အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂတ်စ်မြို့မှာ ကျင်းပပြုလုပ်တော့မယ့် CES 2017 ပွဲမှာ LG ဟာ TV, စက်ရုပ်စတာတွေနဲ့ ပါတ်သက်တဲ့ နည်းပညာအသစ်တွေကို ထုတ်ဖော်သွားဖွယ်ရှိနေပါတယ်။ LG ကတော့ မျက်နှာပြင်ပိုင်း၊ Resolution ပိုင်းမှာဆိုရင် ဆရာတစ်ပါးပါဆိုတဲ့အတိုင်း ယခုထုတ်လုပ်လိုတဲ့ TV အသစ်တစ်မျိုးနဲ့ ထပ်မံသက်သေပြလိုက်ပါတယ်။ အဆိုပါ TV ကို LG က “ကမ္ဘာပေါ်မှာ အပါးလွှာ၊ အပေါ့ပါးဆုံးနဲ့ အလှပဆုံး TV” လို့ ဆိုပါတယ်။  ဒါဟာ LG အတွက်တော့ ကြီးမားတဲ့ ကတိပြုမှုတစ်ရပ်ဖြစ်ပေမယ့် ကျွန်တော်တို့ သိထားတဲ့ အတိုင်း LG ဟာ တောင့်တင်းခိုင်မာတဲ့ TV နည်းပညာအသစ်တွေကို ယူဆောင်လာတတ်တာလည်း ဖြစ်ပါတယ်။

CES ပွဲအတွင်းမှာ LG မိတ်ဆက်မယ့် OLED အမျိုးအစား TV ၁၀မျိုးထဲမှာ LG Signature W7 လည်း ပါဝင်လာခဲ့တာပါ။ အထူအနေနဲ့ 2.57 mm သာရှိပါတယ်။ ဒါဟာဆိုရင် TV တွေထဲမှာ ပြိုင်ဘက်ကင်းလောက်အောင် ပါးလွှာတဲ့ အရာတစ်ခုလည်း ဖြစ်တယ်လို့ LG က ဆိုပါတယ်။ TV ဟာ LG ရဲ့ webOS အသစ် 3.5 software ဗားရှင်းနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် HDR နည်းပညာ ၄မျိုးကို အသုံးပြုထားပြီး HDR 10၊ Dolby Vision၊ Hybrid Log Gamma (HLG) နဲ့ Technicolor ရဲ့ Advanced HDR ဆိုပြီး စနစ်လေးမျိုးကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ကာလာ panel တွေဟာ Super UHD Resolution နဲ့ အတိုင်းအတာ ၇၇လက်မရှိကြောင်း သိရပါတယ်။ LG ဟာ Dolby နဲ့ ပူးပေါင်းထားတာကြောင့် အသံထွက်စနစ်ကို Dolby Atmos အသံထွက်စနစ်ကို ထည့်သွင်းထားပြီး Dolby Audio ကို Box ထဲ ထည့်သွင်းထားတဲ့ ပထမဆုံး TV ဖြစ်ပါတယ်။

‘W’ လိုင်းဟာ “Wallpaper, Window နဲ့… Wow” ဆိုသလို အံ့အားသင့်ဖွယ်ပါပဲ။ ဒါဟာဆိုရင် အခုမှာ သတင်းစာရှင်းလင်းပွဲအနေမှာ ထုတ်ဖော်ခဲ့တာဖြစ်ပြီး တကယ်ချပြတဲ့အခါ ဒီထက်ပိုမိုက်လာမလား စောင့်ကြည့်ရမှာပါ။

Ref: TechnoBuffalo