2017 Mobile World Congress Pre-Event ကို ဖေဖော်ဝါရီ စပိန်နိုင်ငံ ဘာစီလိုနာ မှာ ကျင်းပမှာ ဖြစ်ပြီး အဲ့ဒီနေ့မှာ ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Motorola ၊ Huawei နဲ့ HMD Global ( Nokia စမတ်ဖုန်း ရဲ့ လိုင်စင်တရားဝင်ကိုင်ဆောင်ထားသူ) တို့ဟာ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေ ကို ကြေငြာမှာဖြစ်ကြောင်းသိရပါတယ်။ တောင်ကိုရီးယား စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ LG ဟာ လည်း Pre-Event မှာပဲ သူတို့ရဲ့ ထုတ်ကုန်ကို  ကြေငြာမှာဖြစ်ပါတယ်။ထွက်ပေါ်လာမယ့် LG G6 ကို ကြီးမားတဲ့မျက်နှာပြင်နဲ့  မြင်တွေ့ရမှာ ဖြစ်ပြီး မကြာသေးခင်က သိရတဲ့ ကိုရီးယား Herald Website ရဲ့ သတင်းအရကတော့ ဘာစီလိုနာစံတော်ချိန် နေ့လည်၁၂ နာရီ  Pre-Event စတင်မှာ ဖြစ်ကြောင်းသိရပါတယ်။

YouTube မှာ ပြသထားတဲ့ Video ရဲ့ အရိပ်အမြွတ်အရကတော့ ဒီဖုန်းမှာ Water-Resistant Feature ပါဝင်ပါတယ်။ စက္ကန့် ၅၀သာကြာမြင့်တဲ့ ဗီဒီယို ရဲ့ခေါင်းစဉ်ကတော့ “Wish List For The Ideal Smartphone” ဖြစ်ပါတယ်။

LG G6 ဟာ Single Sim ဒါမှမဟုတ် Dual Sim အနေနဲ့ ထွက်ရှိမှာဖြစ်ပြီး  16M Colors, IPS LCD Capacitive Touch Screen ကို အသုံးပြုထားပါတယ်။မျက်နှာပြင် အကျယ်အ၀န်းကတော့ ၅.၃ လက်မရှိပါတယ်။  မြင်ကွင်းစွမ်းရည်ကို ထောက်ပံ့ပေးထားတဲ့ ပမာဏကတော့ 1440 x 2560 pixels ဖြစ်ပြီး Pixel သိပ်သည်းဆ ပမာဏကတော့ 554 ppi ဖြစ်ပါတယ်။

မျက်နှာပြင်ကို ကာကွယ်ပေးတဲ့ ဖန်သားပြင်ကတော့ Corning Gorilla Glass 5 ဖြစ်ပါတယ်။ Android Version 7.0 Nougat ပါဝင်ပြီး Chipset အနေနဲ့ကတော့ Qualcomm Snapdragon 830 ကို အသုံးပြုထားတာကြောင့်သုံးစွဲရာမှာ မြန်ဆန်တဲ့ လှုပ်ရှားမှုကို ရစေမှာပါ။

You May Also Like : “မတ်လတွင် Super Mario Run ကို Android ဖုန်း ဖြင့်ကစားနိုင်မည်။

Micro SD ကို 256GB ထိ ထပ်တိုးအသုံးပြုနိုင်ပြီး RAM အနေနဲ့6GB ရှိပါတယ်။ Internal Storage ကတော့ 64GB ဒါမှမဟုတ် 128GB နဲ့ထွက်ရှိမှာ ဖြစ်ကြောင်းသိရပါတယ်။အနောက်ဘက် ကင်မရာ ၂လုံးပါဝင်ပြီး ရိုက်ကူးနိုင်တဲ့စွမ်းရည်ကတော့  16MP ( 29mm, f/1.8) + 16 MP ( 12mm, f/1.8) ဖြစ်ပါတယ်။

ရှေ့ကင်မရာကတော့ 12 MP ပါဝင်ပြီး Laser autofocus ၊ LED Flash၊  Geo-Tagging ၊ Touch Focus ၊ Face/smile dection တို့အသုံးပြု နိုင်ပါတယ်။ Alert Types အနေနဲ့ Vibration , MP3 နဲ့ WAV ringtones တို့ ပါဝင်ပြီး Audio အနေနဲ့ 3.5mm Jack ပါရှိပါတယ်။

အထောက်အပံ့ပေးထားတဲ့ USB ကတော့ Version 3.1 ၊ Type-C 1.0 reversible connector ဖြစ်ပါတယ်။ Li-Ion Battery နဲ့ Quick Charge 3.0 အသုံးပြုထားတာကြောင့် Battery သွင်းတဲ့အခါ မြန်ဆန်စေပြီး မိနစ်၃၀ အတွင်း 83% အားဝင်ကြောင်းသိရပါတယ်။

ကောလဟာလတွေ အရကတော့ LG G6 မှာ Advacned Feature အနေနဲ့ Iris Scanner ပါဝင်ဖွယ်ရှိကြောင်းသိရပြီး ဒီ မျက်လုံး Scanner ဟာ ကင်မရာ Sensor နဲ့ ပေါင်းစပ်ထားဖွယ် ရှိတယ်လို့သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ $750 ခန့်ရှိကြောင်းသိရပါတယ်။

Jan (Akhayar)

(www.akhayar.com)

Ref : GSM Arenaa, Gadgets Now