရဲ့နေပုံထိုင်ပုံ ၊ သူ့ရဲ့ပြောပုံဆိုပုံ တွေကအစ ဂရုစိုက်ကြတဲ့ အတွက် လူမှုကွန်ရက်သုံးသူတိုင်း သူ့အကောင့် ကို Follow ကြတာလည်း ဖြစ်ပါတယ်။ မမသုဟာဆိုရင်လည်း သူ့ရဲ့ ကျွမ်းကျင်တဲ့ ပညာရပ်ဟာမိတ်ကပ်ပြင်ခြင်းဖြစ်ပေမယ့် အခုနောက်ပိုင်းမှာကြော်ငြာရိုက်ကူးခြင်းတွေ အပြင် အနုပညာလုပ်ငန်းတွေကိုပါတိုးချဲ့လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။

စစ်ပိုးအိမ်

LGBT အလှမယ်နောက်တစ်ဦး ကတော့စစ်ပိုးအိမ်ပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ကြော်ငြာအတွက် ဓါတ်ပုံအလှရိုက်ကူးခြင်းတွေ ကိုလုပ်ဆောင်နေရသလို အကျႌချုပ်တာကလည်း သူ့ရဲ့ကျွမ်းကျင်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့အလှအပ ကလည်း ညှို့အားပြင်းပြီး မိန်းကလေးတစ်ယောက်လိုလှပတဲ့အလှတရားကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

ငယ်ငယ်က စစ်ပိုးအိမ်ရဲ့ ပုံ နဲ့ အခုပုံ

လူမှုကွန်ရက်မှာ တင်ထားတဲ့ပုံတွေကို အားပေးကြသလို အများကဂရုစိုက်ပြီးစိတ်ဝင်စားခြင်း ကို အပြည့်အဝရရှိထားသူ ဂေးအလှမယ်တစ်ဦးဖြစ်ပါတယ်။

မထက်(Pop Soul)

မထက် ကတော့ သူ့ကိုချစ်တဲ့ပရိသတ်ဆိုတာ သီးသန့်ရှိပြီးသားပါ။ စကားပြောရာမှာ ချစ်စရာကောင်းသလို သူ့ရဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှုဖြစ်တဲ့မိတ်ကပ်ပညာနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ဆောင်နေသူတစ်ဦး လည်းဖြစ်ပါတယ်။

လိင်အင်္ဂါပြောင်းလဲလိုက်တဲ့ အချိန်ကစလို့ပရိသတ်ရဲ့အသိမှတ်ပြုခြင်းကို ပိုလို့ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အလှအပ နဲ့မိတ်ကပ်အကြောင်းတွေ ကိုအခါးအားလျော်စွာ လူမှုကွန်ရက်ပေါ် ကနေမျှဝေပြောပြတတ်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးထောက်ခံမှု ကိုအပြည့်အဝရရှိထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Ma Htet Facebook၊ Sitt Poe Eain Facebook ၊ Myo Ko Ko San Facebook၊ Nyi Nyi Maung Facebook ၊ May Thitsar Maung Facebook

www.akhayar.com