၁ ႏွစ္တခါ စမတ္ဖုန္းထုတ္မွာ မဟုတ္ဘူးလို႔ ေျပာလုိက္တဲ့ LG

၁ ႏွစ္တခါ စမတ္ဖုန္းထုတ္မွာ မဟုတ္ဘူးလို႔ ေျပာလုိက္တဲ့ LG

လက္ရွိအခ်ိန္မွာ စမတ္ဖုန္းေတြက တစ္ႏွစ္ကို တစ္ၾကိမ္ CPU Processor အသစ္ေတြထြက္ရွိေနတာျဖစ္သလုိ စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီေတြကလည္း တႏွစ္ကို Flagship စမတ္ဖုန္းတစ္ခုထုတ္လုပ္ေနတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ LG ကေတာ့ အခုလုိမ်ိဳး စမတ္ဖုန္းေတြ တႏွစ္တခါထုတ္လုပ္ေနတဲ့ပံုစံေတြကို ၾကိဳက္တဲ့ပံုမေပၚပါဘူး။

LG ရဲ႕ Vice Chairman နဲ႔ CEO အျဖစ္တာဝန္ယူထားတဲ့ Cho Seong-Jin က အခုလက္ရွိက်င္းပေနတဲ့ CES 2018 ပြဲမွာ LG Mobile အေနနဲ႔ ေနာက္ပိုင္းမွာ ျပဳလုပ္သြားမယ့္အရာအခ်ိဳ႕ကို ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။ LG Mobile အေနနဲ႔ လာမယ့္ႏွစ္ေတြမွာ စမတ္ဖုန္းေတြထုတ္လုပ္သြားမွာျဖစ္ေပမယ့္ အျခားေသာ ျပိဳင္ဘက္ေတြက စမတ္ဖုန္းအသစ္ေတြထုတ္လုိ႔ လိုက္ထုတ္တာမ်ိဳးေတာ့ ျပဳလုပ္မွာမလုပ္ဘူးလုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အခုလုိေျပာၾကားခဲ့တဲ့အတြက္ LG အေနနဲ႔ လက္ရွိစမတ္ဖုန္းထုတ္လုပ္သူေတြလုိမ်ိဳး တႏွစ္ကိုတခါေလာက္ စမတ္ဖုန္းအသစ္ေတြထုတ္လုပ္မွာမဟုတ္ေတာ့ဘူးလုိ႔ ယူဆရျပီးေတာ့ Cho Seong-Jin ကေတာ့ သံုးစြဲသူေတြကို စမတ္ဖုန္းအသစ္ေတြဆက္တုိက္ထုတ္ေနတာထက္ ရွိေနျပီးသား G Series နဲ႔ V Series စမတ္ဖုန္းေတြကိုပဲ ေနာက္ထပ္ Edition ေတြပဲ ထပ္ျပီးထုတ္လုပ္သြားမယ္လုိ႔ ေျပာၾကားခဲ့ပါေသးတယ္။


LG ကေန အခုလုိမ်ိဳးေျပာၾကားခဲ့သလုိပဲ တေလာကလည္း LG V30 စမတ္ဖုန္းကို Raspberry Rose Color နဲ႔ ထပ္မံထုတ္လုပ္ခဲ့ပါေသးတယ္။ ေနာက္ထပ္ LG ရဲ႕ G Series စမတ္ဖုန္းထုတ္လုပ္မယ့္အခ်ိန္ကိုလည္း ေျပာၾကားထားျခင္းမရွိေသးတာေၾကာင့္ အခ်ိန္တစ္ခုထပ္ေစာင့္ရဖို႔မ်ားေနပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

လက်ရှိအချိန်မှာ စမတ်ဖုန်းတွေက တစ်နှစ်ကို တစ်ကြိမ် CPU Processor အသစ်တွေထွက်ရှိနေတာဖြစ်သလို စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း တနှစ်ကို Flagship စမတ်ဖုန်းတစ်ခုထုတ်လုပ်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် LG ကတော့ အခုလိုမျိုး စမတ်ဖုန်းတွေ တနှစ်တခါထုတ်လုပ်နေတဲ့ပုံစံတွေကို ကြိုက်တဲ့ပုံမပေါ်ပါဘူး။

LG ရဲ့ Vice Chairman နဲ့ CEO အဖြစ်တာဝန်ယူထားတဲ့ Cho Seong-Jin က အခုလက်ရှိကျင်းပနေတဲ့ CES 2018 ပွဲမှာ LG Mobile အနေနဲ့ နောက်ပိုင်းမှာ ပြုလုပ်သွားမယ့်အရာအချို့ကို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ LG Mobile အနေနဲ့ လာမယ့်နှစ်တွေမှာ စမတ်ဖုန်းတွေထုတ်လုပ်သွားမှာဖြစ်ပေမယ့် အခြားသော ပြိုင်ဘက်တွေက စမတ်ဖုန်းအသစ်တွေထုတ်လို့ လိုက်ထုတ်တာမျိုးတော့ ပြုလုပ်မှာမလုပ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလိုပြောကြားခဲ့တဲ့အတွက် LG အနေနဲ့ လက်ရှိစမတ်ဖုန်းထုတ်လုပ်သူတွေလိုမျိုး တနှစ်ကိုတခါလောက် စမတ်ဖုန်းအသစ်တွေထုတ်လုပ်မှာမဟုတ်တော့ဘူးလို့ ယူဆရပြီးတော့ Cho Seong-Jin ကတော့ သုံးစွဲသူတွေကို စမတ်ဖုန်းအသစ်တွေဆက်တိုက်ထုတ်နေတာထက် ရှိနေပြီးသား G Series နဲ့ V Series စမတ်ဖုန်းတွေကိုပဲ နောက်ထပ် Edition တွေပဲ ထပ်ပြီးထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။


LG ကနေ အခုလိုမျိုးပြောကြားခဲ့သလိုပဲ တလောကလည်း LG V30 စမတ်ဖုန်းကို Raspberry Rose Color နဲ့ ထပ်မံထုတ်လုပ်ခဲ့ပါသေးတယ်။ နောက်ထပ် LG ရဲ့ G Series စမတ်ဖုန်းထုတ်လုပ်မယ့်အချိန်ကိုလည်း ပြောကြားထားခြင်းမရှိသေးတာကြောင့် အချိန်တစ်ခုထပ်စောင့်ရဖို့များနေပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com