LG ဟာ Cricket Wireless နဲ့ ပူးပေါင်းပြီး LG Fortune စမတ်ဖုန်းလို့ အမည်ပေးထားတဲ့ ဖုန်းအသစ် တစ်မျိုးကို ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ LG Fortune ရဲ့ မျက်နှာပြင် အကျယ်အ၀န်းဟာ ၅ လက်မရှိပြီး မျက်နှာပြင်ပုံစံကတော့ IPS LCD Capacitive TouchScreen ဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ကို စင်းရာခြစ်ရာမထင်အောင် ကာကွယ်ပေးထားပါတယ်။ ရုပ်သံကြည်လင်ပြတ်သားစွာကြည့်နိုင်တဲ့ စွမ်းရည်ကတော့ 480×854 Pixels ရှိပြီး တစ်လက်မမှာပါဝင်တဲ့ Pixel သိပ်သည်းဆကတော့  196ppi ဖြစ်ပါတယ်။

Network အနေနဲ့ GSM သီးသန့်ကိုသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android Version ကတော့ 6.0 Marshmallow ဖြစ်ပြီးတော့ Chipset အနေနဲ့ သုံးထားတာကတော့ Qualcomm Snapdragon 210 ၊ MSM8909 ဖြစ်ပါတယ်။ Processor ကတော့ Quad Core 1.1 GHz အထောက်အပံ့ပေးထားတာကြောင့် အသုံးပြုရာမှာ မြန်ဆန်တဲ့တုန့်ပြန်မှုကို ရစေမှာပါ။ GPU ကတော့ Adreno 304 ဖြစ်ပါတယ်။ RAM 1.5GB ပါဝင်ပြီးတော့ Internal Memory ကတော့ 16GB ဖြစ်ပါတယ်။ Memory ကို ထပ်တိုးအသုံးပြုချင်တယ်ဆိုရင်တော့ 32GB ထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။

အရှေ့ နဲ့ အနောက်ကင်မရာ 5MP စီရှိပြီး ပုံရိပ်တွေရဲ့ ကြည်လင်ပြတ်သားနိုင်စွမ်းကတော့ 2592×1944 Pixels ဖြစ်ပါတယ်။ HD ဗီဒီယိုတွေကို Record လုပ်နိုင်တဲ့ စွမ်းရည်ကတော့ 720p ဖြစ်ပြီး တစ်စက္ကန့်မှာ ဖရိန် ၃၀ အထိ ရိုက်ကူးနိုင်ပါတယ်။ အထောက်အပံ့ပေးထားတဲ့ Battery ကတော့ Li-Ion 2500mAh ဖြစ်ပြီး Stand-By အနေနဲ့ထားမယ်ဆိုရင်တော့ နာရီ ၂၆၀ ထိ အထားခံတယ်လို့သိရပါတယ်။ Message နဲ့ GPS Tracking အထောက်အပံ့ပေးထားပါတယ်။ တခြားအထောက်အပံ့ပေးထားတဲ့ Application တွေကတော့ ရုံးလုပ်ငန်းသုံး Document Editor နဲ့ Built-In ပါဝင်တဲ့ Calendar ၊ Notes ၊ To-Do-List နဲ့ Google Apps တို့ ဖြစ်ပါတယ်။

LG Fortune ကို လက်ရှိမှာ Cricket Website ကနေမှာယူနိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၈၉.၉၉ ဖြစ်ပါတယ်။

Jan ( Akhayar)

Ref : Gsmarena